လက်ရှိဘဝကို အားမလို အားမရ ဖြစ်လို့ဖြစ်စေ ၊ စိတ်ဓာတ်ကျစရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရလို့ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေက ကွီးတို့အတွက် စိတ်ခွန်အားပြန် ပြည့်လာစေမယ့် အားဆေးတစ်ခွက် ဖြစ်စေမှာပါ။ ဒီဆောင်းပါးမှာ ရုပ်ရှင်ချစ် ကွီးပရိသတ်တွေအတွက် အချိန်ကုန်ရကျိုးနပ်စေမယ့် စိတ်ခွန်အားဖြစ်စရာ ရုပ်ရှင်ကား ကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) Ali

Source : Sony Pictures Entertainment

Ali ဟာ တစ်ချိန်က နာမည်ကျော် ဘောက်စင် ဖိုက်တာကြီး Muhammad Ali အကြောင်း ရိုက်ကူးထားတာပါ။ အောင်မြင်မှုမရခင်မှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရလဲ၊ ဘယ်လိုတွေ ကျော်ဖြတ်ရမလဲဆိုတာ ဒီဇာတ်ကားထဲမှာ မြင်ရမှာပါ။ သမိုင်းကြောင်းတွေ၊ ဘောက်စင်နဲ့ Will Smith ကို ကြိုက်တယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ဖို့ တိုက်တွန်းပါရစေ။

(၂) The Secret Life of Walter Mitty

Source : Walter Mitty

ဒီဇာတ်ကားလေးကတော့ လူတော်တော်များများနဲ့ သက်ဆိုင်တဲ့ ရုပ်ရှင်ကား လေးပါ။ ဒီကားလေးထဲမှာ သူနေရမယ့်နေရာမှာ မရောက်သေးတဲ့ လူတစ်ယောက်၊ သူရောက်သင့်တဲ့ နေရာရောက်ဖို့ စွန့်စားခန်း ခရီးတွေထွက်ရင်း ဘဝအတွက် အရေးကြီးတဲ့ သင်ခန်းစာတွေ ရသွားတဲ့ လူတစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ် တွေ့ရမှာပါ။ လမ်းပျောက်သလို ခံစားနေရပြီလား။ အလုပ်မှာ အဆင်မပြေ ဖြစ်နေပြီလား။ ဒါဆိုရင်တော့ The Secret Life of Walter Mitty ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖို့ အကြံပေးပါရစေ။

(၃) Remember The Titans

Source : Classic Movie Trailers

ဒီဇာတ်ကားက ဘယ်လိုဇာတ်ကားမျိုးလဲဆိုတော့ အနိုင်ရခြင်း ၊ ဇွဲ၊ လူမျိုးရေးခွဲခြားမှုနဲ့ စည်းလုံးမှု စတာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားပါ။ လူတစ်ယောက်ရဲ့ အသားအရောင် ကိုကြည့်ပြီး ခွဲခြားမှုမလုပ်ဖို့ နှလုံးသားထဲထိ မြင်အောင် ကြည့်တတ်ဖို့ ဒီကားလေးက သင်ပေးသွားပါတယ်။အားကစား ရုပ်ရှင်တွေ၊ သမိုင်းနဲ့ ပက်သတ်တဲ့ ရုပ်ရှင်တွေ ကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်သင့်ပါဘူး။

(၄) Forrest Gump

Source : Paramount Movies

ဉာဏ်ရည်မမှီတဲ့ ကောင်းလေးတစ်ယောက် အကြောင်း၊ သူရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကား ပါ။ Forrest Gump ကိုတော်တော်များများ ကြည့်ဖူးကြမယ်ထင်ပါတယ်။ တကယ်လို့ မကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ကားလုံး ကြည့်ပြီးသွားရင် နောက်တစ်ခါ ပြန်ကြည့်ချင်စိတ် ပေါ်လာမှာကို အာမခံပါတယ်။

Featured Photo : justalrightreviews.com Review