လိင်မှုကိစ္စဆိုတာ လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ ၊ ညို့ငင်ဖမ်းစားမှု ၊ ဆွဲဆောင်မှု တွန်းအားတွေ ကနေ မွေးဖွားပေါက်ဖွား လာရတာပါ။ ချစ်သူရည်းစား လင်မယား စုံတွဲတစ်တွဲရဲ့ ဆက်ဆံရေးမှာ လိင်မှုကိစ္စဟာ အဓိကအကျဆုံးအရာ မဟုတ်ပေမယ့်လည်း ရာခိုင်းနှုန်းတစ်ခုအထိတော့ အရေးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။ တကယ်တော့ Sex ဟာ Sex သပ်သပ်မဟုတ်ပဲ ကွီးတို့နဲ့ ကွီးတို့ ပါတနာကြားက ချစ်ခင်ကြင်နာမှုတွေ ၊ အပေးအယူ မျှတမှုတွေ ၊ စိတ်ပိုင်းရုပ်ပိုင်း ချိတ်ဆက်မှုတွေနဲ့ပါ ဆက်နွယ်နေတာပါ။ ဒါကြောင့် အိမ်ထောင်ရေး ၊ ချစ်သူစုံတွဲတွေမှာ လိင်ကိစ္စ လုံးဝမရှိဘူးဆိုရင် ရေရှည်မှာ အဆင်မပြေမှုတွေ ရှိလာနိုင်ပါတယ်။ ဒီလို Sexless Marriage ဘဝ မရောက်ချင်ဘူးဆိုရင် Sexless Marriage ဆီဦးတည်နေတဲ့ အချက်လေးတွေကို ကွီးတို့ သတိထားရှောင်ကြဉ်နိုင်ဖို့ ဒီဆောင်းပါးကတဆင့် ပြောပြပေးချင်ပါတယ်။
(၁) စိတ်ဖိစီးမှုနဲ့ အလုပ်များတဲ့ လူနေမှုပုံစံ
Photo : WhatCherithInks
အလုပ် ၊ မိသားစု ၊ အိမ်မှုကိစ္စတွေနဲ့ နေ့စဉ်ဘဝထဲက တခြားတာဝန်ဝတ္တရားတွေကို ဟန်ချက်ညီညီ ကိုင်တွယ်နိုင်ဖို့တာ တကယ်ကို စိန်ခေါ်များတဲ့ ကိစ္စတစ်ခုပါပဲ။ သို့သော်လည်း ကွီးတို့ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝနေထိုင်မှု ပုံစံကို အကောင်းဆုံး ဟန်ချက်ညီမျှအောင် ထိန်းညှိဖို့ လိုပါတယ်။ လိင်ကိစ္စ လုပ်ဖို့အတွက် စိတ်မပါတဲ့ စုံတွဲတွေ ၊ Sexless Marriage ကို ဖြတ်သန်းနေရသူတွေဟာ သူတို့ရဲ့ နေ့စဉ်ဘဝထဲမှာ များပြားလာတဲ့ တာဝန်ဝတ္တရားတွေ ၊ စိတ်ဖိစီးမှုတွေကို ကောင်းကောင်း ကိုင်တွယ်မဖြေရှင်းနိုင်လို့ ဖြစ်ပါတယ်။
(၂) ဆက်သွယ်ဆက်ချိတ်မှု ပြဿနာ
Photo : Comprehensive Sleep Care Center
ကွီးတို့နဲ့ ကွီးတို့ ပါတနာကြားမှာ Communication ကောင်းကောင်းရှိနေဖို့ နံပါတ်တစ် အရေးကြီးပါတယ်။ လူနှစ်ယောက် အတူယှဉ်တွဲ နေထိုင်တဲ့အခါ အဲ့ဒီလူ ၂ ဦးကြားက ပြောဆိုဆက်ဆံမှု ၊ ဆက်သွယ်ဆက်ချိတ်မှုပေါ်မူတည်ပြီး ရလဒ်တွေဟာ အများကြီးကို ပြောင်းသွားပါတယ်။ အထူးသဖြင့် ရှင်းရှင်းလင်းလင်း အဖြေမထွက်နိုင်တဲ့ အငြင်းပွားမှုတွေ ၊ တစ်ယောက်စိတ်ကိုတစ်ယောက် ချိတ်ဆက်မှုကောင်းကောင်း မလုပ်နိုင်တဲ့ အချိန်တွေ များလာပြီဆိုရင် နှစ်ဦးသား စိတ်ပိုင်းဆိုင်ရာအရ ဝေးကွာလာနိုင်ပြီး ချစ်ခင်ရင်းနှီးမှု ၊ နွေးထွေးကြင်နာမှုတွေလည်း လျော့နည်းလာမှာဖြစ်ပြီး လိင်ကိစ္စ လုပ်ဆောင်ဖို့အတွက်ပါ စိတ်အားထက်သန်မှုတွေ ကျဆင်းလာနိုင်ပါတယ်။
(၃) ငြီးငွေ့စရာကောင်းတဲ့ လိင်မှုစက်ဝန်း
Photo : The Irish Times
လူ့သဘောသဘာဝ ၊ လူ့စိတ်ကိုက ငြီးငွေ့တက်တဲ့ သဘောမှာရှိပြီး ဆန်းသစ်မှုလေးတွေကို လိုချင်တောင့်တ ကြပါတယ်။ ချစ်သူရည်းစား ၊ လင်မယားစုံတွဲတွေအနေနဲ့ လိင်ကိစ္စ ကို အမြဲတမ်းကြီး ပုံမှန်လုပ်ရိုးလုပ်စဉ်တွေနဲ့ အပြောင်းအလဲမရှိ တစ်သတ်မှတ်တည်း သွားနေမယ်ဆိုရင် အချိန်ကြာလေ ငြီးငွေ့စရာ ဖြစ်လာလေ ဖြစ်နိုင်ပါတယ်။ အသားကျနေတဲ့ လိင်မှုစက်ဝန်းကြီးထဲမှာ ထပ်ခါတလဲလဲ ဖြတ်သန်းနေရမယ်ဆိုရင်တော့ လိင်စိတ်တက်ကြွမှုတွေ ၊ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားမှုတွေပါ လျှော့ကျပြီး Sexless Marriage Life ဆီကို အနည်းနဲ့အမြန် ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် စာအုပ်ကြီးအတိုင်း ၊ ပုံမှန်လုပ်ရိုးလုပ်စဉ် လိင်မှုစက်ဝန်းကြီးထဲက ထွက်ပါ။ နှစ်ဦးသား စိတ်ဝင်စားတဲ့ ဆန်းသစ်မှုလေးတွေ ၊ မတူညီတဲ့ အပြောင်းအလဲလေးတွေကို ပွင့်ပွင့်လင်းလင်း တစ်ယောက်နဲ့တစ်ယောက် ပြောဆိုတိုင်ပင်ပြီး အသစ်အဆန်း ခံစားမှုလေးတွေကို လုပ်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။
Source : SheKnows
Featured Photo : MattressNextDay