လိင်ဆက်ဆံတဲ့အခါ အမျိုးသားတွေဟာ အမျိုးသမီးတွေထက်စာရင် အထွတ်အထိပ် ခံစားမှု အော်ဂဇင်ရဖို့ ပိုလွယ်တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အမျိုးသားတွေအနေနဲ့လည်း အော်ဂဇင် ခံစားမှုရဖို့ကို ရုန်းကန်ရတဲ့ အချိန်တွေ ရှိတက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ အိပ်ရာထဲမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်ဖို့ ၊ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ကွီးတို့ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) တက်စတိုစတီရုန်း (Testosterone) အဆင့် မြှင့်တင်ပါ

orgasm
Photo : MensXP

ကွီးတို့ အိပ်ရာထဲမှာ လိင်စိတ်မြင့်မားစွာနဲ့ လိင်မှုစွမ်းဆောင်ရည်ကို အကောင်းဆုံး ပြသချင်တယ်ဆိုရင်တော့ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း ပမဏကို မြှင့်တင်ဖို့ လိုပါမယ်။ တက်စတိုစတီရုန်း (Testosterone) ဟာ လိင်မှုစွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့နဲ့ လိင်စိတ်ကျေနပ်မှု အထွတ်အထိပ် ခံစားချက်ကို ပြည့်ပြည့်ဝဝ ရစေဖို့အတွက် များစွာအထောက်အကူ ပြုပါတယ်။

(၂) ဝှေးစေ့ကို ပွတ်သပ်နှိုးဆွပေးပါ

orgasm
Photo : MensXP

တစ်ကိုယ်တည်းဖြစ်စေ ၊ ကွီးတို့ ပါတနာနဲ့ ဖြစ်စေ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်တဲ့အခါ လိင်တံကိုပဲ အဓိက နှိုးဆွတာမျိုး မလုပ်ပဲ ဝှေးစေ့ကိုလည်း နှိုးဆွမှု လုပ်ပေးဖို့ အကြံပြုချင်ပါတယ်။ ဝှေးစေ့ကို ပွတ်သပ်နှိုးဆွပေးတာက ကွီးတို့ရဲ့ အထွတ်အထိပ် ခံစားမှုကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပါတယ်။ အထူးသဖြင့် သုတ်လွှတ်ချိန် မရောက်မီ အချိန်အတွင်း ဝှေးစေ့ကို ပွတ်သပ်နှိုးဆွတာဟာ အထွတ်အထိပ်ခံစားမှု ကောင်းကောင်းရစေဖို့ ကူညီပေးနိုင်ပါတယ်။

(၃) ရင်သားတွေကို ဆော့ကစားပေးပါ

orgasm
Photo : MensXP

ရင်သား တနည်းအားဖြင့် နို့သီးခေါင်းတွေဟာ လိင်စိတ်အာရုံခံစားမှု အမြင့်ဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါဟာ အမျိုးသမီးတွေအတွက်ပဲ မဟုတ်ပါဘူး။ အမျိုးသားတွေလည်း ထို့နည်းပါပဲ။ နို့သီးခေါင်းတွေကို နှိုးဆွဆော့ကစားပေးတာဟာ လိင်စိတ်ခံစားမှုကို
ပိုမိုပြင်းထန်လာစေပြီး အထွတ်အထိပ် ခံစားမှု အော်ဂဇင်ရဖို့အတွက် အကူအညီ ဖြစ်စေနိုင်ပါတယ်။

(၄) အော်ဂဇင်အတွက် အကျိုးပြုတဲ့ အစားအစာတွေ စားပါ

orgasm
Photo : MensXP

အချို့သော အစားအစာတွေဟာ ကွီးတို့ရဲ့ လိင်မှုဆိုင်ရာစွမ်းဆောင်ရည် ၊ လိင်စိတ်ကျေနပ်မှုအတွက် ကောင်းကျိုးပြုပေးပါတယ်။ ဥပမာအားဖြင့် ပန်းဂေါ်ဖီထုပ် ၊ ကိုက်လန် ၊ ဟင်းနုနွယ် တို့လို အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ ၊ ဥအမျိုးမျိုးနဲ့ ကျန်းမာတဲ့ အဆီတွေ စတဲ့ အစားအစာတွေဟာ မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပြီး လိင်ဆက်ဆံချိန်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကောင်းပြသနိုင်ဖို့နဲ့ အထွတ်အထိပ် ခံစားမှုပန်းတိုင်ကို သေချာစွာရောက်ရှိနိုင်စေဖို့ အကျိုးပြု ပေးပါတယ်။

Source : MensXP

Featured Photo : iStock