Gym ကစားတဲ့ သူတော်တော်များများ Creatine နဲ့ ရင်းနှီးကြမယ် ထင်ပါတယ်။ Creatine ဟာ လူကြိုက်များတဲ့ Fitness Supplements တွေထဲက တစ်ခုဖြစ်ပြီး Gym ကစားချိန်မှာ ခန္ဓာကိုယ် စွမ်းအင်ကို မြှင့်တင်ပေးဖို့နဲ့ Muscle-Building အတွက် အဓိက သောက်ကြတာပါ။ ဒါပေမယ့် အားကစားခန်းမအတွင်းမှာပဲ မဟုတ်ပါဘူး။ အခြားသော ပြင်ပအကျိုးကျေးဇူးစွာလည်း ရှိနေပါတယ်။ ဒီထဲကမှ မေးစရာ တစ်ခုရှိတာကတော့ Creatine ဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိစေလဲဆိုတာပါပဲ။ ဒီဆောင်းပါးမှာ ကွီးတို့ ဆက်လေ့လာကြည့်လိုက်ပါဦး။
Photo : Primalfitness.shop
Creatine ရဲ့ အဓိက လုပ်ဆောင်ချက်တစ်ခုကတော့ စွမ်းအင်ထုတ်လုပ်မှုကို မြှင့်တင်ပေးတာ ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို အကျိုးပြုပါတယ်။ ဒါကြောင့် ကွီးတို့ Creatine သောက်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏနဲ့ ဆက်စပ်နေတဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ်လည်း အကျိုးသက်ရောက်မှု ရှိစေတယ်လို့ ပြောလို့ရပါတယ်။
Creatine နဲ့ တက်စတိုစတီရုန်း (Testosterone) အကြား ချိတ်ဆက်မှု
အမျိုးသားတွေဟာ အသက် ၃၀ နောက်ပိုင်းမှာ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းအဆင့်က တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အမျိုးသားတွေမှာ တက်စတိုစတီရုန်း (Testosterone) ကျားဟော်မုန်း လျော့ကျလာပြီဆိုတာနဲ့……….
- သက်လုံစွမ်းအား
- ခန္ဓာကိုယ် ကြံ့ခိုင်မှု
- စဉ်းစားတွေးခေါ်နိုင်မှု
- ခန္ဓာကိုယ် အလုံးစုံစွမ်းအင်
- လိင်စိတ်ဆန္ဒနဲ့ လိင်စိတ်နိုးကြားတက်ကြွမှု
- ပန်းသေပန်းညိုး
စတဲ့ ပြဿနာတွေကို ကြုံတွေ့ရနိုင်ပါတယ်။
တက်စတိုစတီရုန်း (Testosterone) ဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကို ထိန်းညှိပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် တက်စတိုစတီရုန်း (Testosterone) သိသိသာသာ ကျဆင်းလာပြီဆိုတာနဲ့ ကွီးတို့ရဲ့ လိင်မှုကျန်းမာရေးအပေါ်လည်း ဆိုးကျိုးသက်ရောက်ရှိပြီး လိင်စိတ်ဆန္ဒ ကျဆင်းတာ ၊ လိင်အင်္ဂါ ချို့ယွင်းမှု ပြဿနာ စတာတွေကို ခံစားရနိုင်တာ ဖြစ်ပါတယ်။
Photo : UCLA Health
လေ့လာမှုတစ်ခုမှာတော့ Creatine နဲ့ တက်စတိုစတီရုန်း (Testosterone) အကြား ဆက်စပ်မှုကို တွေ့ရှိခဲ့ရပြီး Creatine မှီဝဲတာဟာ တက်စတိုစတီရုန်း (Testosterone) ပမာဏကို တိုးစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။ နောက်ထပ် အားကစားသမားတွေကို ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာတော့ Creatine သောက်သုံးတာဟာ စွမ်းအင်ပမဏ ၊ DHT ဟော်မုန်းအဆင့် နဲ့ တက်စတိုစတီရုန်း (Testosterone) ပမာဏကို မြင့်တက်စေတယ်လို့ ဖော်ပြထားပါတယ်။ တစ်နေ့လျှင် Creatine ၂၅ ဂရမ် မှီဝဲပြီး ၁ ပတ်ပြည့်တဲ့ နေ့မှာတော့ DHT ဟော်မုန်းအဆင့်ဟာ ၅၆ ရာခိုင်နှုန်းအထိ တိုးလာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အားလုံးခြုံငုံပြီး ကြည့်မယ်ဆိုရင်တော့ Creatine သောက်တာဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ပမာဏကို မြင့်တင်ပေးပြီး ကျားဟော်မုန်း တက်စတိုစတီရုန်း (Testosterone) ကို တက်စေတာကြောင့် Gym ခန်းမ အတွင်းမှာတင်မဟုတ်ပဲ ကွီးတို့ရဲ့ အိပ်ခန်းအတွင်း စွမ်းဆောင်ရည် တစ်နည်းအားဖြင့် လိင်မှုဘဝ ကျန်းမာရေးကိုလည်း ကောင်းကျိုးသက်ရောက်မှု များစွာရှိစေမှာပဲ ဖြစ်ပါတယ်။
Source : Naked Nutrition
Featured Photo : Levels Protein