ကျန်းမာတဲ့ လိင်မှုဘဝကို ဘယ်လို ထိန်းသိမ်းရမလဲ ? ဒါဟာ အရွယ်ရောက်ပြီးသား သူတိုင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းတစ်ခုပါ။ ကျန်းမာပျော်ရွှင်ပြီး လုံခြုံစိတ်ချရတဲ့ လိင်မှု ဘဝတစ်ခုကို ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေကို ကွီးတို့ လိုက်နာဖို့ လိုပါမယ်။
(၁) လိင်မှု ကျန်းမာရေးအကြောင်း လေ့လာပါ
Photo : University OB/GYN Associates
လိင်မှုဆိုင်ရာ ကျန်းမာရေးအကြောင်းကို ထည်ထည်ဝင်ဝင် ပိုသိလေ ကျန်းမာတဲ့ လိင်မှုဘဝတစ်ခုကို ထိန်းသိမ်းနိုင်ဖို့အတွက် အခွင့်အရေး ပိုများလေပါ။ လိင်မှတဆင့် ရောဂါပိုးတွေ ဘယ်လို ကူးစက်တက်လဲ ၊ မတူကွဲပြားတဲ့ သန္ဓေတားနည်းတွေ ဘယ်လို အလုပ်လုပ်လဲ ၊ လိင်မှုကျန်းမာရေး စောင့်ရှောက်နည်းတွေက ဘာတွေဖြစ်မလဲ စသည်ဖြင့် Sexual Health နဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို ကောင်းကောင်းသိနားလည် ထားတဲ့အခါ လိင်မှုကိစ္စနဲ့ ပတ်သတ်ပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို အတိုင်းအတာတစ်ခုအထိ လျော့ချနိုင်မှာ ဖြစ်သလို လိင်မှု ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်မှုတွေ သို့မဟုတ် ဆုံးဖြတ်ချက်ကောင်းတွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။
(၂) ကွန်ဒုံး အမြဲသုံးပါ
Photo : Covington Women’s Health Specialists
လိင်ဆက်ဆံတဲ့ အခါတိုင်းမှာ လုံခြုံစိတ်ချမှု ရှိစေဖို့ ကွန်ဒုံး အမြဲသုံးရပါမယ်။ ဒါဟာ လိင်မှု ဘဝ ကျန်းမာရေးအတွက် အခြေခံအကျဆုံးနဲ့ မဖြစ်မနေ လိုက်နာရမယ့် အချက်တစ်ခုပါပဲ။ လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး အသုံးပြုခြင်းဟာ ကြိုတင်မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြေနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးတွေကို ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်ပေးမှာပဲ ဖြစ်ပါတယ်။
(၃) ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူပါ
Photo : Madison Women’s Health
လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေအတွက် အနည်းဆုံး ၆ လ တစ်ကြိမ်လောက် စစ်ဆေးမှု ခံယူသင့်ပါတယ်။ ဒါမှမဟုတ် ပါတနာအသစ်နဲ့ အတူနေပြီးနောက်မှာ စစ်ဆေးမှု ခံယူသင့်ပါတယ်။ အချို့သော လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေဟာ ရောဂါလက္ခဏာ မပြပဲ ကူးစက်ခံရနိုင်တာကြောင့် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူမှသာ ရောဂါကူးစက်ခံရမှု အခြေအနေကို တိတိကျကျ သိနိုင်မှာ ဖြစ်ပါတယ်။
(၄) အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ
Photo : Sky News
လိင်မှု ကိစ္စနဲ့ ပတ်သတ်ပြီး အန္တရာယ်ရှိတဲ့ အပြုအမူတွေကိုလည်း တက်နိုင်သမျှ ရှောင်ကြဉ်ရပါမယ်။ ဥပမာအားဖြင့် အရက် သို့မဟုတ် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး ဆက်ဆံတာမျိုးပါ။ ဒီအခြေအနေဟာ အကာအကွယ်မဲ့ ဆက်ဆံမှုအပါအဝင် အခြား အန္တရာယ်ရှိတဲ့ အပြုအမူတွေကို လုပ်ဆောင်မိနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ ဒါဟာ မရည်ရွယ်ပဲ ကိုယ်ဝန်ရသွားတာ ၊ လိင်မှတဆင့် ရောဂါပိုး ကူးစက်ခံရတာ ၊ မတော်တဆ ထိခိုက်ဒဏ်ရာရတာ စတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေဆီ ဦးတည်နေပါတယ်။
Source : Pasante.com
Featured Photo : Healthshots