စိတ်ကျရောဂါဟာ ဒီဘက်ခေတ်မှာ အရွယ်သုံးပါး ကျားမ, မရွေးကို ခြိမ်းခြောက်နေတဲ့ ရောဂါဆိုးတစ်ခုလို့ ပြောရမှာပါပဲ။ စိတ်ကျရောဂါဒဏ်ဟာ ရေရှည်မှာ ရုပ်ပိုင်းစိတ်ပိုင်း ကျန်းမာရေးအပေါ် ဆိုးကျိုးများစွာ သက်ရောက်စေနိုင်ပြီး ရောဂါပြင်းထန်မှုအပေါ်မူတည်ကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်စေနိုင်တဲ့အထိ ဆိုးကျိုးများပါတယ်။ ဒါတင်မကသေးပါဘူး။ လိင်မှုဘဝ အပေါ်လည်း ဆိုးကျိုးတွေ အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ကျရောဂါ က ကွီးတို့ရဲ့ လိင်မှုဘဝကျန်းမာရေးကို ဘယ်လိုဘယ်ပုံ သက်ရောက်စေမှု ရှိလဲဆိုတာ ပြောပြပေးပါမယ်။

(၁) လိင်စိတ်တက်ကြွမှု ကျဆင်းနိုင်တယ်

Sex Life
Photo : Healthline

စိတ်ကျရောဂါ ခံစားနေရချိန်မှာ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု ၊ စိတ်အားတက်ကြွမှုတွေ ကျဆင်းနိုင်ပါတယ်။ ဟုတ်ပါတယ် စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုဟာ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို ပိတ်ဆို့တားဆီးနေပြီး ဦးနှောက်ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့ ခက်ခဲစေတဲ့အတွက် လိင်မှုဆိုင်ရာ နိုးကြားတက်ကြွမှု ရှိစေဖို့ ခဲယဉ်းသွားစေတာ ဖြစ်ပါတယ်။

(၂) လိင်မှု စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ ခက်ခဲနိုင်တယ်

Sex Life
Photo : 1mg

စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေ များနေချိန်မှာ လိင်ကိစ္စကို အာရုံထဲ ထည့်နိုင်မှာ မဟုတ်သလို အကယ်၍ ပါတနာနဲ့ အတူနေခဲ့ရင်တောင်မှ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် ကောင်းကောင်း ပြသနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ စိတ်ဓာတ်ကျခြင်းရဲ့ ဘေးထွက် ဆိုးကျိုးအနေနဲ့ စိုးရိမ်ပူပင် စိတ်များတာ ၊ အတွေးလွန်တာတွေ ခံစားရတဲ့အတွက် အကျိုးဆက်ကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ ချစ်ခင်လေးစားမှု ကျဆင်းပြီး လိင်မှုကိစ္စမှာ စွမ်းဆောင်ရည်ကောင်းကောင်း ပြနိုင်မှာ မဟုတ်ပါဘူး။

(၃) လိင်အင်္ဂါ ကမောက်ကမ ဖြစ်နိုင်တယ်

Sex Life

Photo : Lorijen Centar

သေချာပါတယ်။ စိတ်ဓာတ်ကျနေတယ် ၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ များနေတယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှု စည်းချက်တွေဟာ မမှန်နိုင်တော့ပဲ သွေးလည်ပတ်မှု ကျဆင်းနိုင်ပါတယ်။ ဒါရဲ့အဓိက အကျိုးဆက်ကတော့ လိင်တံကောင်းစွာ ထောင်မတ်နိုင်ခြင်း မရှိတော့တာ ၊ ယာယီ သို့မဟုတ် ရေရှည် လိင်အင်္ဂါ ကမောက်ကမ ဖြစ်မှု ပြဿနာ ၊ ပန်းသေပန်းညိုး ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

(၄) အထွတ်အထိပ် ခံစားမှုနဲ့ ဝေးသွားနိုင်တယ်

Sex Life
Photo : With Mona Reda

အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ ပြင်းထန်တဲ့ စိတ်ကျရောဂါ ဝေဒနာ ခံစားနေရသူတွေအနေနဲ့ အတူနေချိန်မှာ လိင်စိတ် နိုးကြားတက်ကြွမှု ကောင်းကောင်းရှိမှာ မဟုတ်သလို ပါတနာနဲ့ လိင်မှုဆိုင်ရာ ရင်းနှီးမှု ၊ ချစ်ခင်ကြင်နာမှု ၊ အပေးအယူမျှမှုတွေ လွှတ်ကင်းနေနိုင်တဲ့အတွက် ကြည်နူးပျော်ရွှင်ဖွယ် စိတ်ခံစားချက် ၊ ကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ အထွတ်အထိပ် ခံစားမှုတွေကို ရရှိဖို့ ခက်ခဲသွား စေနိုင်ပါတယ်။

Source : Healthshots

Featured Photo : Healthshots