ရည်းစားမကျ သူငယ်ချင်းလည်းမကတဲ့ ဆက်ဆံရေးကို Friends With Benefits လို့ ခေါ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချည်နှောင်မှုတွေ မပါပဲ ကိုယ့်ဘဝကို လွတ်လပ်စွာ နေထိုင်ခွင့်ရှိပြီး နှစ်ဦးသဘောတူ လိင်မှုဆိုင်ရာ ကိစ္စတွေအထိ လုပ်ဆောင်နိုင်တဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးမျိုးကို ခေါ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီလိုဆက်ဆံရေးတွေဟာ သိပ်အထူးအဆန်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဒီလို သူငယ်ချင်းမဟုတ် ချစ်သူ ရည်းစား လည်းမဟုတ်တဲ့ Relationship တစ်ခုကို သွားတော့မယ်ဆိုရင် အခုပြောပြမယ့် အချက်တွေကို အရင်ဆုံး သိနားလည်ထားဖို့ လိုပါမယ်။

(၁) ရည်ရွယ်ချက်ကို ရှင်းလင်းစွာ သိပါစေ

friends with benefits

Photo : Psychology Today

ရည်းစား မကျ သူငယ်ချင်းမကတဲ့ ဆက်ဆံရေးကို သွားကြမယ်ဆို နှစ်ယောက်လုံးဟာ အဲ့ဒီ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း သိနေဖို့ အရေးကြီးပါတယ်။ အမှန်တကယ် အတည်တကျတွဲတဲ့ ဆက်ဆံရေးတစ်ခုလိုတော့ သတ်မှတ်လိုက်လို့ မရပါဘူး။ Friends With Benefits ဆိုတဲ့ ဆက်ဆံရေး ခေါင်းစဉ်အောက်မှာ ရှိနေမှသာ နှစ်ယောက်လုံး ရေရှည်မှာ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။

(၂) သူငယ်ချင်း ဆက်ဆံရေးဟာ ပထမပါ

friends with benefits

Photo : herway.net

Friends With Benefits ဆိုတဲ့ ဆက်ဆံရေးတစ်ခုကို သွားတဲ့အခါ နှစ်ယောက်လုံးဟာ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းစွာသိထားတဲ့ ရင်ဘတ်ချင်းအနီးဆုံး သူငယ်ချင်းကောင်းတွေ ဖြစ်နေဖို့ အရေးကြီးပါတယ်။ အနည်းဆုံးတော့ သူ့အတွက်ရော ကိုယ့်အတွက်ပါ အပြန်အလှန် ကောင်းမွန်တဲ့ သူငယ်ချင်းကောင်း တစ်ယောက်အဖြစ် ရှိနေပေးဖို့ လိုပါတယ်။ ဒါမှသာ ဘယ်လိုအခြေအနေမှာမဆို သူငယ်ချင်းအဖြစ် ဆက်ရှိနေဖို့ လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။

(၃) လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားပါနဲ့

friends with benefits

Photo : Salon.com

Friends With Benefits ဆက်ဆံရေးမှာလည်း စည်းဆိုတာ ရှိရပါမယ်။ နှစ်ဦးသဘောတူ ဒီဆက်ဆံရေးကို တည်ဆောက်ထားတာ ဖြစ်တာအတွက် တစ်ယောက်ရဲ့ ဆုံးဖြတ်ခွင့် ၊ သဘောထားတွေကို တစ်ယောက်က လေးစားလက်ခံပေးနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အကောင်းဆုံးက လက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေ မထားဖို့ပါ။ ဘယ်လိုဆက်ဆံရေးမှာမဆို တစ်ဖက်သတ် ဆန်လွန်းနေရင် အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာကို သတိရသင့်ပါတယ်။

(၄) တစ်ယောက်ဘဝကိုတစ်ယောက် အလွန်အကျွံ ပါဝင်စွက်ဖက်ခြင်းကို ရှောင်ပါ

friends with benefits
Photo : herway.net

ချည်နှောင်မှုတွေမရှိတဲ့ ပေါ့ပေါ့ပါးပါး ဆက်ဆံရေးတစ်ခု ဖြစ်တာနဲ့အညီ တစ်ယောက်ဘဝကို တစ်ယောက် အရမ်းကြီး ပါဝင်စွက်ဖက်ခွင့် မရှိပါဘူး။ သူငယ်ချင်းတစ်ယောက်လို အကြံပေးတာ ၊ လမ်းညွှန်တာတွေ လုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ လုပ်ပိုင်ခွင့်ထက် ကျော်လွန်ပြီး လူတစ်ယောက်ဘဝကို ပါဝင်စွက်ဖက်မယ်ဆိုရင် ထင်မှတ်မထားတဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ကွီးတို့ဟာ ပုံမှန်ချစ်သူ ရည်းစား ဆက်ဆံရေးတစ်ခုမှာ မရှိနေဘူးဆိုတာကိုတော့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေရပါမယ်။

Source : Healthshots

Featured Photo : YourTango