Xiaomi 15 စမတ်ဖုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး Black ၊ White ၊ Silver ၊ Green နဲ့ Lilac ဆိုပြီး အရောင် ၅ ရောင်နဲ့ ထုတ်ခဲ့ပါတယ်။ ယခုအခါမှာတော့ လာမယ့် ဇန်န၀ါရီလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အနေနဲ့ လှပကြော့ရှင်းတဲ့ အနီရောင် တောက်တောက် Red ဗားရှင်းကို ထုတ်မံ ထုတ်လိုက်ပါတယ်။
Photo : GSMArena.com
Xiaomi 15 အနီရောင် မော်ဒယ်မှာဆိုရင် ဘေးဘောင်နဲ့ Camera Island ကို အနက်ရောင် သုံးပေးထားပြီး ကိုယ်ထည်ကိုတော့ ရဲနီနီ ကာလာ အသုံးပြုထားပါတယ်။ Specs တွေကတော့ ယခင် Xiaomi 15အတိုင်း အားလုံးအတူတူပဲ ဖြစ်ပြီး အရောင်အနေနဲ့သာ အနီရောင် မော်ဒယ်အဖြစ် အသစ်ထပ်မံ ထွက်ရှိလာတာ ဖြစ်ပါတယ်။
အနီရောင် ဗားရှင်းဟာဆိုရင် ယခင် မော်ဒယ်တွေနည်းတူ ၆.၃၆ လက်မ 1200×2670 LTPO OLED မျက်နှာပြင် တပ်ဆင်ပေးထားပြီး 120 Hz Refresh Rate နဲ့ 3,200 Nit Peak Brightness ထောက်ပံ့ပေးထားပါတယ်။ Snapdragon 8 Elite Chipset မောင်းနှင်ထားပြီး 12/16GB RAM နဲ့ 256GB/512GB/1TB Storage ဆိုပြီး ၃ မျိုး ရွေးချယ်စရာ ပေးထားပါတယ်။
ကင်မရာပိုင်းမှာတော့ ကျော်ဘက်မှာ OIS ပါတဲ့ 50 MP Main ကင်မရာနဲ့အတူ 50 MP Ultrawide နဲ့ 3x Optical Zoom ရတဲ့ 50 MP Telephoto ကင်မရာ ၃ လုံး တွဲဖက်တပ်ဆင်ပေးထားပြီး 32 MP ဆယ်ဖီကင်မရာနဲ့ 90W Wired / 50W Wireless Charging စနစ် ပံ့ပိုးပေးထားတဲ့ 5,400 mAh ဘက်ထရီ ပါပါတယ်။
Photo : 91Mobiles
လက်ရှိမှာတော့ Xiaomi 15ကို တရုတ်နိုင်ငံအတွင်းမှာသာ ဝယ်ယူလို့ ရနိုင်သေးတာဖြစ်ပြီး လာမယ့်ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ကြေညာတော့မယ့် Xiaomi 15 Ultra နဲ့အတူ Global Markets မှာ ရောင်းချသွားမလားဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
Source : GSMArena.com
Featured Photo : PhoneArena