လူတိုင်းကတော့ ရုပ်ရည်သွင်ပြင် ချောမောခန့်ညားချင်ကြ သူတွေချည်းပါပဲ။ ယောကျာ်းတစ်ယောက် ရုပ်ချောတယ် မချောဘူးဆိုတာ အမေ့ဗိုက်ထဲကနေ ထွက်လာကတည်းက အော်တိုဖြစ်တည် လာပြီးသားပါ။ ပုံမှန်ရုပ်ရည်သွင်ပြင်ရှိတဲ့ လူတစ်ယောက် ဖြစ်နေဦးတော့ ကိုယ့်ကိုယ်ကိုယ် သပ်သပ်ရပ်ရပ်နဲ့ ထိန်းထိန်းသိမ်းသိမ်း နေတက်တယ်ဆိုရင် သေချာတာကတော့ ဆွဲဆောင်မှုရှိတဲ့ ယောကျာ်းတစ်ယောက် ဖြစ်လာမှာပါပဲ။ ဒီဆောင်းပါးမှာတော့ ကွီးတို့ကို နဂိုရှိရင်းစွဲထက် ပိုပြီး ဆွဲဆောင်မှု ရှိစေဖို့ လိုက်နာရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။
(၁) ရေဓာတ်ပြည့်ဝအောင် ဖြည့်တင်းပါ
Photo : Peloton
ကျန်းမာအောင် ရေများများသောက်ပါဆိုတဲ့ စကား ကွီးတို့ မကြာမကြာ ကြားဖူးကြပါလိမ့်မယ်။ ဟုတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝအောင် အလုံအလောက် ဖြည့်တင်းပေးတာက ကွီးတို့ရဲ့ အရေပြား ကျန်းမာရေးကနေစပြီး ကိုယ်တွင်းအင်္ဂါတွေအထိ အလုံးစုံကျန်းမာနေစေဖို့ အထောက်အကူပြုတာပါ။ ရေများများသောက်တဲ့အခါ ကွီးတို့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးမှာဖြစ်ပြီး ကိုယ်တွင်းကလီစာတွေကို ကောင်းကောင်းအလုပ်လုပ်စေမှာ ဖြစ်သလို အသားအရေကိုလည်း အစိုဓာတ်ထိန်းပေးတာကြောင့် ကျန်းမာနုပျိုပြီး ဆွဲဆောင်မှု ရှိတဲ့ အသွင်အပြင်ကို ပေါ်လွင်စေမှာ ဖြစ်ပါတယ်။
(၂) အသားအရေ ထိန်းသိမ်းပါ
Photo : Purplle.com
ယောကျာ်းတစ်ယောက်က ရှိရင်းစွဲအသက်ထက် ပိုရုပ်ရင့်နေမယ်ဆိုရင် အိုမင်းတဲ့ပုံပေါက်ပြီး ကြည့်မကောင်းနိုင်ပါဘူး။ ဒီအတွက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အသားအရေကို သေချာလေး ပုံမှန်ထိန်းသိမ်းသွားတာပါ။ အသက် ၂၀ – ၂၅ နှစ် ကာလတွေကစပြီး ကွီးတို့ရဲ့ အသားအရေကို ပုံမှန်လေး ထိန်းသိမ်းသွားသင့်ပါတယ်။ အသားအရေး ထိန်းသိမ်းတဲ့ အဆင့်တွေဟာ ရှုပ်ထွေးပြီး အလုပ်ရှုပ်တယ် ထင်ရပေမယ့် ကွီးတို့ကို နုပျိုတဲ့ အသွင်အပြင်နဲ့ ဆွဲဆောင်မှု ရှိနေစေမှာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်ရကျိုးတော့ နပ်မှာပါ။
(၃) High-Quality ရေမွှေးသုံးပါ
Photo : FragranceX.com
ရနံ့တွေဟာ ကွီးတို့ကို ဆွဲဆောင်မှု မြင့်စေဖို့အတွက် အထောက်အကူ ဖြစ်စေပါတယ်။ ကွီးတို့ အနေနဲ့ ကွီးတို့ နေ့စဉ်ဖြတ်သန်းနေတဲ့ Daily Life မှာ ကိုယ်ရဲ့ Personality နဲ့ ကိုက်ညီမှုရှိတဲ့ ရေမွှေး ကောင်းကောင်း တစ်မျိုးကိုတော့ သေချာလေး သုံးပေးသင့်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကနေ နှစ်လိုဖွယ် အမွှေးရနံ့တွေ ခပ်သင်းသင်း ပျံ့လွင့်နေမယ်ဆိုရင် လူတွေကြားသွားလာရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေမှာ ဖြစ်သလို ဆွဲဆောင်မှုရှိတဲ့ လူတစ်ယောက်အဖြစ် ပေါ်လွင်နေစေမှာ ဖြစ်ပါတယ်။
(၄) Zinc ပါတဲ့ အစားအစာတွေ စားပေးပါ
Photo : Eat This Not That
ကွီးတို့ရဲ့ ကျန်းမာနုပျိုခြင်းဟာ ကွီးတို့ ပါးစပ်ထဲ ထည့်လိုက်တဲ့ အစားအသောက်တွေ အများကြီး မူတည်နေပါတယ်။ နေ့ရက်တိုင်းမှာ ကျန်းမာပြီး အာဟာရပြည့်စုံမျှတတဲ့ အစားအစာတွေကို သေချာလေး ရွေးချယ်စားသင့်ပါတယ်။ ဒီနေရာမှာ Zinc ပါတဲ့ အစားအစာတွေကို ကွီးတို့ရဲ့ နေ့စဉ်စားသောက်မှု ပုံစံထဲမှာ ထည့်သွင်းထားဖို့ အကြံပေးချင်ပါတယ်။ အခွံမာသီး ၊ အစေ့အဆန် ၊ ပင်လယ်စာနဲ့ အခြား Zinc ဓာတ်ကြွယ်ဝတဲ့ အစားအစားတွေဟာ အသားအရေကို ကောင်းမွန်စေသလို ခန္ဓာကိုယ်ကနေ အနံ့အသက်ဆိုးတွေကိုလည်း လျော့ပါးစေပြီး ဆွဲဆောင်မှု ရှိတဲ့ ယောကျာ်းတစ်ယောက်အသွင်ကို ဖော်ဆောင်ပေးနိုင်ပါတယ်။
Source : Mensxp
Featured Photo : Medium