ကွီးတို့ရဲ့ တစ်နေ့တာ အတွေးတွေထဲမှာ လိင်ကိစ္စက ဘယ်လောက်အတိုင်းအတာအထိ ပါဝင်နေပါသလဲ ? အချိန်တိုင်း မဟုတ်တောင် အချိန်တော်တော်များများမှာ လိင်ကိစ္စ အကြောင်းပဲ တွေးမိနေတယ် ၊ လိင်စိတ်ဆန္ဒကို မထိန်းချုပ်နိုင် ဖြစ်နေတယ်ဆိုရင် ဒါဟာ Hypersexuality လို့ခေါတဲ့ လိင်ကိစ္စအပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာ ရှိနေတာပါ။ လိင်ကိစ္စအပေါ် စိတ်အားထက်သန်မှုရှိတာဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ကျန်းမာတဲ့ လက္ခဏာတစ်ခု ဖြစ်ပေမယ့် လိင်ကိစ္စအပေါ် အလွန်အမင်း စွဲလမ်းနေရင်တော့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။
Photo : Women’s Health Interactive
လိင်ကိစ္စအပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာရဲ့ လက္ခဏာများ
- တစ်နေ့တာအတွင်း အချိန်တော်တော်များများမှာ လိင်ကိစ္စအကြောင်းပဲ တွေးနေမိတယ် ၊ လိင်မှုဆိုင်ရာ စိတ်ကူးယဉ်မှုတွေကြားမှာ အချိန်ကုန်ဆုံးနေတယ် ၊ လိင်ကိစ္စအကြောင်း တွေးတောနေမှုကို သင့်အနေနဲ့ ထိန်းချုပ်လို့ မရဘူး။
- လိင်ကိစ္စအကြောင်း တွေးနေမိတဲ့စိတ်ကို လျှော့ချဖို့ သို့မဟုတ် ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ဘူး။ လိင်ကိစ္စနဲ့ ပတ်သတ်တဲ့ အတွေးတွေကြားမှာပဲ ထပ်တလဲလဲ လှောင်ပိတ်နေတယ်။
- နေ့စဉ်ဘဝထဲက မွန်းကြပ်ဖိအားတွေ ၊ အထီးကျန်မှုတွေကို လိင်ကိစ္စနဲ့ အစားထိုး ဖြေဖျောက်နေမိတယ်။
- အချိန်ရရင်ရသလို တစ်ကိုယ်ရည် အာသာဖြေခြင်း သို့မဟုတ် လိင်ဆက်ဆံဖို့ကိုပဲ ဦးတည်စဉ်းစားနေမိတယ် ၊ လက်တွေ့လုပ်ဆောင် နေမိတယ်။
- တည်ငြိမ်တဲ့ Relationship ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားခြင်း မရှိဘူး။
ဒါတွေကတော့ Hypersexuality ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။
Photo : Yahoo Life UK
လိင်ကိစ္စ အပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာ (Hypersexuality) ဟာ သင့်ရဲ့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေ ၊ တာဝန်ဝတ္တရားတွေအပေါ် ကောင်းစွာ အာရုံစိုက်နိုင်ခြင်း မရှိစေတော့ပဲ လစ်ဟင်းမှုတွေ ၊ ပျက်ကွက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ အလားတူ ပြင်းထန်တဲ့ စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှု ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ စိတ်ပိုင်းဆိုင်ရာ ဖျားနာမှုကို ဖြစ်ပေါ်စေနိုင်ပြီး စိတ်ကျရောဂါ ခံစားရသည်အထိ အခြေအနေဆိုးနိုင်ပါတယ်။ သင့်ရဲ့ ချစ်သူ ပါတနာနဲ့ ဆက်ဆံရေးမှာလည်း အလိုမကျမှုတွေ ၊ အဆင်မပြေမှုတွေ များလာနိုင်ပြီး စိတ်ပျက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင် ကြုံတွေ့ လာရနိုင်ပါတယ်။
လိင်ကိစ္စအပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာ (Hypersexuality) ကို ဘယ်လိုကုသမလဲ
လိင်ကိစ္စအပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာ (Hypersexuality) ကို ကုသဖို့ဆိုရင် ကျွမ်းကျင်တဲ့ စိတ်ကုထုံး ပညာရှင်တွေ ဒါမှမဟုတ် ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူနိုင်ပါတယ်။ စိတ်ပညာရှင်တွေ ၊ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကို ကောင်းစွာလိုက်နာပြီး ဆေးဝါးအကူအညီ ၊ စိတ်ပိုင်းဆိုင်ရာ ကုထုံးအကူညီတွေကို ရယူရပါမယ်။
ကွီးတို့ရော လိင်ကိစ္စ အပေါ် အလွန်အမင်း စွဲလမ်းမှု ပြဿနာ ခံစားရဖူးပါသလား ??? ဘယ်လို နည်းလမ်းတွေနဲ့ ထိန်းချုပ်ဖြေရှင်းလဲဆိုတာ ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Source : Healthshots
Featured Photo : Gentle Path at The Meadows