အိပ်ခန်းပြင်ပမှာ ချစ်တင်းနှောမယ်ဆိုရင် တော်တော်များများ စဉ်းစားမိတာက ရေချိုးခန်း မဟုတ်လား ? Shower Sex က စုံတွဲတွေ အများဆုံး ပြုလုပ်ဖြစ်တဲ့ ချစ်တင်းနှောမှု ပုံစံတစ်ခု ဖြစ်သလို အိပ်ရာထက်မှာနဲ့ မတူညီတဲ့ ခံစားမှု အတွေ့အကြုံ အသစ်တွေကို ပေးပါတယ်။ ဒီတစ်ခေါက်မှာတော့ ရေချိုးခန်းမှာ ချစ်တင်းနှော တာက ကွီးတို့အတွက် ဘာတွေကောင်းလဲဆိုတာနဲ့ ပတ်သတ်ပြီး ပြောပြပေးချင်ပါတယ်။
(၁) တက်ကြွလန်းဆန်းတဲ့ ခံစားချက်ကို ရစေတယ်
Photo : Boona
ရေချိုးပြီးတဲ့အခါမှာ စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွတဲ့ ခံစားချက်ကို ရတယ်မဟုတ်လား ? မှန်ပါတယ်။ ရေချိုးလိုက်တဲ့အတွက် ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာရော ၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်မှုတွေကို ပြေလျော့သက်သာသွားစေမှာ ဖြစ်ပြီး လန်းဆန်းမှုအပြည့် ၊ ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေနဲ့ ချစ်တင်းနှော ဖို့အတွက် ရယ်ဒီအသင့် အနေအထားမှာ ရှိနေစေပါလိမ့်မယ်။
(၂) ပုံမှန်နဲ့မတူတဲ့ အတွေ့အကြုံအသစ်တွေကို ရနိုင်တယ်
Photo : Medical News Today
Shower Sex လုပ်မယ်ဆိုရင် ပုံမှန်အိပ်ရာထက်မှာ ချစ်တင်းနှောတာနဲ့ မတူကွဲပြားတဲ့ ခံစားမှုအတွေ့ အကြုံအသစ်ကို ရရှိစေမှာကတော့ အသေအချာပါပဲ။ ရေချိုးရင်း သင်းပျံ့မွှေးကြိုင်တဲ့ အသားအရေသုံး ထုတ်ကုန်တွေ ထည့်ပေါင်းအသုံးပြုတာ ၊ စိတ်ရောကိုယ်ပါ တင်းမာမှုတွေကို ပြေလျော့စေပြီး နှစ်ဦးသား သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင် ချစ်ကြည်နူး တစ်တီတူးနိုင်ဖို့ ကြက်သီးနွေး ရေနဲ့ ရေချိုးတာ စတဲ့ ခံစားမှုအသစ်အဆန်းတွေကို ပေးနိုင်မယ့် အရာတွေ အများကြီး လုပ်ဆောင်လို့ ရပါတယ်။
(၃) နှစ်ဦးသား ရင်းနှီးမှုကို တိုးစေတယ်
Photo : Shark Tank Products
ရေချိုးခန်းထဲမှာ ချစ်တင်းနှော တာဟာ လိင်ကိစ္စတစ်ခုတည်း သပ်သပ်မဟုတ်ပါဘူး။ ကွီးတို့နဲ့ ကွီးတို့ချစ်သူ ပါတနာ ၂ ဦးကြားမှာ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ၊ ရင်းနှီးကျွမ်းဝင်မှုတွေကိုပါ တည်ဆောက်ပေးပြီး ပျော်ရွှင်ကြည်နူးဖွယ် ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ များစွာ အထောက်အကူ ပြုပါတယ်။
(၄) သန့်ရှင်းရေး လုပ်ရလွယ်ကူတယ်
Photo : Freepik
အိပ်ရာထက်မှာပဲ ချစ်တင်းနှောတယ်ဆိုရင် ကိစ္စပြီးတဲ့ အချိန်မှာ အပေါ့သွားတာ သို့မဟုတ် ချွေးနဲ့ လိင်အင်္ဂါတွေကနေ ထွက်ရှိတဲ့ အရည်တွေကို သန့်ရှင်းရေး လုပ်ဖို့အတွက် ရေချိုးခန်းကို မဖြစ်မနေ သုံးရပါတယ်။ အကယ်၍ ရေချိုးခန်းထဲမှာပဲ ချစ်တင်းနှော မယ်ဆိုရင်တော့ ဒီပြဿနာတွေကို အော်တိုကိုင်တွယ် ဖြေရှင်းပြီးသား ဖြစ်သွားမှာဖြစ်ပြီး ကိစ္စပြီးတဲ့အခါမှာ တစ်ဆက်တည်း တစ်ကိုယ်ရည် သန့်ရှင်းမှုပိုင်းကိုပါ လွယ်ကူထိရောက်စွာ ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။
Source : Durex USA
Featured Photo : Healthline