အစားအစာတွေဆိုတာ စားတက်ရင်ဆေး ၊ မစားတက်ရင် ဘေးဖြစ်တက်တဲ့ သဘောရှိပါတယ်။ လိင်မှုစွမ်းဆောင်ရည်ကို ကောင်းမွန်စေတဲ့ အစားအစာတွေ ရှိသလို ကွီးတို့ရဲ့ လိင်စိတ် တက်ကြွမှုကို ကျဆင်းစေနိုင်တဲ့ အစားအစာတွေလည်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဘယ်သူမှ ထင်မှာမဟုတ်တဲ့ လိင်စိတ်ကျဆင်းစေမယ့် အစားအစာ အချို့ကို ပြောပြပေးပါမယ်။

(၁) ချိစ်

Cheese

Photo : MensXP

ဆိမ့်ဆိမ့်လေးနဲ့ စားလို့ကောင်းတဲ့ ချိစ်က ကွီးတို့ရဲ့ လိင်စိတ် ကို ကျဆင်းစေနိုင်တယ်လို့ ဘယ်သူထင်မလဲ ? နွားနို့ကနေ ထုတ်လုပ်တဲ့ ချိစ် ၊ ဒိန်ခဲလို အစားအစာတွေဟာ အီစထရိုဂျင်နဲ့ တက်စတိုစတီရုန်း ဟော်မုန်း မညီမျှမှုကို ဖြစ်စေနိုင်ပြီး လိင်စိတ်နိုးကြား တက်ကြွမှုကို ထိခိုက်စေနိုင်ပါတယ်။

(၂) ချောကလက်

Chocolates

Photo : MensXP

ချောကလက် ကြိုက်သူတွေအတွက်တော့ သတင်းဆိုးပါပဲ။ ချောကလက်ဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အောက်ဆီတိုစင် ဟော်မုန်း ထုတ်လုပ်မှုကို မြှင့်တင်ပေးတယ်လို့ သိကြပေမယ့် အများကြီး စားမယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းက တက်စတိုစတီရုန်း ပမဏကို ကျဆင်းစေတာကြောင့် လိင်စိတ်တက်ကြွမှုကို ကမောက်ကမ ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

(၃) ဆီကြော်စာ

Fried Food

Photo : MensXP

ဆီကြော်စာတွေက ကျန်းမာရေးနဲ့ အရမ်းကြီး မညီညွတ်ဘူး ဆိုတာတော့ ကွီးတို့လည်း သိပြီးသား ဖြစ်မှာပါ။ ဆီကြော်စာတွေ စားလွန်းရင် အဝလွန်တာ ၊ နှလုံးသွေးကြော ကျန်းမာရေးကို ထိခိုက်စေတာ စတဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး အမျိုးသားတွေရဲ့ ကျားဟော်မုန်း တက်စတိုစတီရုန်း ပမဏကိုလည်း သိသိသာသာ ထိုးကျစေတဲ့အတွက် လိင်စိတ် နိုးကြားမှုပိုင်းမှာ ပြဿနာ ရှိလာနိုင်ပါတယ်။

(၄) ပူစီနံရွက်

Mint
Photo : MensXP

ခံတွင်းရနံ့ကို သင်းပျံ့စေတဲ့ ပူစီနံရွက်ဟာ အိပ်ရာထဲမှာ ဆိုရင်တော့ ပြဿနာရှိ နိုင်ပါတယ်။ အံ့ဩစရာကောင်းပေမယ့် ဒါဟာ အမှန်ပါ။ လေ့လာမှုတွေအရ ပူစီနံရွက်ဟာ လိင်စိတ်ဆန္ဒကို လျော့နည်းစေပြီး အမျိုးသားတွေရဲ့ လိင်မှု စွမ်းဆောင်ရည်ကို ကျဆင်းစေနိုင်တယ်လို့ ဆိုထားပါတယ်။

Source : MensXP 

Featured Photo : Featured Photo : NewsBytes