ယောကျာ်းလေး အများစုကတော့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ရင် Insecure ဖြစ်ကြပါတယ်။ ပုံမှန် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်ဟာ လိင်တံအရွယ်အစား ၅.၂ လက်မကနေ ၅.၆ လက်မကြား ရှိပါတယ်။ ဒါကို သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လို့ မရပါဘူး။ အပြာရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သွားပြီး နှိုင်းယှဉ်လို့လည်း မရပါဘူး။ တကယ်တော့ ပုံမှန်လိင်တံ အရွယ်အစား တစ်နည်းအားဖြင့် ကွီးတို့ သေးတယ်လို့ ယူဆနေကြတဲ့ လိင်တံ ဆိုဒ်  အနေအထားမှာ အားသာချက်တွေတောင် ရှိပါသေးတယ်။ ဘာတွေဖြစ်မလဲ လေ့လာကြည့်လိုက်ပါဦး။

(၁) ပါးစပ်နဲ့ ဆက်ဆံရာမှာ ပိုအဆင်ပြေတယ်

small penis

Photo : BabyCenter

ပုံမှန် လိင်တံအရွယ်အစားဟာ အမျိုးသမီးတွေအတွက် Blowjobs ပေးရာမှာ ပိုပြီး အဆင်ပြေသလို သက်တောင့်သက်သာလည်း ပိုရှိစေပါတယ်။ ကြီးလွန်းတဲ့ လိင်တံတွေဆိုရင် အမျိုးသမီးတွေအတွက် ပါးစပ်နဲ့ ဆက်ဆံရာမှာ အဆင်မပြေတာ ၊ အခက်တွေ့တာတွေ အများကြီး ကြုံရနိုင်ပါတယ်။ ဒါဟာ ဆိုဒ်သေးတဲ့ ကွီးတို့အတွက် ဘုရားပေးတဲ့ အားသာချက် တစ်ခုပါပဲ။

(၂) အတူနေချိန်မှာ နာကျင်မှု နည်းစေတယ်

small penis
Photo : Center for Intimate Relationships, LLC.

လက်နက်ဆိုဒ်ကြီးလေ ခံစားမှု ပိုကောင်းလေလို့ ခံယူထားရင်တော့ မှားနေပါပြီ။ လက်နက်ကြီးတာက အတူနေချိန်မှာ အမျိုးသမီးပါတနာကို မခံမရက်နိုင်အောင် နာကျင်စေရုံကလွဲပြီး ထူးထူးခြားခြား ခံစားမှုကောင်း မရစေနိုင်ပါဘူး။ ပြင်းထန်တဲ့ နာကျင်မှုကြောင့် အထွတ်အထိပ် ခံစားမှု အော်ဂဇင်ပါရဖို့ ခက်ခဲနိုင်ပါတယ်။

(၃) အနောက်တံခါးကို ဝင်ရလွယ်တယ်

small penis
Photo : MedicalNewsToday

ခံစားမှုအတွေ့အကြုံ အသစ်အဆန်း Try ကြည့်ချင်တဲ့ ကွီးတို့အတွက်လည်း အဆင်ပြေပါတယ်။ စအိုနဲ့ ဆက်ဆံတာဟာ လိင်တံအရွယ်အစား ကြီးလွန်းသူတွေအတွက် လုံးဝအဆင်မပြေနိုင်ပါဘူး။ လိင်တံ ဆိုဒ် ကြီးလွန်းရင် ပြင်းထန်တဲ့ နာကျင်မှုဝေဒနာကို ခံစားရနိုင်ပြီး စအိုပေါက်ပြဲတာ ၊ ပွန်းပဲ့တာတွေ ဖြစ်နိုင်ပါတယ်။

(၄) သိုင်းကွက် ကျွမ်းကျင်မှု စကေးပြလို့ ရတယ်

small penis
Photo : theAsianparent

လိင်တံ ဆိုဒ် အရွယ်အစားတစ်ခုတည်းကပဲ အမျိုးသမီးတစ်ယောက်ကို စိတ်ကျေနပ်မှုရအောင် စွမ်းဆောင်ပေးနိုင်တာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ သိုင်းကျွမ်းကျင်မှု ၊ စကေးပြနိုင်မှုကလည်း အရေးကြီးပါတယ်။ မိန်းမကိုယ် ထိုးသွင်းဆက်ဆံမှုအပြင် ကွီးတို့ရဲ့ ပါးစပ်နဲ့ လျှာတွေကို အသုံးပြုပြီးလည်း ကိုယ့်ပါတနာကို အထွတ်အထိပ် ခံစားမှုရအောင် အစွမ်းပြလို့ ရပါတယ်။

Source : Love Panky

Featured Photo : Healthline