အားကစားသမားတွေနဲ့ ကျန်းမာရေး လိုက်စားသူတွေ ကြားမှာတော့ စမတ်နာရီတွေက အသုံးများပြီးသားပါ။ နောက်ပိုင်းမှာ Smartwatch တွေထက် ပေါ့ပါးကျစ်လစ်တဲ့ ဒီဇိုင်းအရွယ်အစား ၊ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေပါတဲ့ Smart Ring တွေက ပိုပြီးနေရာယူလာတာ တွေ့ရပါတယ်။ စမတ်နာရီတွေ ထက်ပိုပြီး Smart Ring တွေမှာ ဘယ်လိုအားသာချက်တွေ ရှိနေလဲ ၊ Smart Ring တွေကို ဘာကြောင့် ပြောင်းလဲအသုံးပြုသင့်လဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။
(၁) သက်တောင့်သက်သာ ပိုရှိတယ်
Photo : SamMobile
Smart Ring တွေက Smartwatch တွေနဲ့ ယှဉ်ရင် အရွယ်အစားပိုင်းမှာ သိသိသာသာ ကွဲပြားတာကို တွေ့ရပါတယ်။ Minimalist ပိုဖြစ်တယ် ၊ ကျစ်ကျစ်လစ်လစ်ပိုရှိတယ် နောက်ပြီး ပိုမိုပေါ့ပါးသေးငယ်တဲ့ ဒီဇိုင်းနဲ့ ထုတ်ထားတဲ့အတွက် ဝိတ်များတဲ့ စမတ်နာရီတွေ ထက်စာရင် လက်ချောင်းတွေပေါ်မှာ တစ်နေ့တာလုံး သက်တောင့်သက်သာ ဝတ်ဆင်ထားဖို့ အဆင်ပြေပါတယ်။
(၂) ကျန်းမာရေး အခြေအနေတွေကို ၂၃ နာရီစောင်ကြည့်ပေးတယ်
Photo : Forbes
Smartwatch နဲ့ မတူတာက Smart Ring တွေဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး အခြေအနေတွေကို ၂၄ နာရီ Tracking လုပ်ပေးနိုင်တာပါ။ ခန္ဓာကိုယ် လှုပ်ရှားမှု ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု စက်ဝန်းအပါအဝင် စိတ်ဖိစီးမှု Levels တွေ အားလုံးကို အသေးစိတ် စောင့်ကြည့်ပေးနေပြီး အချိန်နဲ့အမျှ ကျန်းမာရေး အချက်အလက်တွေကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။
(၃) ဘက်ထရီ ပိုခံတယ်
Photo : Smartprix
Smart Ring တွေရဲ့ အားသာချက်က Battery Life ပိုခံတာပါ။ တစ်ကြိမ် အားသွင်းထားရုံနဲ့ ရက်ပေါင်းများစွာ ဆက်တိုက်ဝတ်ဆင် အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ခဏခဏ အားပြန်သွင်းရတာ မကြိုက်ဘူး ၊ တစ်ခါအားသွင်းပြီး အချိန်အကြာကြီး ဆက်တိုက်သုံးချင်သူတွေ အတွက်တော့ Smart Ring တွေက ရွေးချယ်စရာတစ်ခုပါပဲ။
(၄) အားကစားသမားတွေအတွက် အထူးသင့်လျော်တယ်
Photo : Woman&Home
Smart Ring တွေက Health Tracking ကောင်းကောင်း လုပ်ပေးနိုင်ရုံတင် မကပါဘူး။ ရေစိုခံ ၊ အကြမ်းပတမ်းခံတဲ့အတွက် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်သူတွေ ၊ အားကစားသမားတွေအနေနဲ့ အသုံးပြုဖို့ အထူးသင့်လျော်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေစဉ်မှာ ဝတ်ထားလို့ ဝတ်ထားမှန်မသိသာတဲ့ ပေါ့ပါးတဲ့ အလေးချိန် ၊ သေးငယ်တဲ့ အရွယ်အစားနဲ့ သက်တောင့်သက်သာဖြစ်မှုကို အပြည့်အဝပေးတဲ့အတွက် အားကစားလုပ်သူတွေ သေချာပေါက် စဉ်းစားသင့်ပါတယ်။
Source : Analytics Insight
Featured Photo : Mashable ME