ပြီးခဲ့တဲ့ရက်က Realme ကနေ မကြာခင်မှာ မိတ်ဆက်သွားတော့မယ် Realme 14xရဲ့ ဘက်ထရီ ပမာဏနဲ့ အားသွင်းအမြန်နှုန်းကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ယနေ့မှာတော့ ကုမ္ပဏီဘက်ကနေ အဆိုပါ Realme 14x စမတ်ဖုန်း အသစ်မှာ Dimensity 6300 SoC မောင်းနှင်ထားမယ်လို့ ထပ်မံကြေညာ သွားခဲ့ပါတယ်။
Photo : GSMArena.com
Realme အနေနဲ့ 14xစမတ်ဖုန်း ရဲ့ Memory Options ကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့်လည်း ထွက်ပေါ်လာတဲ့ ကောလဟာလ သတင်းတွေအရ အဆိုပါ စမတ်ဖုန်းမှာ 6GB / 128GB ၊ 8GB / 128GB နဲ့ 8GB / 256GB ဆိုပြီး RAM / Storage အတွဲအစပ် ၃ မျိုး ပါဝင်လာမယ်လို့ သိရပါတယ်။ နောက်ပြီး ၆.၆၇ လက်မ HD+ LCD တပ်ဆင်ပေး ထားတယ်လို့လည်း သိရပါတယ်။
Photo : TechnoBugg
Realme 14xကို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ တရားဝင် မိတ်ဆက်သွားမှာဖြစ်ပြီး IP69 အဆင့်သတ်မှတ်ချက် ၊ 6,000 mAh ဘက်ထရီ ၊ 45W အားသွင်းစနစ်နဲ့ ရွေးချယ်စရာ အရောင်တွေအနေနဲ့တော့ Crystal Black ၊ Golden Glow နဲ့ Jewel Red တို့ ပါဝင်လာမယ်လို့ အတည်ပြုထားပါတယ်။ Realme 14xရဲ့ ဈေးနှုန်းကတော့ ခန့်မှန်းခြေ ရူပီး ၁၅,၀၀၀ ( ဒေါ်လာ ၁၇၅ / ယူရို ၁၇၀) ခန့်ကနေ စတင်မယ်လို့ သိရပါတယ်။
Source : GSMArena.com
Featured Photo : Gagadget.com