ငြိမ်းအေးချမ်းသာတဲ့ မိသားစုဘဝဆိုတာ ရခဲလှပါတယ်။ ချစ်တဲ့သူနဲ့ လက်ထပ်အိမ်ထောင်ပြုတယ် ဆိုရင်တောင် မင်္ဂလာဆောင်တာဟာ လက်စွပ်ချင်းတင် လဲလိုက်တာ မဟုတ်ပါဘူး။ ဘဝနှစ်ခု အပြန်အလှန်ထောက်ကူ ဖေးမပြီး ရှေ့ခရီးဆက်ကြတာ ဖြစ်ပါတယ်။ စုံတွဲတိုင်းဟာ သာယာတဲ့ အိမ်ထောင်ရေးကို မျှော်မှန်းကြပေမယ့် တကယ်တမ်း အိမ်ထောင်ရေး သာယာဖို့ လိုအပ်တဲ့အရာတွေကို အပြည့်အဝ နားမလည်ကြတာ များပါတယ်။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာရဖို့  လိုက်နာရမယ့် အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

(၁) ယုံကြည်မှုကို မြှင့်ထားပါ

couple

Photo : Lavilab

သူ့အပေါ်မှာ သမီးရည်းစားဘဝက ယုံကြည်ခဲ့တာထက် ပိုပြီး ယုံကြည်ပေးဖို့ လိုပါတယ်။ တစ်ဘက်သားပေါ် သစ္စာထားချိန်မှာ သူလည်း ကိုယ့်အပေါ် သစ္စာရှိပြီး ယုံကြည်နေမယ်ဆိုတဲ့ အချက်ကို လက်ခံထားဖို့လိုပါတယ်။ သံသယဟာ အိမ်ထောင်ရေး တစ်ခု တရိရိ ပြိုလဲ လှိုက်စားစေတဲ့ ပိုးကောင်တစ်မျိုး ဖြစ်လို့ သူ့ကို ဘယ်တော့မှ အဝင်မခံသင့်ပါဘူး။

(၂) ညှိနှိုင်းဖို့ မကြောက်နဲ့

Couple

Photo : Loelia

ဘယ်လောက်ချစ်ချစ် လူတွေဟာ ဘယ်တော့မှ တစ်ယောက်နဲ့ တစ်ယောက် ထပ်တူမကျပါဘူး။ အိမ်ထောင်ရေး မသာယာတဲ့ အချက်တွေထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ပုံစံခွက်ထဲပဲ ကိုယ့်အိမ်ထောင်ဘက်ကို ပုံသွင်းချင်တာက အဆိုးဆုံး အပြစ် ဖြစ်ပါတယ်။ညှိတဲ့ သဘောဟာ အနိမ့်အမြင့်မတူတဲ့ မြေပြင်ကို တညီတည်း ဖြစ်အောင် ပြုပြင်တဲ့ သဘောပါ။ သဘောတူညီချက်တစ်ခုအတွက် ညှိရာမှာလည်း နှစ်ယောက်စလုံး လက်ခံတဲ့ မျှတတဲ့ ညှိနှိုင်းချက် ဖြစ်သင့်ပါတယ်။

(၃) ရည်မှန်းချက်နဲ့ ကြိုးစားနေပါ

Couple

Photo : The People’s Federal Credit Union

ချစ်ရုံနဲ့ မပြီးဘူးဆိုတာ အိမ်ထောင်ကျလာတဲ့အချိန်မှာ အမှန်ဆုံးနဲ့ ခံရအခက်ဆုံး စကားဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်ဘက်ကို ကြင်နာတာဟာ အကောင်းဆုံးအရာပါ။ ဒါပေမယ့် သူ့ဘဝ ၊ ကိုယ့်ဘဝနဲ့ လာမယ့် မျိုးဆက်သစ်ကလေးတွေအတွက် ကြိုးစားနေတဲ့ ယောကျာၤးကောင်းတစ်ယောက်အဖြစ် ရှိနေတာဟာ ပိုပြီး ကောင်းပါတယ်။ ရည်မှန်းချက်နဲ့ ကြိုးစားနေချိန်မှာလည်း အလုပ်နဲ့ ဘဝ ဟန်ချက်မျှတနေဖို့ လိုပါတယ်။

(၄) အမြဲဆက်သွယ်မှု ရှိပါ

Couple

Photo : Positive You

အိမ်ထောင်သည်တွေ တစ်ယောက်ကို တစ်ယောက် သိပ်စကားမပြောဖြစ်တာဟာ ထူးခြားတဲ့ အခြေအနေပါ။ တကယ်က တစ်နေ့တာ အတွေ့အကြုံတွေ ပြန်မျှဝေတာ ၊ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး တစ်ယောက်စကား တစ်ယောက်နားထောင်ပေးတာ ၊ ပြဿနာကို အတူရင်ဆိုင်တာနဲ့ အတူ ရယ်မောတာဟာ အိမ်ထောင်ရေးကို ကျန်းမာသန်စွမ်းစေတဲ့ ဗိုက်တာမင်ပါပဲ။

(၅) ဆွဲဆောင်မှု ရှိနေပါစေ

Couple
Photo : Passeport Santé

အိမ်ထောင်ကျပြီပဲ ဆိုပြီး မပြင်မဆင် နေမယ်ဆိုရင် အမှားတစ်ခုကို ကျူးလွန်လိုက်သလိုပါပဲ။ ချစ်သူရည်းစားဘဝတုန်းကလို ကောင်မလေးကို သွားတွေ့ခါနီး သပ်သပ်ရပ်ရပ် နေသလို နေပါ။ Gym ပုံမှန်သွားပြီး ဗိုက်ထွက်မလာအောင် ထိန်းထားပါ။ ကိုယ့်အမျိုးသမီးကို အတွေ့အကြုံသစ်တွေ တွေ့ကြုံစေဖို့ အချိန်ပေးပါ။ နှစ်ယောက်သား ခရီးအတူ သွားပြီး Refresh လုပ်နေပါ။

ချစ်သူဘဝက စိတ်ဆိုးစိတ်ကောက်တာ ရန်ဖြစ်တာတွေဟာ အိမ်ထောင်သည်ဆိုတဲ့ အခန်းထဲ မဝင်ခင် ဖိနပ်ချွတ်မှာ ချန်ခဲ့သင့်ပါတယ်။ ဒီအစား ရိုးသားတည်ကြည်တဲ့ ယောကျာ်းကောင်းတစ်ယောက် မိသားစုပေါ် တာဝန်ယူစိတ်အပြည့်ရှိတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ၊ မိန်းမနဲ့ ကလေးတွေပေါ် ဂရုစိုက် ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ဆိုတဲ့ ဝတ်စုံကို ဝတ်ထားသင့်ပါတယ်။ ဒီဝတ်စုံတွေဟာ သေတဲ့တိုင်အောင် သံချပ်ကာလို ဝတ်သွားရမယ့် အိမ်ထောင်သည်ဝတ်စုံလည်း ဖြစ်ပါတယ်။

Source : SingaporeBrides

Featured Photo : SingaporeBrides