ချစ်တင်းနှောတဲ့အခါ သမားရိုးကျ ပုံမှန် ကွန်ဒုံး တွေကိုပဲ စွဲစွဲမြဲမြဲ သုံးဖို့ မလိုပါဘူး။ တစ်ခါတစ်ရံမှာ မတူညီတဲ့ ခံစားမှု အတွေ့အကြုံ အသစ်လေးတွေကို ရှာဖွေဖို့အတွက် ဆန်းသစ်ထားတဲ့ ကွန်ဒုံးဒီဇိုင်းတွေကို သုံးကြည့်သင့်ပါတယ်။ ဈေးကွက်ထဲမှာ ကွန်ဒုံးအမျိုးအစားတွေ အများကြီး ရှိပြီး ဒီထဲကမှ အဖုအထစ်ပါတဲ့ ကွန်ဒုံးတွေဟာ စိတ်ဝင်စားစရာပါ။ အဖုအထစ်ပါတဲ့ ကွန်ဒုံးလို့ ဆိုရမှာ Ribbed ကွန်ဒုံးနဲ့ Dotted ကွန်ဒုံးဆိုပြီး ၂ မျိုး ပြန်ခွဲပါတယ်။
Ribbed ကွန်ဒုံးဆိုတာ ဘာလဲ ?
Photo : Condoms.uk
Ribbed ကွန်ဒုံး ဆိုတာကတော့ ကွန်ဒုံးမျက်နှာပြင်ပေါ်မှာ လိုင်းစင်တွေ ပါဝင်တဲ့ အမျိုးအစားကို ခေါ်ပါတယ်။ ကွန်ဒုံးရဲ့ အပေါ်ယံ မျက်နှာပြင် ပတ်ပတ်လည်မှာ လိုင်းစင်တွေ ထည့်သွင်းပေးထားတဲ့အတွက် ထိုးသွင်းဆက်ဆံချိန်မှာ အမျိုးသားတွေရဲ့ လိင်တံကိုရော အမျိုးသမီးတွေရဲ့ မိန်းမကိုယ် အတွင်းနံရံ ၂ ခုလုံးကိုပါ ကြမ်းရှတဲ့ ပွတ်တိုက်မှုကို ဖြစ်စေပြီး လိင်စိတ်သာယာမှုကို တိုးစေဖို့ ကူညီပေးပါတယ်။
Dotted ကွန်ဒုံးဆိုတာ ဘာလဲ ?
Photo : Formen Health
Dotted ကွန်ဒုံးဆိုတာဟာလည်း ကွန်ဒုံးရဲ့ မျက်နှာပြင်မှာ သေးငယ်တဲ့ အဖုအထစ် ၊ အစက်အပြောက်လေးတွေ အများကြီး ပါဝင်တဲ့ ကွန်ဒုံးအမျိုးအစားကို ခေါ်ပါတယ်။ လိင်တံမှာ ဝတ်ဆင်လိုက်တာနဲ့ လိင်တံရဲ့ ပတ်ပတ်လည်မှာ အဖုအထစ်လေးတွေကို တပ်ဆင်လိုက်သလို ခံစားချက်မျိုးကို ပေးစွမ်းမှာပါ။ လိင်တံတစ်ချောင်းလုံးအပြည့် သေးငယ်တဲ့ အဖုအထစ်လေးတွေ ပါဝင်တဲ့အတွက် မိန်းမကိုယ်အတွင်း ထိုးသွင်းဆက်ဆံချိန်မှာ လိင်စိတ်အာရုံခံစားမှု ၊ လိင်စိတ်နိုးကြားမှုကို ပိုမိုလှုံ့ဆော်ပေးပြီး နက်ရှိုင်းတဲ့ ပွတ်တိုက်မှု အထိအတွေ့ကို ခံစားရရှိစေမှာ ဖြစ်ပါတယ်။
အချို့ ကွန်ဒုံးတွေမှာဆိုရင် Ribbed နဲ့ Dotted ၂ မျိုးလုံး ပေါင်းစပ်ထားတဲ့ ဒီဇိုင်းနဲ့ လာပြီး ပိုမို စိတ်လှုပ်ရှားစရာကောင်းတဲ့ လိင်စိတ်သာယာမှု အတွေ့အကြုံအသစ်ကို ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
Source : Durex USA
Featured Photo : TostPost