ချစ်တင်းနှောခြင်းဟာ သင်နဲ့ သင့်ပါတနာကြား ပျော်ရွှင်ရင်းနှီးမှု ၊ ချစ်ခင်ကြင်နာမှုတွေကို တိုးပွားစေနိုင်ပေမယ့် တစ်ခါတစ်ရံမှာတော့ အမျိုးသမီး တွေဟာ ချစ်တင်းနှော ပြီးနောက်မှာ စိတ်ပိုင်းဆိုင်ရာ မသက်မသာ ခံစားချက်တွေကို ခံစားရတတ်ကြပါတယ်။ အချို့ဆိုရင် ခံစားချက်တွေ အရမ်းပြင်းထန်လွန်းလို့ ငိုတောင်ငိုကြတာကို တွေ့ရပါတယ်။ ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲ ? အကြောင်းအရင်းတွေကို လေ့လာကြည့်ရအောင်ပါ။

(၁) ရုပ်ပိုင်ဆိုင်ရာ ထိတွေ့မှုကို လျစ်လျူရှုထားလို့

Young Couple In Bed

Photo : MedicalNewsToday

ချစ်တင်းနှော ပြီးချိန်မှာ နှစ်ဦးကြားက ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ၊ ဂရုစိုက်မှုတွေက သိပ်ကိုအရေးကြီးပါတယ်။ ကိစ္စပြီးမြောက်တဲ့အခါ အနည်းဆုံး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်တာ ၊ နမ်းရှုံတာ ၊ စကားစမြည်ပြောတာတွေ လုပ်သင့်ပါတယ်။ ဒါက စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုကို ဖြစ်စေပြီး လုံခြုံနွေးထွေးမှု ၊ ချစ်ခြင်းမေတ္တာ တွေကို ခံစားရစေမှာပါ။ ဒီလိုမဟုတ်ပဲ ကိစ္စပြီးတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု တစ်စုံတစ်ရာမရှိ ၊ ဘာသိဘာသာပဲ နေလိုက်တယ်ဆိုရင် ဝမ်းနည်းမှု ၊ စိတ်မလုံခြုံမှု စတာတွေကို ခံစားရစေနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။

(၂) အတိတ်က စိတ်မလုံခြုံမှု ဖြစ်ရပ် တစ်ခုခုကို ပြန်ခံစားရလို့

Depressed Young Woman In Bed

Photo : HealthyWomen

လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး အရင်က ကြုံတွေ့ခဲ့ရဖူးတဲ့ အဖြစ်အပျက်ဆိုးတွေကနေ မလွှတ်မြောက်နိုင်သေးတဲ့ အခါမှာလည်း ဝမ်းနည်းခြင်း ၊ ရှက်ရွံခြင်းတွေကို ခံစားရတက်ကြပါတယ်။ ဥပမာအားဖြင့် ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်နဲ့ ပတ်သတ်ပြီး အရှက်ရစေခဲ့တာ သို့မဟုတ် အပြစ်တင်ဝေဖန်မှု တစ်စုံတစ်ရာ ကြုံခဲ့ရသူတွေအနေနဲ့ ဒီအဖြစ်အပျက်နဲ့ ပတ်သတ်ပြီး စိတ်ရဲ့အတွင်းပိုင်းမှာ ဒဏ်ရာတစ်ခုအဖြစ် စွဲထင်ကျန်နေတဲ့အခါ စိတ်မလုံခြုံမှု ၊ ရှက်ရွံ့မှုတွေကို ထပ်ဖန်တလဲလဲ ပြန်လည် ခံစားရစေနိုင်တာ ဖြစ်ပါတယ်။ ဒါကို ကုစားပေးနိုင်ဖို့ဆို ပါတနာနဲ့ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြောဆိုခြင်းက အကောင်းဆုံး အဖြေပါပဲ။

(၃) မီးဖွားပြီးနောက် စိတ်ကျရောဂါ ခံစားရလို့

Depressed Woman

Photo : Hackensack Meridian Health

အချို့ အမျိုးသမီး တွေဟာ မီးဖွားပြီးနောက်မှာ ဟော်မုန်း အတက်အကျကြောင့် စိတ်ကျရောဂါ ခံစားရတက်ပါတယ်။ ဒီလိုအချိန်မှာ ချစ်တင်းနှောတာဟာ မကောင်းတဲ့ စိတ်ခံစားချက်တွေကို သက်သာစေနိုင်သလို တဖက်မှာလည်း စိတ်ခံစားချက် အတက်အကျကြောင့် အတူနေပြီးနောက်မှာ ဝမ်းနည်းတာ ၊ ငိုတာတွေ ဖြစ်စေနိုင်ပါတယ်။

(၄) ပျော်ရွှင်မှု ခံစားရလို့

Happy Young Couple Smiling In Bed
Photo : New York Post

အမျိုးသမီး တွေရဲ့ စိတ်ခံစားမှုတွေဟာ ဆန်းကြယ်ပြီး နားလည်ရ ခက်ပါတယ်။ သုတေသီတွေရဲ့ လေ့လာတွေ့ရှိမှုအရ တစ်ခါတစ်ရံမှာ လိင်မှုကိစ္စ လုပ်ဆောင်မှုကနေ ရရှိခံစားလာတဲ့ ပျော်ရွှင်မှု ၊ စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုတွေကြောင့် အမျိုးသမီးတွေ မျက်ရည်ကျ စေနိုင်တယ်လို့ ဆိုထားပါတယ်။

Source : Healthshots

Featured Photo : Healthline