April လထဲမှာ သီချင်းအသစ်တွေ တပုံကြီးကို ထွက်ထားပါတယ်။ နောက်ဆုံးထွက် သီချင်းအသစ်တွေမှ ခံစားနားဆင် ချင်ပါတယ်ဆိုတဲ့ သီချင်းချစ်သူ ကွီးတို့ အတွက်တော့ နားထောင်စရာတွေ သီချင်းကောင်းတွေက အများကြီးပါ။ ဒီထဲကမှ လတ်တလော ဆိုရှယ်မီဒီယာနဲ့ Streaming ပလက်ဖောင်းတွေပေါ်မှာ နာမည်ကြီး ဟော့ဖြစ်နေတဲ့ သီချင်းအသစ် အချို့ကို ရွေးချယ်တင်ဆက် ပေးပါမယ်။

(၁) Headphones On – Addison Rae

Source : Addison Rae

ဒီတစ်ပတ်မှာ ပေါ့ပ်သီချင်းအသစ် ၂ ပုဒ် ထွက်ထားပါတယ်။ တစ်ပုဒ်က Lorde ရဲ့ “What Was That” နဲ့ နောက်တစ်ပုဒ်ကတော့ Addison Rae ရဲ့ “Headphones On” ပါ။ ဒီ ၂ ပုဒ်ထဲမှာတော့ Rae ရဲ့ “Headphones On” သီချင်းလေးက ပရိသတ်နှလုံးသားကို ပိုပြီးတော့ဖမ်းစားနိုင်ခဲ့ပြီး လူကြိုက်များ ရေပန်းစား နေပါတယ်။

(၂) Point and Shoot – Greg Freeman

Source : Greg Freeman

Greg Freeman ကိုတော့ ပုံမှန်ကြားနေကျနဲ့ မတူတဲ့ ထူးခြားတဲ့ ဂီတစတိုင်တစ်ခုနဲ့ တွဲပြီး လူသိများပါတယ်။ ၂၀၂၂ ခုနှစ်မှာ ထွက်ခဲ့တဲ့ I Looked Out ဆိုတဲ့ ပွဲဦးထွက် အယ်လ်ဘမ်နဲ့ သီချင်းချစ်သူ ပရိသတ်တွေကြားမှာ နာမည်ကြီးလာခဲ့တာပါ။ ဒီအယ်လ်ဘမ်က ၂၀၂၂ ခုနှစ်ရဲ့ အကောင်းဆုံး ပွဲဦးထွက်အယ်လ်ဘမ် ၂၅ ခု စာရင်းမှာ ပါဝင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အခုလက်ရှိ လောလောလတ်လတ် အသစ်ထွက်ထားတဲ့ Greg Freeman ရဲ့ Point and Shoot သီချင်းလေးကို ကွီးတို့ ခံစားနားဆင်ကြည့်လိုက်ပါဦး။

(၃) Bluebird – Lana Del Rey

Source : Lana Del Rey

Lana Del Rey ဖန်တွေအတွက် Bluebird လို့ နာမည်ပေးထားတဲ့ သီချင်းအသစ်လေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ဒီသီချင်းက ထွက်ထားတာ ရက်ပိုင်းပဲ ရှိသေးပြီး Audio အနေနဲ့သာ ထွက်ထားတာပါ။ စီးကရက် တစ်လိပ် ၊ ကော်ဖီတစ်ခွက်နဲ့ အေးအေးငြိမ့်ငြိမ်လေး စီးမြောလို့ကောင်းတဲ့ Vibe လေးမလို့ သီချင်းချစ်သူ ကွီးတို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

(၄) There’s A Part I Can’t Get Back – Sunflower Bean

Source : Sunflower Bean

အမေရိကန် Rock Band အဖွဲ့ Sunflower Bean ရဲ့ ဒီနှစ်ထဲမှာ အသစ်ထွက်ထားတဲ့ ‘Mortal Primetime’ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။ There’s A Part I Can’t Get Back သီချင်းလေးက ကြေကွဲစရာ သီချင်းစာသားတွေနဲ့ ခပ်ပြင်းပြင်းရှရှ တေးသွားတစ်ပုဒ်ကို နားဆင်ချင်သူတွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။

(၅) Dream Girl – Yaya Bey

Source : Yaya Bey

ပြီးခဲ့တဲ့ နှစ်တုန်းက ထွက်ခဲ့တဲ့ Ten Fold အယ်လ်ဘမ်နဲ့အတူ Yaya Bey ကိုတော့ ဂီတချစ်သူတွေ ကောင်းကောင်း သိကြမယ် ထင်ပါတယ်။ ဒီအယ်လ်ဘမ်က တော်တော်လေး လူကြိုက်များပြီး အောင်မြင်မှုများစွာ ရခဲ့တာပါ။ ယခုနှစ်ထဲမှာလည်း Do It Afraid လို့နာမည်ပေးထားတဲ့ အယ်လ်ဘမ်တစ်ခု ထွက်ထားပြီး ဒီထဲက Dream Girl သီချင်းလေးကလည်း ပရိသတ်တွေကြားမှာ ဟော့ဖြစ်နေပါတယ်။ မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ် ဖြစ်တာကြောင့် ကွီးတို့ ခံစားကြည့်လိုက်ပါဦး။

Source : Paste Magazine

Featured Photo : Paste Magazine