ကွီးတို့ရဲ့ လက်ရှိ လိင်မှုဘဝဟာ ငြီးငွေ့စရာကောင်းနေတယ် ၊ ရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေ လျော့ကျနေတယ် ဆိုရင် အပြောင်းအလဲ လုပ်ဖို့တော့ လိုပါပြီ။ ချစ်တင်းနှော တိုင်းမှာ စိတ်တိုင်းမကျ ၊ စိတ်ကျေနပ်မှု မရတာဟာ ရေရှည်ဟာ ကွီးနဲ့ ကွီးတို့ ပါတနာ ဆက်ဆံရေးကို အများကြီး ထိခိုက်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာတော့ ပျင်းစရာကောင်းတဲ့ ကွီးတို့ရဲ့လိင်မှုဘဝ ကို နေ့ချင်းညချင်း ပြောင်းပစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) ကွီးတို့ရဲ့ ကာမဆန္ဒ စိတ်ဝင်စားမှုတွေကို ပါတနာနဲ့အတူ မျှဝေပါ

Couple On Bed
Photo : Good Morning America

လူတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတဲ့ Sexual Fantasies တွေ ရှိတက်ပါတယ်။ ကွီးတို့ အတွေးစိတ်ကူးထဲက လိုချင်တဲ့ လိင်မှုဘဝ ၊ ကာမဆန္ဒ စိတ်ဝင်စားမှုတွေကို ပါတနာနဲ့အတူတူ မျှဝေပါ။ ပါတနာရဲ့ နှစ်သက်မှု ၊ စိတ်ကူးယဉ်တွေကိုလည်း ပြန်လည်ပြောပြခိုင်းပါ။ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့ Sexual Fantasies တွေကို အပြန်အလှန်မျှဝေပြီး စမ်းသပ်လုပ်ဆောင်တာဟာ စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

(၂) စွန့်စားမှုလေးတွေ လုပ်ကြည့်ပါ

Couple On Bed

Photo : Rechtsdepesche

လိင်ကိစ္စနဲ့ ပတ်သတ်လာရင် တော်တော်များများက လုပ်ရိုးလုပ်စဉ် စာအုပ်ကြီးအတိုင်းပဲ သွားကြတာ များပါတယ်။ မတူညီတဲ့ အတွေ့အကြုံအသစ် ၊ ခံစားမှုအသစ်တွေ ရဖို့ အပြောင်းအလဲတွေကို လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ပုံမှန်လုပ်နေကြ အရာတွေထဲက ခွဲထွက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နည်းလမ်းလေးတွေ ၊ စွန့်စားမှုပါတဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်မှုလေးတွေကို Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၃) စပရိုက်လေးတွေ တိုက်ကြည့်ပါ

Couple On Bed

Photo : OnlineCounselling4U

တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ အချိန် ၊ ထင်မှတ်မထားတဲ့ အခိုက်အတန့်တွေမှာ လိင်ကိစ္စလုပ်ဆောင်ရတာဟာ တော်တော်လေး ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပြီး စပရိုက်ဖြစ်စေပါတယ်။ ဥပမာအားဖြင့် ကွီးတို့ရဲ့ ပါတနာက မီးဖိုချောင်ထဲမှာ ဟင်းချက်နေချိန် သို့မဟုတ် သူမရဲ့ လေ့ကျင့်ခန်းအစီအစဉ် လုပ်ဆောင်ပြီးချိန်မှာ ကြိုတင်တိုင်ပင်မထားပဲ ရုတ်တရက် လိင်မှုဆိုင်ရာ လှုံ့ဆော်မှုလေးတွေပေးပြီး ချစ်တင်းနှောဖို့ စတင်ကြည့်ပါ။ မမျှော်လင့်ပဲ စပရိုက်ဖြစ်သွားစေတဲ့ အခိုက်အတန့်လေးတွေက ကွီးရော ကွီးတို့ပါတနာကိုပါ ကျေနပ်ပျော်ရွှင်ဖွယ် ခံစားချက်ကို ကောင်းကောင်းပေးနိုင်ပါတယ်။

(၄) တစ်ယောက် ခန္ဓာကိုယ် တစ်ယောက် လေ့လာစူးစမ်းဖို့ အချိန်ပေးပါ

Couple On Bed

Photo : South China Morning Post

ကွီးတို့ရဲ့ ခန္ဓာကိုယ်အကြောင်း ကွီးတို့ ပါတနာ သိထားသင့်သလို ကွီးတို့ ပါတနာရဲ့ ခန္ဓာကိုယ်ကိုလည်း ကွီးတို့ မဖြစ်မနေ စူးစမ်းလေ့လာထားဖို့ လိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်း အပြန်အလှန် ထိတွေ့မှုလေးတွေ ကနေတဆင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွန်တဲ့ ခံစားချက် ၊ နှစ်သက်မှုတွေကို သေချာလေး အချိန်ပေးပြီး လေ့လာကြည့်ပါ။ ပိုမိုပြင်းထန်တဲ့ လိင်စိတ်ဆန္ဒပြည့်ဝမှု ၊ အော်ဂဇင် ခံစားမှုနဲ့အတူ ပျော်ရွှင်ကျေနပ်မှုတွေကို ခံစားရစေမှာ အသေအချာပါပဲ။

Source : MensXP

Featured Photo : Stoplusjednicka.cz