မတ်လဟာ ထိုင်းနိုင်ငံရဲ့ နွေဦးရာသီအစ ဖြစ်ပါတယ်။ အပူချိန်က ၂၅ ကနေ ၃၄ ဒီဂရီစင်တီဂရိတ်အတွင်း ရှိပေမယ့် ရံဖန်ရံခါ မိုးရွာသွန်းတက်တာကြောင့် ခရီးသွားတွေအတွက် အပူချိန်အရမ်းမများပဲ ခရီးသွားလို့ကောင်းတဲ့ ရာသီဥတုမှာ ရှိပါတယ်။ ဒီတစ်ခေါက်တော့ရာသီဥတု သာယာတဲ့ မတ်လအတွင်း ထိုင်းနိုင်ငံ တဝှမ်းက လည်ပတ်စရာ ကမ်းခြေတွေ ၊ ကျွန်းတွေနဲ့ ခရီးသွား နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Ko Samui

Ko Samui

Photo : Tusk Travel

ရာသီဥတု သာယာတဲ့ မတ်လထဲမှာ သွားလည်အသင့်ဆုံး နေရာတစ်ခုကတော့ Ko Samui ကမ်းခြေပါပဲ။ လှပတဲ့ သဲဖြူကမ်းခြေတွေ ၊ ပျော်ရွှင်စရာ Nightlife ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ စိတ်လှုပ်ရှားစရာ ပင်လယ်ရေပေါ် ကစားနည်းတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ စွန့်စားခန်းတွေ နှစ်သက်သူတွေအတွက် ရေငုပ်တာ ၊ လှေစီးတာ ၊ တောင်တက်တာတွေအပြင် ထူးခြားတဲ့ မိကျောင်းရှိုးနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ၊ ဘုရားကျောင်း ခရီးစဉ်တွေနဲ့ ကမ်းခြေအနီးတဝိုက်က ဒေသခံ ရွာငယ်တွေဆီ သွားရောက်လည်ပတ်လို့ ရပါတယ်။

(၂) Khao Yai National Park

Khao Yai National Park

Photo : Tusk Travel

စတုရန်းကီလိုမီတာ ၂၀၀၀ ဝန်းကျင် ကျယ်ဝန်းတဲ့ အနားယူအပန်းဖြေစရာ အမျိုးသားဥယျာဉ် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းက ထင်ရှားတဲ့ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွေထဲကတစ်ခု ဖြစ်ပြီး သဘာဝတရားကို ချစ်မြတ်နိုးသူတွေအတွက် စိုးစိမ်လှပတဲ့ တောတောင်တွေ ၊ ရေတံခွန်တွေနဲ့ ထူးခြားတဲ့ တောရိုင်းတိရစ္ဆာန်တွေအကြောင်း လေ့လာစူးစမ်းနိုင်ပါတယ်။ Haew Narok နဲ့ Haew Sauk ရေတံခွန်တွေကတော့ Khao Yai အမျိုးသားဥယျာဉ်ရဲ့ အထင်ကရ နေရာတွေဖြစ်ပြီး နှစ်စဉ်လာရောက်လည်ပတ်သူ ခရီးသွားတွေနဲ့ ပြည့်နှက်နေတဲ့ UNESCO မှတ်တမ်းဝင် ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

(၃) Pattaya

Pattaya

Photo : Tusk Travel

Pattaya ကတော့ ထိုင်းနိုင်ငံ ထဲက နာမည်ကြီး ခရီးသွားနေရာ တစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မယ် ထင်ပါတယ်။ အမိုက်စား ကမ်းခြေတွေ ၊ ဘားတွေ ၊ ကလပ်တွေနဲ့ ထူးခြားတဲ့ ဖျော်ဖြေးရေး အစီအစဉ်တွေကြောင့် လူကြိတ်ကြိတ်တိုးစည်းကားလေ့ရှိတဲ့ ညမအိပ်တဲ့ မြို့လို့ လူသိများပါတယ်။ Pattaya မှာ ထူးခြားတဲ့ Nightlife အရသာကိုပဲ ခံစားနိုင်တာ မဟုတ်ပါဘူး။ စွန့်စားခန်း ဖွင့်နိုင်မယ့် ကမ်းခြေ ရေပေါ်ကစားနည်းတွေကိုလည်း စမ်းသပ်လို့ရမှာဖြစ်ပြီး အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ လည်ပတ်စရာနေရာတွေ အများကြီး ရှိနေပါတယ်။

(၄) Phetchaburi

Phetchaburi

Photo : Tusk Travel

ထိုင်းနိုင်ငံ မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်လွန်းတဲ့ ထူးခြားအံ့ဖွယ်နေရာတွေ အများကြီးရှိသလို စိတ်ဝင်စားဖို့ကောင်းတဲ့ နောက်ခံသမိုင်းကြောင်းတွေနဲ့ ဆန်းကြယ်တဲ့ ခရီးသွားနေရာတွေ အများကြီးကို ရှိနေပါတယ်။ Phetchaburi ဟာ ရှေးဟောင်း ဘုရားကျောင်းတွေ ၊ ကိုလိုနီခေတ်လက်ကျန် ကျွန်းအိမ်တွေ ၊ ကျောက်နဲ့ ဆောက်လုပ်ထားတဲ့ တံတားတွေ ၊ ဘုံဗိမာန်တွေနဲ့ အခြားသမိုင်းဝင် ခေတ်ဟောင်းနေရာတွေ များစွာရှိတည်တဲ့ ထူးခြားတဲ့ ပြည်နယ်တစ်ခုပါ။ သမိုင်းရာဇဝင်ကို စိတ်ဝင်စားသူတွေအတွက် စူးစမ်းလေ့လာနိုင်မယ့် လည်ပတ်စရာနေရာ အများကြီးရှိတဲ့ Phetchaburi ဟာ မတ်လအတွင်း အားလပ်ရက်ကို ကုန်ဆုံးဖို့အတွက် အသင့်တော်ဆုံး ခရီးသွားနေရာတစ်ခု ဖြစ်ပါတယ်။

Source : Tusk Travel

Featured Photo : Tusk Travel