ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက်တွေ့ဆုံတဲ့ လန်ဒန်ဒါဘီပွဲ စဉ်တိုင်းက ပြိုင်ဆိုင်မှု ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာ ပရိသတ်တွေအားလုံး သိပြီးသားဖြစ်မယ် ထင်ပါတယ်။ လာမယ့် တနင်္ဂနွေညမှာလည်း ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) အဖြစ် ဒီ ၂ အသင်းရဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားမယ့် ပွဲကြီးပွဲကောင်းတစ်ပွဲကို ပရိသတ်တွေ ကြည့်ရှုခံစားရတော့မှာပါ။

Arsenal Vs Chelsea

Photo : Chelsea Football Club

ဆင်ပျံကြီး တို့ကတော့ ရမှတ် ၅၅ မှတ်နဲ့ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု မျှော်လင့်ချက်အတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ဒီရာသီ အိမ်ကွင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေနဲ့ ခြေစွာနေတဲ့ အာဆင်နယ်အသင်းဟာ လက်ရှိ လန်ဒန်ဒါဘီပွဲစဉ်မှာလည်း ချဲလ်ဆီးကို အမ်းမရိတ်မှာ လက်ခံကစား သွားရမှာပါ။

ဆင်ပျံကြီးနဲ့ တွေ့ဆုံမှုတိုင်းမှာ နိုင်ပွဲရလဒ် ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ခြင်္သေ့ပြာတို့အတွက် အာဆင်နယ် အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ဒီပွဲဟာ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်သွားရမယ့် အခြေအနေမှာ ရှိပါတယ်။ ချဲလ်ဆီးအသင်းကတော့ အာဆင်နယ် အသင်းနဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ၃ ပွဲရှုံး ၊ ၂ ပွဲ သရေရလဒ် ထွက်ပေါ်ထားပါတယ်။

Arsenal Vs Chelsea
Photo : The Independent

ခြင်္သေ့ပြာတို့အနေနဲ့ ဒီပွဲကို အနိုင်ရလဒ် ကစားနိုင်မှသာ အာဆင်နယ်နဲ့ ၃ မှတ်အကွာကို ရောက်မှာဖြစ်ပြီး ဒီရာသီ ထိပ်သီး ၄ သင်းစာရင်းဝင်ဖို့ မျှော်လင့်ချက်ဟာလည်း ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲဟာ ချဲလ်ဆီးအသင်းအတွက် တကယ်ကို အရေးပါတဲ့ ပွဲစဉ်တစ်ပွဲဖြစ်ပြီး အာဆင်နယ်နဲ့ တွေ့ဆုံမှုတိုင်းမှာ နိုင်ပွဲပျောက်ဆုံးနေတဲ့ ကြိမ်စာကို ချိုးဖျက်သွားနိုင်မလား ဒါမှမဟုတ် ဆင်ပျံကြီး တို့ကပဲ အိမ်ကွင်းမှာ ဦးဆောင်သွင်းဂိုးတွေနဲ့ ရလဒ်ကောင်းတွေကို ဆက်ထိန်းထားနိုင်မလားဆိုတာတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Featured Photo : Khel Now