စာရေးသူတို့ အမျိုးသား အများစုဟာ ပုံမှန်အားဖြင့်တော့ အိပ်ရာပေါ်မှာ တက်ကြွတဲ့ ကြက်ဖကြီးတွေပါ။ ကျန်းမာတဲ့ အမျိုးသား တစ်ယောက်အနေနဲ့ လိင်စိတ်ဆန္ဒ မြင့်မားတာဟာ ပုံမှန်ဖြစ်ပါတယ်။ သို့သော် ရုတ်တရက် လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု လျော့ကျသွားတယ် ၊ အရင်လို အိပ်ရာပေါ်မှာ တက်ကြွတဲ့ ကြက်ဖကြီး မဟုတ်တော့ဘူး ဆိုရင်တော့ အခုပြောပြတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) စိတ်ဖိစီးမှု များနေလို့
Photo : The Portland Clinic
နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုတွေဟာ လိင်မှုဘဝအပေါ်မှာလည်း ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ စိတ်ဖိစီးမှု များနေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်နေတက်ပြီး လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု လျော့ကျနေတာ ၊ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ မလုပ်ဆောင်ချင်တာမျိုး ဖြစ်တက်ပါတယ်။
(၂) အိပ်စက်ချိန်နည်းနေလို့
Photo : Sleepopolis
အိပ်စက်မှုဟာ စိတ်ရောကိုယ်အတွက်ပါ လိုအပ်တဲ့ စွမ်းအင်အာဟာရကို ဖြည့်တင်းပေးပါတယ်။ ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်တာ သို့မဟုတ် အိပ်ချိန်နည်းပါးနေတာမျိုး ဖြစ်နေရင် လန်းဆန်းတက်ကြွမှုတွေ ပျောက်ဆုံးနေမှာဖြစ်သလို စွမ်းအင်လည်း လျော့ကျနေမှာဖြစ်ပြီး လိင်ဆက်ဆံလိုစိတ်လည်း မရှိသလောက် နည်းနေပါလိမ့်မယ်။ အိပ်ချိန်နည်းတာက နေ့စဉ်ဘဝမှာရော အိပ်ရာပေါ်မှာ တက်ကြွမှု လျော့နည်းစေနိုင်ပါတယ်။
(၃) ဆေးဝါးတွေ မှီဝဲနေရလို့
Photo : Prescription Hope
အချို့ ဆေးဝါးတွေဟာ လိင်စိတ်လျော့နည်းမှုကို အများကြီး ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ စိတ်ကျရောဂါအတွက် မှီဝဲရတဲ့ ဆေးဝါးတွေ ၊ သွေးကျဆေးနဲ့ ကင်ဆာရောဂါအတွက် ကုထုံးဆေးဝါးတွေဟာ အိပ်ရာပေါ်မှာ လိင်စိတ်နည်းပါးမှုကို ဖြစ်စေနိုင်တဲ့ သက်ရောက်မှု ရှိတက်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါ။
(၄) ဆက်ဆံရေး အဆင်မပြေလို့
Photo : Two Drifters
သင်နဲ့ သင့်ပါတနာကြားက ဆက်ဆံရေး အခြေအနေဟာလည်း အိပ်ရာပေါ်က လိင်မှုကိစ္စအပေါ် သက်ရောက်မှု ရှိစေပါတယ်။ ပဋိပက္ခတွေ အဖြစ်များတာ ၊ ယုံကြည်မှု ပျက်စီးစေတာ ၊ ရင်းနှီးမှုမရှိတဲ့ ဆက်ဆံရေး အခြေအနေတွေဟာ အချိန်ကြာလာတာနဲ့အမျှ သင်တို့နှစ်ဦးကြားက နွေးထွေးမှုတွေ ၊ စိတ်ချင်းနီးကပ်မှုတွေကို လျော့ကျလာစေမှာဖြစ်ပြီး လိင်ကိစ္စ လုပ်ဆောင်ဖို့အထိပါ စိတ်မပါ ဖြစ်သွားနိုင်ပါတယ်။
Source : WebMD
Featured Photo : The Sun