Gaming ဖုန်းလို့ ပြောလိုက်ရင် စွမ်းဆောင်ရည်ကြမ်း ၊ ဈေးလည်းမြှောက်တယ်ဆိုတာ ကွီးတို့ အားလုံး သိပြီးသား ဖြစ်မှာပါ။ ဒါပေမယ့် စမတ်ဖုန်း ဈေးကွက်ထဲမှာ Gaming ဖုန်းတွေနီးပါး စွမ်းဆောင်ရည်ပိုင်း ရှယ်မိုက်ပြီး ဂိမ်းကစားလို့ကောင်းတဲ့ Gaming ဖုန်း စစ်စစ်တွေလောက်လည်း ဈေးမကြီးတဲ့ မော်ဒယ်တွေ ရွေးချယ်စရာ အများကြီး ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ တကယ်မိုက်တဲ့ Gaming အတွေ့အကြုံကို ခံစားနိုင်မယ့် ဈေးလည်း သိပ်မကြီးတဲ့ ဖုန်းအမျိုးအစားတွေကို ပြောပြပေးပါမယ်။
(၁) iQOO Z9
Photo : Техно-новости
ဒေါ်လာ ၂၀၀ ပတ်ချာလည် ဈေးတန်းထဲမှာ Gaming ဖုန်း မရနိုင်တာတော့ သေချာပါတယ်။ ဒါပေမယ့် iQOO Z9 ကတော့ ဒေါ်လာ ၂၀၀ ဝန်းကျင်နဲ့ အမိုက်စား Gaming Experience ကို ခံစားနိုင်မယ့် ဖုန်းတစ်လုံးပါ။ ကြီးမားကျယ်ပြန့်တဲ့ ၆.၆၇ လက်မ 120Hz AMOLED မျက်နှာပြင်နဲ့ Dimensity 7200 Chipset မောင်းနှင်ထားတာကြောင့် ကွီးတို့ မိုလ်ဘိုင်းဂိမ်းတွေကို မြန်ဆန်သွက်လျက်မှု အပြည့်နဲ့ အထာကျကျ ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။
(၂) Realme Narzo 70 Pro
Photo : Gizmochina
ကြွရွနေတဲ့ Gaming Graphic တွေနဲ့မှ ဆော့ချင်တယ် ဆိုရင်တော့ Realme Narzo 70 Pro ကို ကွီးတို့ ရွေးနိုင်ပါတယ်။ Dimensity 7050 Chipset နဲ့ ၆.၆၇ လက်မ 120Hz AMOLED မျက်နှာပြင် ပါလို့ Performance ပိုင်းလည်းကြမ်း ၊ Graphic ပိုင်းကလည်း လန်ထွက်နေမှာ ဖြစ်ပါတယ်။ Realme Narzo 70 Pro ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၂၂၀ ဝန်းကျင် ရှိပါတယ်။
(၃) Redmi Note 13
Photo : SoyaCincau
Redmi Note 13 ကတော့ Budget Gamer တွေ သေချာပေါက် အကြိုက်တွေ့ရမယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Budget ဖုန်း ဆိုတဲ့အတိုင်း ဈေးနှုန်းကလည်း ဒေါ်လာ ၂၀၀ အောက်မှာ ရှိပါတယ်။ ၆.၆၇ လက်မ AMOLED မျက်နှာပြင်နဲ့ Chipset ကတော့ Mediatek ရဲ့ စွမ်းဆောင်ပိုင်းမှာ နာမည်ကျော်တဲ့ Dimensity 6100+ ကို မောင်းနှင်ပေးထားတာပါ။ ဈေးအသင့်အတင့်နဲ့ ဂိမ်းကောင်းကောင်း ဆော့ချင်တဲ့ Budget Gamer တွေ ရွေးချယ်သင့်ပါတယ်။
(၄) Lava Blaze Curve
Photo : Lava
ဘေးဘောင် မှန်ခုံးဒီဇိုင်းနဲ့ အထာကျတဲ့ Gaming စွမ်းဆောင်ရည်ကို ခံစားနိုင်မယ့် Lava Blaze Curve 5G ကိုလည်း ကွီးတို့ စဉ်းစားရမယ့် Lists ထဲ ထည့်ထားသင့်ပါတယ်။ Lava Blaze Curve မှာလည်း ၆.၆၇ လက်မ 120Hz AMOLED မျက်နှာပြင် တပ်ဆင်ပေးထားသလို Dimensity 7050 Chipset ကို မောင်းနှင်ထားတာကြောင့် Smooth ဖြစ်တဲ့ Gaming Experience ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ စွန်းစွန်း ရှိပါတယ်။
Source : Analytics Insight
Featured Photo : Realme