ပုရိသတို့ရဲ့ အချစ်တော် BLACKPINK အဖွဲ့ဝင် ထိုင်းရက်ပ်ပါမလေး အဆိုတော် Lisa ရဲ့ ပထမဆုံး ပွဲဦးထွက် တစ်ကိုယ်တော် စတူဒီယို အယ်လ်ဘမ်ကတော့ ဒီနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာပဲ ထွက်ရှိလာပါပြီ။ အယ်လ်ဘမ် နာမည်ကိုတော့ ‘Alter Ego’ လို့ ပေးထားပြီး စုစုပေါင်း သီချင်း ၁၅ ပုဒ် ပါဝင်ပါတယ်။
Source : LLOUD Official
‘Alter Ego’ အယ်လ်ဘမ်ထဲမှာ အရင်က Single အနေနဲ့ ထွက်ရှိဖူးခဲ့တဲ့ သီချင်းဟောင်းတချို့လည်း ပြန်လည်ပါဝင်လာပါတယ်။ Lisa ရဲ့ ဒီအယ်လ်ဘမ်မှာ Featuring အနေနဲ့ Doja Cat ၊ RAYE ၊ Rosalía ၊ Megan Thee Stallion နဲ့ Tyla တို့လို ထိတ်ထိတ်ကြဲ အဆိုတော်တွေလည်း ပါဝင်အားဖြည့် ပေးထားပြီး မတူညီတဲ့ Music Taste အသစ်တွေကို ခံစားနားဆင်ရမှာ ဖြစ်ပါတယ်။
Source : LLOUD Official
‘Alter Ego’ အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း ၁၅ ပုဒ်ကတော့……….
- Born Again ft. Doja Cat and RAYE
- ROCKSTAR
- Elasticgirl
- Thinder
- New Woman ft. Rosalia
- FXCK UP THE WORLD ft. Future
- Rapunzel ft. Megan Thee Stallion
- Moonlit Floor (Kiss Me)
- When I’m With You ft. Tyla
- Badgrrrl
- Lifestyle
- Chill
- Dream
- FXCK UP THE WORLD (Vixi Solo Version)
- Rapunzel (Kiki SOlo VErsion)
လက်တလောမှ ပူပူနွေးနွေး အသစ်ထွက်ရှိထားတဲ့ Lisaရဲ့ ‘Alter Ego’ တစ်ကိုယ်တော် အယ်လ်ဘမ်ထဲက သီချင်းလေးတွေကို ခံစားနားဆင်ပြီး ကွီးတို့ ကွန်းမန့်မှာ မန့်ချက်လေးတွေ ရေးခဲ့ပါဦး။
Source : Siachen Studios
Featured Photo : Billboard Philippines