ဘန်ကောက်ရဲ့ Nightlife ကြီးက တော်တော်ကြီးကို မိုက်တယ်လို့ ပြောရမှာပါပဲ။ Bar တွေ ၊ ပါတီတွေ ၊ လမ်းဘေး အစားအစာတွေနဲ့ ပျော်စရာကောင်းတဲ့ ဘန်ကောက် ရဲ့ မြို့ပြညခင်း ဖြတ်သန်းမှုဟာ နိုင်ငံခြား ခရီးသွားတွေကို အဓိက ဆွဲဆောင်နေတဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆောင်းပါးမှာတော့ ဘန်ကောက်မှာ ညဘက်လည်လို့ အကောင်းဆုံး နေရာတွေ ထဲက အချို့ကို ခရီးသွား ချစ်သူတွေအတွက် ဖော်ပြပေးပါမယ်။
(၁) အန်းဖဝ ရေပေါ်ဈေး
Photo : klook.com
အန်းဖဝ ရေပေါ်ဈေးက ဘန်ကောက် ကနေ ၁ နာရီဝန်းကျင်လောက် သွားရုံနဲ့ ရောက်နိုင်တဲ့ ထူးထူးခြားခြား လည်ပတ်စရာ နေရာတစ်ခုပါ။ လှေတစ်စီးငှားပြီး ရေပေါ်ဈေးထဲမှာ လည်ပတ်ရင်း အန်းဖဝဒေသရဲ့ သဘာဝ အလှတရားတွေကို ခံစားနိုင်ပါတယ်။ မေလကနေ အောက်တိုဘာလအထိ ညဘက်ဆိုရင် ပိုးစုန်းကြူးလေးတွေနဲ့ တမူထူးခြားလှပနေတဲ့ ညခင်းအလှကို မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
(၂) ကျောက်ဖယားမြစ်
Photo : klook.com
ဘန်ကောက်ရဲ့ ညခင်း လည်ပတ်စရာ နေရာလို့ ပြောလိုက်ရင် ကျောက်ဖယားမြစ်ကတော့ မပါမဖြစ်ပါပဲ။ နိုင်ငံခြားခရီးသွား အများစုကတော့ ကျောက်ဖယားမြစ်ထဲမှာ အပျော်စီးသင်္ဘောနဲ့အတူ မြို့ပြရဲ့ အရောင်သွေးစုံလှတဲ့ ညခင်းအလှကို ခံစားရင် ဇိမ်ကျကျ ဖြတ်သန်းလေ့ရှိကြပါတယ်။
(၃) Nana ပလာဇာ
Photo : klook.com
ဘန်ကောက်ရဲ့ အမိုက်စား Nightlife ကို ခံစားချင်ရင် Nana ပလာဇာ ကတော့ သွားကိုသွားရမယ့် နေရာတစ်ခုပါ။ Nana ပလာဇာရဲ့ Ground Floor တစ်လျှောက်မှာ ကော့လ်တေး Bar တွေ ၊ စားသောက်ဆိုင်နဲ့ ပါတီတွေ ပြည့်နေပြီး ပျော်စရာကောင်းတဲ့ Ladyboy Shows တွေကိုလည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ ညစဉ်ညတိုင်း မတူညီတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ နိုင်ငံခြား ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
(၄) ခေါက်ဆန်လမ်း
Photo : klook.com
ခေါက်ဆန်လမ်းဟာ ဘန်ကောက် မှာ မသိတဲ့သူ မရှိလောက်အောင်ကို နာမည်ကြီးတဲ့ ညခင်းလည်ပတ်စရာ နေရာတစ်ခု ဖြစ်ပါတယ်။ တစ်လမ်းလုံး နီယွန်ရောင်စုံမီးတွေနဲ့ ပျော်ရွှင်ဖွယ် အငွေ့အသက်တွေ လွှမ်းခြုံနေပြီး Chill စရာ Bar တွေ ၊ ထိုင်းနာမည်ကြီး အစားအသောက်တွေ ၊ ညခင်းဖျော်ဖြေရေး အစီအစဉ်တွေ များစွာနဲ့ ထိုင်းဒေသံခံတွေရော နိုင်ငံခြား ခရီးသွားတွေနဲ့ပါ အမြဲ ကြိတ်ကြိတ်တိုး စည်းကားနေတဲ့ အမိုက်စား နာမည်ကြီးနေရာပဲ ဖြစ်ပါတယ်။
Source : klook.com
Featured Photo : klook.com