စာရေးသူတို့ ဘဝ မှာ အသက်ရှင်နေထိုင်ရေးအတွက် အလုပ်လုပ်ကြရတယ် မဟုတ်လား ? အလုပ်က အခြေခံစားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပေမယ့် ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲက ပျော်ရွှင်မှုတွေကို ပျက်စီးနေစေတယ် ဆိုရင်တော့ ဒါဟာ Work-Life Balance မမျှဘူးဆိုတာကို ပြသနေတာပါပဲ။ အလုပ်မှာရော နေ့စဉ်ဘဝကိုပါ ဟန်ချက်ညီညီ ထိန်းသိမ်းထားနိုင်မှ အမှန်တကယ် အောင်မြင်ပျော်ရွှင်တဲ့ လူမှုဘဝတစ်ခုကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ Work-Life Balance ရဖို့ ကွီးတို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ ပြောပြပေးပါမယ်။

(၁) အစီအစဉ်တကျ လုပ်ဆောင်တက်ပါစေ

Work-Life Balance

Photo : Surgent

နေ့ရက်တွေကို ဖြတ်သန်းတဲ့နေရာမှာ အစီအစဉ်ချနိုင်မှုကတော့ အရေးပါဆုံးပါ။ တစ်နေ့တာအတွင်းမှာ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ ၊ ကိုယ်ရေးကိုယ် တာ ကိစ္စတွေ အားလုံးကို သေချာလေး အစီအစဉ်တကျ ဖြစ်အောင် စီမံခန့်ခွဲရပါမယ်။ တန်ဖိုးရှိတဲ့ အချိန်နဲ့ စွမ်းအင်ကို အလဟာသ မဖြစ်စေဖို့ တစ်ရက်ချင်းစီကို Plan နဲ့ သွားတဲ့ နည်းလမ်းက အကောင်းဆုံး ဖြစ်ပါတယ်။

(၂) သတ်မှတ်ထားတဲ့ အချိန်မှာ အလုပ်တွေ ပြီးအောင်လုပ်ပါ

Work-Life Balance

Photo : McCarthy Recruitment

အလုပ်နဲ့ နေ့စဉ် ဘဝ ကို သီးခြားကန့်သတ် နိုင်ဖို့ဆိုရင် အချိန်တွေကို တစ်ပိုင်းစီ အကန့်လိုက် ခွဲထုတ်သတ်မှတ်ဖို့ လိုပါမယ်။ သတ်မှတ်ထားတဲ့ အလုပ်ချိန် အပိုင်းအခြားတစ်ခု အတွင်းမှာ မိမိလုပ်ဆောင်ရမယ့် တာဝန်တွေ အားလုံးကို သေချာလေး အာရုံစိုက် လုပ်ဆောင်ပါ။ အလုပ်ကို အကြွေးမချန်ပါနဲ့။ အိမ်မသယ်ပါနဲ့။ ဒါဆို အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန် ရောထွေးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပြီး သင့်ရဲ့ ကိုယ်ပိုင် သီးသန့် ကိုယ်ရေးကိုယ်တာ အချိန်တစ်ခု ထွက်လာမှာ ဖြစ်ပါတယ်။

(၃) အနားယူချိန် ယူပါ

Work-Life Balance

Photo : Benify

စာရေးသူတို့ဟာ အင်ဂျင်တပ်ထားတဲ့ စက်ရုပ်တွေ မဟုတ်ပါဘူး။ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ ကောင်းမွန်လုံလောက်တဲ့ အနားယူချိန်ဆိုတာ လိုအပ်ပါတယ်။ အလုပ်စားပွဲမှာပဲ တချိန်လုံးထိုင်ပြီး အလုပ်မှအလုပ် ဖြစ်နေရင် သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေ ၊ အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းပြီး လက်ရှိ အလုပ်အပေါ် စိတ်ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်လျော်တဲ့ အနားယူမှု ယူတက်ဖို့ လိုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးဖို့လည်း မှာချင်ပါတယ်။

(၄) အလုပ်ခွင်ပြင်ပမှာ နှစ်သက်တဲ့ အရာတွေကို ရှာဖွေပါ

Work-Life Balance

Photo : CorpStrat Employee Benefits

သင့်ရဲ့ ဝါသနာတွေ ၊ နှစ်သက်မှုတွေ ၊ သင့်ကို ပျော်ရွှင်စေမယ့် အရာတွေ လုပ်ပေးဖို့လည်း မမေ့သင့်ပါဘူး။ လုပ်ငန်းခွင်တိုင်းဟာ အနည်းနဲ့အများ ဖိအားတွေ ၊ တာဝန်ဝတ္တရားတွေ ရှိကြတာပါပဲ။ ဖိအားတွေအောက်မှာ အမြဲတမ်း ရှင်သန်ရုန်းကန် နေရမယ်ဆိုရင် သင့်ရဲ့ ဘဝ ဟာ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ် ပျောက်ဆုံးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ် စိတ်ဝင်စားတဲ့ အရာတွေ ၊ နှစ်သက်တာတွေကို လုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်မှုနဲ့အတူ ကောင်းမွန်တဲ့ စွမ်းအင်တွေ ၊ ဖန်တီးနိုင်စွမ်းတွေ တိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။

Source : BetterUp

Featured Photo : Employee Benefit News