ချစ်ခင်ရသူတွေကို လက်ဆောင်ပေးတယ်ဆိုတာ ချစ်ခြင်းကို‌ဖော်ပြတဲ့ သင်္ကေတ တစ်ခုပါပဲ။ ဒါပေမယ့် ကွီးတို့ ဘာလက်ဆောင် ပေးရမလဲ စဉ်းစားရတဲ့ အပိုင်းကတော့ အတော်လေး ခေါင်းစားစရာပါ။ အထူးသဖြင့် ချစ်ရတဲ့ အဖေ ဒါမှမဟုတ် ဘော်ဒါသူငယ်ချင်း ယောကျာ်းလေးချင်း ဖြစ်နေရင် ပိုပြီး စဉ်းစားရခက်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ယောကျာ်းလေးအများစု နှစ်သက်မယ့် ကိုယ်တိုင်လုပ် DIY လက်ဆောင် အိုင်ဒီယာလေးတွေကို ပြောပြပေးပါမယ်။

(၁) Jeans သော့ချိတ်

Key Fobs

Photo : Pillar Box Blue

ကွီးတို့ မဝတ်ဖြစ်တော့တဲ့ Jeans ဘောင်းဘီ အဟောင်းတွေနဲ့ ဖန်တီးလို့ ရပါတယ်။ DIY သော့ချိတ်လေးတွေ လုပ်ရတာက အရမ်းအလုပ်မရှုပ်သလို လွယ်လွယ်ကူကူနဲ့ ကွီးတို့ ကိုယ်တိုင် အိမ်မှာပဲ ပြုလုပ်လို့ရမယ့် အကောင်းဆုံး လက်ဆောင် ပေးစရာပစ္စည်းတစ်ခု ဖြစ်ပါတယ်။

(၂) နာရီ Holder

 Watch Holder

Photo : Pillar Box Blue

ယောကျာ်းလေး အများစုကတော့ နာရီ ကြိုက်ပါတယ်။ ဆိုတော့ နာရီ Holder တစ်ခု လက်ဆောင် ပေးမယ်ဆိုရင် အတော်လေး အသုံးဝင်မှာပါ။ ကွီးတို့ အိမ်မှာရှိတဲ့ သစ်သားအပိုင်းအစလေးတွေနဲ့ လှပသေသပ်တဲ့ နာရီ Holder လေးတစ်ခု ဖန်တီးလို့ ရနိုင်ပါတယ်။

(၃) ဓာတ်ပုံဘောင်

Picture Frame

Photo : Pillar Box Blue

ဓာတ်ပုံတွေဆိုတာ လူတိုင်းအတွက် အရေးပါဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်အတွက် အရေးပါတဲ့ ဓာတ်ပုံလေးတွေကို အမှတ်တရ ဖော်ပြထားရတာ လူတိုင်းနီးပါး နှစ်သက်ကြတာပဲ မဟုတ်လား ? ဒါကြောင့် ကွီးတို့ လက်ဆောင် ပေးမယ်ဆိုရင် သစ်သားနဲ့ ဖန်တီးလို့ရမယ့် DIY ဓာတ်ပုံဘောင်လေး တစ်ခုကလည်း မပါမဖြစ် စဉ်းစားရမှာပါ။

(၄) လိုင်စင်ပြား မီးအိမ်

License Plate Lamp

Photo : Pillar Box Blue

DIY မီးအိမ်လေးတွေကတော့ လက်ဆောင်ပေးလို့ကောင်းတဲ့ အထဲမှာပါပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေကို ပေးမယ်ဆိုရင် လိုင်စင်ပြားအဟောင်းတွေနဲ့ ဖန်တီးထားတဲ့ မီးအိမ်ဒီဇိုင်းလေးတွေဆို ပိုပြီးနှစ်သက်ကြပါလိမ့်မယ်။

(၅) စားပွဲတင် ဒရမ်နာရီ

Drum Clock

Photo : Pillar Box Blue

ယောကျာ်းလေး အများစုကတော့ ဂီတတူရိယာတွေကို နှစ်သက်ကြသူတွေပါ။ ဒါကြောင့် ကစားစရာ ဒရမ်အသေးစားလေးတွေနဲ့ အထာကျတဲ့ စားပွဲတင် နာရီလေး တစ်လုံး ကွီးတို့ ဖန်တီးပြီး လက်ဆောင်ပေးလိုက်ပါ။ သေချာပေါက် ကြိုက်နှစ်သက် ပါလိမ့်မယ်။

Source : Pillar Box Blue

Featured Photo : Hello Creative Family