Gym ကစားတဲ့ သူတစ်ယောက် ကြားထဲမှာ အချိန်အကြာကြီး နားလိုက်ပြီးမှ ပြန်ကစားရင် အရင်ကလောက် အမောမခံနိုင်တာ ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာတွေ ဖြစ်တက်တယ် မဟုတ်လား ? လိင်ကိစ္စမှာလည်း ဒီသဘော ရှိပါတယ်။ အချိန်ကာလတစ်ခုအထိ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ ကင်းကွာနေတာ ၊ အတူမနေတာ ကြာပြီးမှ အချစ်ဂိမ်းထဲ ပြန်ဝင်တဲ့အခါ လိင်မှုဘဝအပေါ်မှာ အပြောင်းအလဲ သက်ရောက်မှုအချို့ ရှိတက်ပါတယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့် ရအောင်ပါ။

(၁) အထွတ်အထိပ် ရောက်ဖို့ကြာတာ သို့မဟုတ် အထွတ်အထိပ် ခံစားမှုလုံးဝ မရနိုင်တာ

couple making love in bed

Photo : British GQ

အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်တက်ပါတယ်။ အတူမနေတာ ကြာသွားရင် ပုံမှန်အတိုင်း လိင်အင်္ဂါတွေရဲ့ လုပ်ဆောင်မှု အလေ့အကျင့် မရှိတော့တဲ့အတွက် ဆက်ဆံချိန်မှာ ပြီးမြောက်ဖို့ ခက်တာ ၊ ပြီးမြောက်ခဲ့ရင်တောင် အထွတ်အထိပ် ခံစားမှု ကောင်းကောင်းမရနိုင်တာ စတဲ့ အခြေအနေတွေ ကြုံရနိုင်ပါတယ်။ ဒါဟာ လိင်မှုကိစ္စနဲ့ အချိန်အတော်ကြာ ကင်းကွာနေသူတိုင်း ကြုံရတက်တဲ့ အသေးစား ပြဿနာတစ်ခု ဖြစ်ပြီး လိင်ကိစ္စနဲ့ အကျွမ်းတဝင် ပြန်ရှိမယ် ဆိုရင်တော့ ပုံမှန်အတိုင်းပြန်ဖြစ် သွားနိုင်ပါလိမ့်မယ်။

(၂) လိင်စိတ်နိုးကြားမှု လျော့နည်းနေတာ

couple making love in bed

Photo : theAsianparent

အခုမှစပြီး လိင်ကိစ္စနဲ့ ပြန်ထိတွေ့တဲ့သူတိုင်း အနည်းနဲ့အများ စိုးရိမ်စိတ်တော့ ရှိကြတာပါပဲ။ အိပ်ရာပေါ်မှာ ကောင်းကောင်း အစွမ်းမပြနိုင်မှာ ၊ အချိန်မတိုင်မီ သုတ်လွှတ်မြန်မှာ စသည်ဖြင့်ပေါ့။ ဒီလို စိုးရိမ်ပူပန်မှုတွေနဲ့ ဖိအားတွေကပဲ လိင်စိတ်နိုးကြားတက်ကြွမှုကို ကျဆင်းစေတဲ့ အဓိကတရားခံ ဖြစ်နေစေပါတယ်။ ပါတနာနဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးရှိတယ် ၊ စိုးရိမ်စိတ်နဲ့ ဖိအားတွေကို တက်နိုင်သမျှ လျှော့ချပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်မယ်ဆိုရင် ဒီပြဿနာကို ဖြေရှင်းနိုင်ပါလိမ့်မယ်။

(၃) နာကျင်မှု ခံစားရတာ

couple making love in bed

Photo : Broadgate GP

အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တက်ပါတယ်။ ပထမဆုံးအကြိမ် ဆက်ဆံချိန်မှာ နာကျင်မှု ခံစားရသလိုပါပဲ။ အတူမနေတာ ကြာပြီးမှ ပြန်ဆက်ဆံတဲ့အခါ မိန်းမကိုယ်မှာ နာကျင်မှု ခံစားရတာ ၊ မတော်တဆ ပွန်းပဲ့ဒဏ်ရာ ရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီအတွက် ဖြေရှင်နိုင်မယ့် နည်းလမ်းကတော့ အတူမနေခင်မှာ ကြွက်သားတင်းမာမှု ပြေလျော့ဖို့ အကြောလျှော့တာ ၊ တင်ပါးဆုံ ကြွက်သားလေ့ကျင့်ခန်း အချို့ပြုလုပ်တာတွေ လုပ်ပေးနိုင်ပါတယ်။

(၄)‌ ရောဂါပိုးမွှား ကူးစက်မှု ခံရနိုင်တာ

Condom
Photo : MedicalNewsToday

လိင်ကိစ္စနဲ့ထိတွေ့ပြီ ဆိုတာနဲ့ လုံခြုံစိတ်ချရတဲ့ ဆက်ဆံမှုဖြစ်ဖို့ကို ဦးစားပေး ရွေးချယ်ရပါမယ်။ ဘယ်လို အခြေအနေမျိုးမှာ ဖြစ်ဖြစ် အတူနေတော့မယ်ဆိုရင် သေချာပေါက် အကာအကွယ် အသုံးပြုတာ ၊ အတူမနေခင်နဲ့ နေပြီးအချိန်တွေမှာ လိင်အင်္ဂါတစ်ဝိုက်ကို ဂရုတစိုက် သန့်ရှင်းရေး ပြုလုပ်တာ ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို ထိန်းသိမ်းတာ စတဲ့အချက်တွေကို လိုက်နာဖို့ လိုပါတယ်။ ဒါမှသာ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေနဲ့ အခြား ဘတ်တီးရီးယားပိုးမွှားတွေ ကူးစက်ခံရမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Health