Lava Mobiles ကနေ Blaze Duo လို့ နာမည်ပေးထားတဲ့ မျက်နှာပြင် ၂ ခုပါတဲ့ ဒုတိယမြောက် စမတ်ဖုန်းအသစ်ကို ကြေညာသွားခဲ့ပါပြီ။ ဒီဖုန်း မတိုင်ခင်တုန်းက မျက်နှာပြင် ၂ ခုပါတဲ့ Lava Agni 3 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပြီး ၎င်းဖုန်းရဲ့ အနောက်ဘက် ကင်မရာ Island အတွင်းမှာ ၁.၇၄ လက်မ AMOLED Touchscreen ကို ထည့်သွင်းပေးထားပါတယ်။

Lava Blaze Duo

Photo : PhoneBunch

Blaze Duo မှာတော့ Instascreen လို့ ခေါ်တဲ့ အနည်းငယ် သေးငယ်တဲ့ ၁.၅၇ လက်မအနောက်ဘက် Touchscreen ကို ထည့်ပေးလာပါတယ်။ အဆိုပါ Secondary မျက်နှာပြင်ကို ဖုန်းခေါ်ဆိုမှုနဲ့ 64MP Main ကင်မရာကနေ တဆင့် ဆယ်လ်ဖီဓာတ်ပုံ ရိုက်ကူးဖို့ ကင်မရာ Viewfinder အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်သလို Watch Faces တွေနဲ့ ချိတ်ဆက်ပြီးလည်း အချိန်နဲ့ Notifications တွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Lava Blaze Duo
Photo : GSMArena.com

Blaze Duo မှာ ၆.၆၇ လက်မ ကွေးညွှတ် AMOLED Main Screen တပ်ဆင်ပေးထားပြီး FHD+ Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ပေးထားပါတယ်။ SOC ကတော့ MediaTek ရဲ့ Dimensity 7025 Chipset မောင်းနှင်ထားပြီး 6 / 8 GB RAM နဲ့ 128 GB Storage ပါရှိပါတယ်။ Software ပိုင်းမှာ Android 14 ကို အသုံးပြုထားပြီး မကြာခင်မှာ Android 15 ကို Update ပေးသွားမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 33W Charging စနစ်ပါတဲ့ 5,000 mAh ကို တပ်ဆင်ပေးထားပါတယ်။

Lava Blaze Duo

Photo : Smartprix

Lava Blaze Duo ဖုန်းကို Celestial Blue နဲ့ Arctic White ဆိုပြီး ရွေးချယ်စရာ အရောင် ၂ မျိုးနဲ့ ထုတ်ထားပြီး 6/128GB ဗားရှင်းအတွက် ရူပီး ၁၆,၉၉၉ (ဒေါ်လာ ၂၀၀) ဝန်းကျင်နဲ့ 8/128GB ဗားရှင်းကိုတော့ ရူပီး ၁၇,၉၉၉ (ဒေါ်လာ ၂၁၂) ဝန်းကျင်ခန့် သတ်မှတ်ထားပါတယ်။ ဒီဖုန်းကိုတော့ Amazon India ကနေ လာမယ့် ဒီဇင်ဘာလ ၂၀ ရက်နေ့ကနေ စတင်ပြီး ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Source : GSMArena.com

Featured Photo : Business Standard