ကွန်ဒုံးတွေက မလိုချင်တဲ့ ကိုယ်ဝန်နဲ့ ကူးစက်ရောဂါပိုးတွေကို ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်ပေးပါတယ်။ ကွီးတို့ရဲ့ လိင်မှုဘဝ သာယာပျော်ရွှင်မှုအတွက် ကွန်ဒုံးတွေဟာ အဟန့်အတားတစ်ခုတော့ မဟုတ်ပါဘူး။ အချို့ကတော့ လိင်ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံး အသုံးပြုရတာက ထိတွေ့ခံစားမှုကို လျော့ကျစေတယ် ၊ ဖီးလ်ကျဲတယ်လို့ ခံယူကောင်း ခံယူကြပါလိမ့်မယ်။ တကယ်တော့ ကွန်ဒုံးသုံးပြီး သာယာပျော်ရွှင်တဲ့ လိင်မှုဘဝကို ကောင်းကောင်းကြီး ပိုင်ဆိုင်နိုင်တယ်ဆိုတာ ကွီးတို့ ဒီအချက်တွေ သိထားပြီးရင် လက်ခံသွားပါလိမ့်မယ်။

(၁) Foreplay မှာ Spice နည်းနည်းထည့်ပါ

Condoms

Photo : Covington Women’s Health Specialists

ရင်ခုန်စိတ်လှုပ်ရှားစရာ ပိုကောင်းအောင်လို့ Foreplay အဆင့်မှာ Spice လေးတွေ ထည့်လို့ရပါတယ်။ နားလည်လွယ်အောင် ပြောရမယ်ဆိုရင် ထိုးသွင်းဆက်ဆံမှု မတိုင်ခင် ကြိုတင်နှိုးဆွတဲ့အဆင့် Foreplay မှာ ကွီးတို့ရဲ့ ချစ်သူပါတနာက ကွီးတို့ကို နှိုးဆွမှု ကောင်းကောင်း လုပ်ပေးပြီး ကွန်ဒုံးကို ကွီးတို့ဘာသာ ဝတ်တာမဟုတ်ပဲ သူမကိုယ်တိုင် ဝတ်ဆင်ပေးတာမျိုးကို ခံယူစေတာ ဖြစ်ပါတယ်။ ဒီနည်းဟာ ရင်ခုန်စရာကောင်းပြီး ထူးခြားတဲ့ အလှည့်အပြောင်းတစ်ခုကို ခံစားရစေမှာပါ။

(၂) ကွဲပြားတဲ့ ကွန်ဒုံး အမျိုးအစားတွေ ပြောင်းသုံးပါ

Condoms

Photo : Condoms.uk

ကွန်ဒုံးတွေမှာ မတူညီတဲ့ Textures တွေ Flavours တွေ ရှိပါတယ်။ Oral Sex အတွက် သီးသန့် ဒီဇိုင်းထုတ်ထားတဲ့ Flavoured ကွန်ဒုံးတွေ ၊ အဖုအထစ် / လိုင်းစင်းတွေပါတဲ့ Ribbed & Dotted ကွန်ဒုံးတွေ ၊ ထိတွေ့ခံစားမှု အာရုံကို ပိုကောင်းစေမယ့် ပါးလွှာတဲ့ Extra Thin ကွန်ဒုံးတွေ စသည်ဖြင့် အမျိုးအစား အများကြီး ရွေးချယ်စရာ ရှိပါတယ်။ မတူကွဲပြားတဲ့ ကွန်ဒုံး အမျိုးအစားတွေကို ပြောင်းလဲအသုံးပြုတာဟာ ကွန်ဒုံးသုံးရတဲ့အပေါ် ငြီးငွေ့မှုကို မဖြစ်စေတော့ပဲ ဆန်းသစ်လတ်ဆတ်တဲ့ ခံစားချက်နဲ့အတူ ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဘဝကို ရရှိစေနိုင်ပါတယ်။

(၃) Lube သုံးပြီး သာယာပျော်ရွှင်မှုကို ရှာဖွေပါ

Lube
Photo : Holland & Barrett

Lube လို့ခေါ်တဲ့ ချောဆီဟာ ကွန်ဒုံး ဝတ်ဆင်အသုံးပြုချိန်မှာ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ ခံစားချက် ၊ သာယာချောမွေ့တဲ့ အထိအတွေ့ ခံစားမှုနဲ့အတူ ချစ်တင်းနှောချိန်မှာ အာရုံခံစားမှုကို အလွန်အမင်း ကောင်းမွန်စေဖို့ ပံ့ပိုးပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ချောဆီဟာ ပွတ်တိုက်မှုကြောင့် ကွန်ဒုံးကွဲထွက်တာ ၊ ကွန်ဒုံးချော်ထွက်တဲ့ ပြဿနာတွေကိုလည်း လျော့နည်းစေပြီး လုံခြုံစိတ်ချရတဲ့ လိင်မှုဘဝကို ဖော်ဆောင်ပေးပါတယ်။ ကွန်ဒုံး နဲ့အတူ ချောဆီတွဲသုံးမယ်ဆိုရင်တော့ ရေအခြေခံ ၊ ဆီလီကွန်အခြေခံ ချောဆီအမျိုးအစားတွေကို အသုံးပြုနိုင်ပါတယ်။

Source : Be in the KNOW

Featured Photo : Better2Know