လူတစ်ယောက်ဟာ အသက်အရွယ် ၊ အရပ် အနိမ့်အမြင့်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် ပမဏထက် ကျော်လွန်ပြီး အဝလွန်နေပြီ ဆိုရင်တော့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများစွာကို ကြုံတွေ့ခံစားရမှာ အသေအချာအပါပဲ။ အဝလွန်ခြင်း ဟာ ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေမယ့် နာတာရှည် ကျန်းမာရေး ပြဿနာများစွာဆီ ဦးတည်နေသလို လိင်မှုဘဝ ကျန်းမာရေးအပေါ်မှာလည်း ဆိုးကျိုးတွေ သက်ရောက်မှု ရှိပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်ခြင်းနဲ့ ဆက်စပ်ပြီး ကြုံတွေ့ရနိုင်တဲ့ ဖြစ်နိုင်ခြေအရှိဆုံး လိင်မှုဆိုင်ရာ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။

(၁) လိင်စိတ် နည်းပါးစေတယ်

Obesity

Photo : Dr Ben Medical

အဝလွန်ခြင်း ဟာ လိင်စိတ်ဆန္ဒ ကျဆင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်အလေးချိန် အဆမတန် များနေခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်း မညီမျှမှုကို ဖြစ်ပေါ်စေပြီး Libido ကို လျော့ကျစေတာကြောင့် လိင်ဆက်ဆံလိုစိတ်နည်းပါးတာ ၊ လိင်မှုရေးရာကိစ္စအပေါ် စိတ်အားထက်သန်မှု ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

(၂) အော်ဂဇင် ရဖို့ ခက်ခဲတယ်

Obesity

Photo : Nidal Hasan, MD

အဝလွန်ခြင်း က ခန္ဓာကိုယ်တွင်း သွေးစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပါတယ်။ ခန္ဓာကိုယ်မှာ အဆီရာခိုင်းနှုန်း ပိုများလာတာနဲ့အမျှ သွေးကြောတွေ ကျဉ်းမြောင်းလာစေပြီး လိင်အင်္ဂါဆီသို့ သွေးကောင်းမွန်စွာ စီးဆင်းမှု မရှိတော့တဲ့အတွက် ဆက်ဆံနေစဉ်အတွင်းမှာ လိင်တံထောင်မတ်မှု လျော့ကျသွားတာ ၊ အထွတ်အထိပ် ခံစားမှု မရတာတွေ ဖြစ်နိုင်ပါတယ်။

(၃) သက်လုံကျစေတယ်

Obesity

Photo : New York Post

လိင်မှုကိစ္စမှာ သက်လုံဟာလည်း အရေးပါတဲ့ လိုအပ်ချက် တစ်ခုပါပဲ။ ကိုယ်အလေးချိန် များနေသူတွေ သို့မဟုတ် အဝလွန်သူ အများစုဟာ ပုံမှန် ကျန်းမာကြံ့ခိုင် သူတွေထက်စာရင် အမောမခံနိုင်တာ ၊ သက်လုံကျတဲ့ ပြဿနာ ရှိပါတယ်။ အဝလွန်တဲ့အခါ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ဟာ လျော့နည်းပြီး အလွယ်တကူ မောပန်းနွမ်းနယ် စေတဲ့အတွက် ချစ်တင်းနှောချိန်မှာ လိင်မှုစွမ်းဆောင်ရည် ကောင်းကောင်း ပြနိုင်ဖို့ ခက်ခဲပြီး ကျေနပ်ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝနဲ့ ဝေးကွာစေမှာပဲ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျဆင်းစေတယ်

Obesity
Photo : Alabama Bariatrics

မိမိ ကိုယ်ကိုယ် ယုံကြည်မှု မရှိရင် လိင်မှုဘဝဟာလည်း ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ အဝလွန်တဲ့အခါမှာ ကိုယ့်ခန္ဓာကိုယ်အပေါ် ချစ်မြတ်နိုးမှု ၊ ယုံကြည်မှုတွေ ကျဆင်းပြီး လိင်မှုကိစ္စအပေါ်မှာပါ စိတ်ဝင်စားမှု နည်းသွားစေ တက်ပါတယ်။ ဒါက ရှေရည်မှာ ကွီးတို့ရဲ့ လိင်မှုဘဝအပေါ် ကြီးမားတဲ့ အနှောက်အယှက် အဟန့်အတားတစ်ခု ဖြစ်လာနိုင်တာကြောင့် ဒီနေ့ကစပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အကြံပြုချင်ပါတယ်။

Source : Healthshots

Featured Photo : Woodstock Family Practice & Urgent Care