အမျိုးသားတွေ အများဆုံး ရင်ဆိုင်နေရတဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေကတော့ တစ်ခုကတော့ အချိန်မတိုင်မီ သုတ်လွှတ်မြန် တာပါပဲ။ သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ လိင်မှုကိစ္စမှာ ကြီးမားတဲ့ အနှောင့်အယှက် အတားအဆီးတစ်ခု ဖြစ်ပြီး သင်နဲ့ သင့်ပါတနာကြားက ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝကို ပျက်စီးစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ သုတ်လွှတ်မြန်တဲ့ ပြဿနာ ရင်ဆိုင်နေရတဲ့ ကွီးတို့အနေနဲ့ ချစ်တင်းနှော ချိန်မှာ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားတဲ့ အခြေအနေတစ်ခုကို အကောင်းဆုံး ထိန်းချုပ်ကိုင်တွယ် ချင်တယ်ဆိုတော့ အခုပြောပြမယ့် နည်းလမ်းတွေကို လိုက်နာနိုင်ပါတယ်။
(၁) တစ်ကိုယ်ရည် အာသာဖြေပါ
Photo : News.com.au
ချစ်တင်းမနှောခင် နာရီဝက် ၄၅ မိနစ်လောက် ကြိုပြီး တစ်ကိုယ်ရည် အာသာဖြေ ထားဖို့ အကြံပြုချင်ပါတယ်။ ဒီနည်းလမ်းက အမှန်တကယ် ချစ်တင်းနှော ချိန်မှာ အချိန်တိုအတွင်း ပြီးမြောက်သွားတာ ၊ သုတ်လွှတ်မြန် တဲ့ ပြဿနာ စတဲ့ အခြေအနေတွေ မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။
(၂) ကွန်ဒုံး အသုံးပြုပါ
Photo : Rescripted
ဆက်ဆံချိန်မှာ မြန်မြန်ပြီးမြောက်လေ့ ရှိတယ်ဆိုရင်တော့ ကွန်ဒုံးသုံးဖို့ တိုက်တွန်းချင်ပါတယ်။ ကွန်ဒုံး အသုံးပြုတာဟာ လိင်အင်္ဂါချင်း တိုက်ရိုက်ထိတွေ့မှု မရှိစေပဲ ကြားထဲမှာ အလွှာပါးတစ်ခု ခြားသွားစေတဲ့အတွက် အထိအတွေ့ ခံစားမှုအာရုံ လျော့ကျသွားစေပြီး သုတ်လွှတ်ချိန်ကို ဆွဲဆန့်ပေးနိုင်မှာ ဖြစ်ပါတယ်။
(၃) ဖြည်းဖြည်းပဲ သွားပါ
Photo : Better Humans
ချစ်တင်းနှောချိန်မှာ လောလောလောလော မလုပ်တာ အကောင်းဆုံးပါပဲ။ ထိုးသွင်းဆက်ဆံမှု မပြုမီ သေချာအချိန်ယူပြီး နှိုးဆွမှုအတွက် အချိန်ပေးပါ။ လက် ၊ ပါးစပ်နဲ့ လူကြီးကစားစရာ စတာတွေကို အသုံးပြုပြီး နှိုးဆွပေးနိုင်ပါတယ်။ ဆက်ဆံချိန်မှာ တဆင့်ချင်း ဖြည်းဖြည်းနဲ့နှေးနှေး လှုပ်ရှားတာက မြန်မြန်ဆန်ဆန် ပြီးမြောက်တဲ့ ပြဿနာကို လျော့ကျသက်သာစေနိုင်သလို လိင်စိတ်ခံစားမှု အထွတ်အထိပ်ကို ပြည့်ပြည့်ဝဝ ရောက်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။
(၄) သိုင်းကွက် အနေအထား ပြောင်းပါ
Photo : Is This Normal – Little Spoon
ချစ်တင်းနှောတဲ့အခါ ဆက်ဆံတဲ့ Position အနေအထားကို အနည်းဆုံး ၃ ခုလောက် ပြောင်းသင့်ပါတယ်။ သင် အနှစ်သက်ဆုံး သို့မဟုတ် ခံစားမှု အကောင်းဆုံးလို့ ယူဆရတဲ့ သိုင်းကွက် တစ်ခုတည်းပဲ ဆက်တိုက်သုံးနေမယ်ဆိုရင် ပြီးမြောက်ဖို့ ပိုမြန်နိုင်ပါတယ်။ သုတ်လွှတ်မြန် တဲ့ ပြဿနာကို လျော့ချရာလည်း ရောက်စေသလို ရင်ခုန်စရာ ခံစားမှု အသစ်အဆန်းတွေကိုလည်း ရှာဖွေချင်တယ် ဆိုရင်တော့ မတူညီတဲ့ သိုင်းကွက် အနေအထားတွေ ပြောင်းလဲ ချစ်တင်းနှောကြည့်ဖို့ အကြံပေးချင်ပါတယ်။
Source : WebMD
Featured Photo : Sydney Pelvic Clinic