အမျိုးသားတွေမှာ အသက်အရွယ်အရ လိင်စိတ်ကျဆင်းမှု ပြဿနာ အများဆုံး ကြုံတွေ့ရရေလေ့ ရှိပါတယ်။ Sex Drive မြင့်အောင် Lifestyle ကို ချိန်းလို့ရသလို အစားအသောက်နဲ့လည်း ထိန်းလို့ ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ လိင်စိတ်ရမက် မြင့်တက်စေဖို့ ကူညီပေးနိုင်တဲ့ အစားအစာတွေ အကြောင်း ပြောပြပေးပါမယ်။

(၁) ငှက်ပျောသီး

Banana

Photo : Live Science

ဈေးပေါပေါနဲ့ နေရာတိုင်းမှာ ရနိုင်တဲ့ ငှက်ပျောသီးဟာ လိင်မှုကျန်းမာရေးအတွက် ကောင်းတယ်လို့ နာမည်ကြီးပါတယ်။ အဓိအားဖြင့်တော့ လိင်စိတ်ခွန်အား Libido ကို တိုးစေတဲ့ Bromelain ဓာတ် ပါဝင်တာကြောင့်ပါ။ ခန္ဓာကိုယ် စွမ်းအင်ကို တက်စေပြီး လိင်စိတ်ရမက် မြင့်တက်ချင်ရင်တော့ ကွီးတို့ ငှက်ပျောသီး ပုံမှန်စားပေးပါ။

(၂) ကညွှတ်

Asparagus
Photo : Downshiftology

ကညွှတ်ကတော့ ဗီတာမင် ၊ ပိုတက်စီယမ်နဲ့ အခြား ကျန်းမာရေး အထောက်အကူပြု အာဟာရဓာတ်တွေ ကြွယ်ဝတဲ့ အစားအစားတစ်ခုပါ။ အမျိုးသား ကျန်းမာရေးနဲ့ လိင်စိတ်နိုးကြားအတွက် ကောင်းစေတဲ့ ဓာတ်တွေလည်း ပါဝင်ပြီး အဓိကကတော့ ပင်ပန်းနွမ်းနယ်မှုကို တွန်းလှန်ပေးကာ အားအင်ပြည့်ဝ တက်ကြွစေပါတယ်။

(၃) ရွှေဖရုံစေ့

Pumpkin Seeds
Photo : NDTV

သရေစာအနေနဲ့ စားကြတဲ့ ရွှေဖရုံစေ့မှာ စိတ်ခံစားချက်ကို ကောင်းမွန်စေတဲ့ အမိုင်နိုအက်ဆစ်ဓာတ် Tyrosine ပါဝင်ပါတယ်။ ခန္ဓာကိုယ်အတွက် ခွန်အားတိုးပွား စေရုံမက လိင်စိတ်ရမက် မြင့်တက်စေမယ့် ဗီတာမင်နဲ့ အခြားသော သတ္တုဓါတ်တွေ များစွာလည်း ပါဝင်ပြီး အိပ်ရာထက်မှာ စွမ်းအင်ပြည့်ဝ တက်ကြွတဲ့ ကျားတစ်ကောင် အဖြစ်အသွင်းပြောင်းလဲ စေနိုင်မှာပါ။

(၄) ကြက်သွန်ဖြူ

Garlic

Photo : Tilda Rice

လိင်ကျန်းမာရေးနဲ့ အဓိက ဆက်နွယ်နေတဲ့ ကြက်သွန်ဖြူရဲ့ ကောင်းကျိုးကတော့ သွေးလည်ပတ်မှုကို ကောင်းစေပြီး လိင်တံဆီ သွေးစီးဆင်းမှု တိုးစေတာပါ။ ဒါက ကွီးတို့ရဲ့ လိင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ အချက်တစ်ခု ဖြစ်ရုံသာမက အိပ်ရာထက်မှာ ကျေနပ်စရာကောင်းတဲ့ လိင်စိတ်ဆန္ဒနဲ့ လိင်မှုစွမ်းရည်ကို ထုတ်ဖော်ပြနိုင်စေမှာပါ။

Source : Mensxp

Featured Photo : Get Your Marriage On!