တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းကို အလွယ် Sex Hormone လို့ သိကြပါတယ်။ တကယ်တော့ တက်စတိုစတီရုန်း (Testosterone) ဟာ လိင်မှုကိစ္စအတွက်ပဲ သက်ဆိုင်တဲ့ ဟော်မုန်းတစ်ခု မဟုတ်ပါဘူး။ ယောကျာ်းလေးတွေမှာ လူပျိုဖော်ဝင်ချိန်ကစလို့ အမွှေးအမျှင်တွေ သန်စွမ်းလာစေဖို့နဲ့ ကြွက်သားကြီးထွားဖို့အတွက် အဓိကကျတဲ့ ဟော်မုန်းတစ်ခုဖြစ်သလို ခန္ဒာကိုယ်အပေါ် သက်ရောက်နေတဲ့ အခြားသော အရေးကြီးတဲ့ အချက်အလပ်တွေ အများကြီး ရှိပါတယ်။ တက်စတိုစတီရုန်း (Testosterone) ဟော်မုန်းဟာ စာရေးသူတို့ ယောကျာ်း တွေအတွက် ဘယ်လို အရေးပါလဲ ၊ ယောကျ်ားတစ်ယောက်မှာ T level ကို ထိန်းသိမ်းထားဖို့ ဘာကြောင့် အရေးကြီးလဲဆိုတာနဲ့ ပတ်သတ်ပြီး ဒီဆောင်းပါးမှာ မျှဝေပေးချင်ပါတယ်။
T-levels ကို ထိန်းထားဖို့ ဘာကြောင့်အရေးကြီးလဲ ?
Photo : SingleCare
အထက်မှာ ပြောခဲ့သလိုပါပဲ တက်စတိုစတီရုန်း (Testosterone) လို့ခေါ်တဲ့ ကျားဟော်မုန်းဟာ လိင်မှုဆိုင်ရာအတွက် ၊ ကွီးတို့ရဲ့ ဖွားဖက်တော် ကျန်းမာသန်စွမ်းဖို့အတွက်ပဲ အရေးပါတာ မဟုတ်ပါဘူး။ ကြွက်သားတည်ဆောက်မှု ၊ အရိုးအဆစ်တွေ သန်မာမှု ၊ ခွန်အား ဖြစ်ထွန်းမှု ၊ ခန္ဓာကိုယ် အမွှေးအမျှင် သန်စွမ်းမှု ၊ မှတ်ဉာဏ်စွမ်းအား ၊ နှလုံးကျန်းမာရေး ၊ ကာမစွမ်းဆောင်ရည်နဲ့ လိင်တံဖွံ့ဖြိုးသန်မာရေး စတဲ့ ခန္ဓာကိုယ်ရဲ့ အလုံးစုံ ကျန်းမာရေး အခြေအနေတွေ တော်တော်များများနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ T-levels ကျဆင်းမလာစေဖို့ အထူးဂရုပြုနေထိုင်သင့်ပြီး ၊ ယောကျာ်း တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျန်းမာတဲ့ T-levels အဆင့်ကို ထိန်းသိမ်းထားဖို့ အရေးကြီးတာ ဖြစ်ပါတယ်။
T-levels ကျဆင်းစေတဲ့ အကြောင်းအရင်းများ
Photo : Proactive Men’s Medical Center
ယေဘုယျအားဖြင့်တော့ ယောကျာ်း တွေမှာ အသက်ကြီးလာတာနဲ့အမျှ သဘာဝအလျောက် T-levels ကျဆင်းတာ ရှိပါတယ်။ သို့သော် အသက်အရွယ်တစ်ခုတည်းကပဲ အဓိကအကြောင်းအရင်း မဟုတ်ပါဘူး။ T-levels ကို ကျဆင်းစေတဲ့ နောက်ထပ် အကြောင်းအရင်းတွေကတော့……….
- အဝလွန်ခြင်း
- ဆီးချိုရောဂါ
- ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှု နှေးကွေးရောဂါ
- နာတာရှည်ရောဂါများ
- ဟော်မုန်းဆိုင်ရာရောဂါများ
- လိင်တံ သို့မဟုတ် ဝှေးစေ့မှာ ဖြစ်ပွားတဲ့ ထိခိုက်ဒဏ်ရာနဲ့ ပိုးဝင်ခြင်း
- ဆေးဝါးမှီဝဲမှု
- အရက်နဲ့ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှု
စတဲ့ အခြေအနေတွေကလည်း တက်စတိုစတီရုန်း (Testosterone) ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ခန္ဓာကိုယ်မှာ တက်စတိုစတီရုန်း (Testosterone) မြှင့်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ ?
Photo : Robert J Cornell, MD, PA
ခန္ဓာကိုယ်မှာ T-levels ကျဆင်းနေပြီဆိုရင် သိသာထင်ရှားတဲ့ လက္ခဏာတွေနဲ့ အချက်ပြ သတိပေးလေ့ ရှိပါတယ်။
- လိင်စိတ်နိုးကြားတက်ကြွမှု Libido ကျဆင်းခြင်း
- ကြွက်သားထုထည် ဆုံးရှုံးခြင်း
- စွမ်းအင်နည်းပါးပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်ခြင်း
- လိင်မှုရေးရာနဲ့ မျိုးပွားမှုဆိုင်ရာ ပြဿနာတွေ ခံစားရခြင်း
စတဲ့ လက္ခဏာရပ်တွေကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အကယ်၍ ရောဂါလက္ခဏာ မပြင်းထန်ပါက အစားအသောက် နေထိုင်မှုပုံစံ အပြောင်းအလဲတွေနဲ့ T-levels ကို သဘာဝအတိုင်း ပြန်လည်မြှင့်တင်နိုင်သလို Testosterone Boosters Supplements တွေကိုလည်း မှီဝဲနိုင်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ရောဂါလက္ခဏာတယ် ၊ အချိန်အတော်ကြာ လနဲ့ချီပြီး ရောဂါလက္ခဏာတွေကို ခံစားနေရတယ်ဆိုရင်တော့ နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့သာ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုချင်ပါတယ်။
Source : Atlantic Urology Specialists
Featured Photo : Men’s Health