စာရေးသူတို့ဟာ ဘဝမှာ တခြားသူတွေကို ဦးစားပေး ချစ်ခင်သလောက် ကိုယ့်ကိုယ်ကိုယ်ကျ ချစ်တက်ဖို့ကို မေ့နေကြပါတယ်။ တစ်ယောက်တည်း ဖြစ်နေတာဟာ အထီးကျန်တယ်လို့ ခံစားကောင်း ခံစားရနိုင်ပေမယ့် တစ်ဖက်က ပြန်ကြည့်ရင်တော့ ကိုယ့်အတွက်ကို ပိုပြီး ဂရုစိုက်ချိန် ၊ ချစ်ခင်ကြင်နာဖို့ အချိန်တွေ ပိုရစေပါတယ်။ ကွီးတို့ဘဝမှာ ကိုယ့်ကိုယ်ကိုယ်သေချာလေး အချိန်ပေးပြီး ပျော်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု ဖန်တီးနိုင်မယ့် Self-Date လုပ်ဖူးပါသလား ? မလုပ်ဖူးသေးရင်တော့ ကွီးတို့ Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။ အားလပ်ချိန်တွေမှာ ဘယ်လိုနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်ကြင်နာရမလဲ ၊ ကိုယ့်ကိုယ်ကိုယ် ဒိတ်ပြန်လုပ်လို့ရလဲဆိုတာ ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ရအောင်ပါ။

(၁) Quality Time တစ်ခု ဖြတ်သန်းပါ

Spend quality time with yourself

Photo : Smithsonian Magazine

လူအများစုရဲ့ နေ့စဉ်ဘဝထဲကို ကြည့်လိုက်ရင် အလုပ်တာဝန်တွေ ၊ မိသားစု တာဝန်တွေနဲ့ ကိုယ့်အတွက်ကိုယ် အချိန်ကောင်းကောင်း မပေးဖြစ်ကြပါဘူး။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ်အတွက်လည်း Quality Time တစ်ခုကိုပေးပြီး ဖြတ်သန်းဖို့ ထိုက်တန်ပါတယ်။ Quality Time ဆိုတာကတော့ ကွီးတို့ရဲ့ Daily Life ထဲမှာ ကိုယ်ပိုင်သီးသန့် အချိန်တစ်ခုကို ယူပြီး ကိုယ်နှစ်သက်တဲ့ အရာတွေ ၊ ကိုယ့်ကို ပျော်ရွှင်စေမယ့် အရာတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

(၂) Meditation လုပ်ပါ

meditation

Photo : The AIAM

ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကို ငြိမ်းအေးစေမယ့် Self-Date လုပ်နည်းထက် ပိုကောင်းတာ ရှိနိုင်ပါ့မလား ? Meditation ရဲ့ အကျိုးရလဒ်က ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဓာကို ရှင်းလင်း ငြိမ်သက်စေပြီး ကွီးတို့ဘဝထဲမှာ စစ်မှန်တဲ့ အေးချမ်းမှုတွေ ၊ လိုချင်တောင့်တဲ့ အရာတွေ ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်စွာ အာရုံစိုက်နိုင်မှုတွေကို ရှာဖွေတွေ့ရှိနိုင်စေဖို့ ကူညီပေးပါတယ်။

(၃) ကွဲပြားပြီး ထူးခြားနေတာတွေ ပြုလုပ်ပါ

 Make it different and special

Photo : Minerva First Christian Church

တစ်ယောက်တည်း ရှိတဲ့အချိန်တွေမှာ ရုပ်ရှင်ကြည့်တာ ၊ စာအုပ်ဖတ်တာ ၊ ဂိမ်းဆော့တာ စတဲ့ လူတိုင်းလုပ်နေကြအရာတွေပဲ မလုပ်ပါနဲ့။ ပုံမှန်လုပ်နေကြ အရာတွေထဲက ကွဲထွက်ပြီး ထူးထူးခြားခြားနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အသစ်သစ်သော အရာတွေ အများကြီးကို စမ်းသပ်လုပ်ဆောင်လို့ ရပါတယ်။ ကွီးတို့ဘဝမှာ လုပ်ဖို့စိတ်ကူးရှိပေမယ့် တစ်ခါမှ လက်တွေ့မလုပ်ဖြစ်ခဲ့တဲ့ အရာတွေ ၊ ကွီးတို့ကို စိန်ခေါ်မှုဖြစ်စေမယ့် New Things တွေကို လုပ်ကြည့်ပါ။ ပျော်ရွှင်မှုထက်ပိုတဲ့ ခံစားချက်အသစ်တစ်ခုကို ရရှိပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြုပ်နှံပါ

Invest In Yourself
Photo : Wealthtender

ကွီးတို့ရဲ့ ဘဝကို ဘယ်လိုပုံစံမျိုး ဖြတ်သန်းချင်လဲဆိုတာ ကွီးတို့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ်စိုက်ပျိုးသမျှ အရာတိုင်းရဲ့ အသီးအပွင့်ကို ကိုယ်တိုင်ပဲ ခံစားရတာပါ။ တစ်ကိုယ်ရည်ဘဝဟာ ကိုယ့်ကိုယ်ကိုယ်ရင်းနှီးမြုပ်နှံမှုတွေ စတင်ဖို့အတွက် အကောင်းဆုံးအချိန်နဲ့ အခွင့်အရေးပါ။ ဒါကြောင့် ကိုယ်ရဲ့ လိုအပ်ချက်တွေ ၊ ဘဝတိုက်ပွဲကောင်းကောင်း ဝင်နိုင်ဖို့ ဖြည့်တင်းတပ်ဆင်ရမယ့် လက်နက်တွေ ၊ လေ့လာသင်ယူစရာတွေကို လုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံး ရင်းနှီးမြုပ်နှံလိုက်ဖို့ အကြံပေးချင်ပါတယ်။

Source : Medium

Featured Photo : Medium