မီယမ်မာနိုင်ငံမှာတော့ မားမားခေါက်ဆွဲပြုတ် ၃ မိနစ်ကောင်လို့ ပြောရင် ဒီဘဲက တက်ထွက် ဆိုတာ အော်တိုသိပြီးသားပါ။ ဒါဟာ ဟာသတစ်ခုအနေနဲ့ စနောက်ကြတယ်ဆိုပေမယ့် အချိန်မတိုင်မီ သုတ်လွှတ်မြန်တဲ့ ပြဿနာဟာ အမှန်တကယ် ယောကျာ်းထုကြီးမှာ အများဆုံး ကြုံတွေ့နေရတဲ့ လိင်မှုဆိုင်ရာ ပြဿနာတွေထဲက တစ်ခုဖြစ်ပါတယ်။ သုတ်လွှတ်မြန်ခြင်း Premature Ejaculation နဲ့ ပတ်သတ်ပြီး အရပ်ပြောစကား Myths တွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာ ဒီအကြောင်း ပြောရအောင်ပါ။

သုတ်လွှတ်မြန်ခြင်း Premature Ejaculation ဆိုတာ ဘာလဲ ?

Premature Ejaculation

Photo : Dr. Ben Medical Clinic

သုတ်လွှတ်မြန်ခြင်း Premature Ejaculation ဟာ အချိန်မတိုင်မီ သုတ်လွှတ်ခြင်း တစ်နည်းအားဖြင့် ၁ မိနစ် – ၂ မိနစ် ဝန်းကျင်နဲ့ အဲ့ထက်စောပြီး သုတ်လွှတ်တဲ့ အခြေအနေကို ခေါ်ပါတယ်။ သုတ်လွှတ်မြန်ခြင်းဟာ ထိုးသွင်းဆက်ဆံမှု လုပ်နေစဉ်အတွင်းမှ မဟုတ်ပါဘူး။ Foreplay အဆင့်မှာတင် သုတ်လွှတ်မိတာကိုလည်း သုတ်လွှတ်မြန်ခြင်း Premature Ejaculation လို့ သတ်မှတ်ပါတယ်။ ဆက်လက်ပြီး သုတ်လွှတ်မြန်ခြင်း Premature Ejaculation နဲ့ ပတ်သတ်ပြီး အရပ်ထဲမှာ ပြောဆိုနေကြတဲ့ Myths တွေ အကြောင်း ဆက်ပြီး လေ့လာကြည့်လိုက်ပါဦး။

Myths (၁) သုတ်လွှတ်မြန်ခြင်းက လူငယ်ပိုင်းတွေမှာပဲ ဖြစ်တာ – ဒါဟာ မှားပါတယ်။ သုတ်လွှတ်မြန်ခြင်းဟာ လူငယ်/ လူကြီးမရွေး အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်း ကြုံရနိုင်တဲ့ အခြေအနေပါ။ အသက် ၂၀ ဝန်းကျင် အမျိုးသားတွေမှာ ၂၈ ရာခိုင်နှုန်း သုတ်လွှတ်မြန်တဲ့ ပြဿနာ ကြုံရနိုင်ပြီး အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသားတွေနဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသားတွေမှာ ၃၀ ရာခိုင်နှုန်း ကြုံရနိုင်ပါတယ်။ အသက် ၅၀ နဲ့အထက် အမျိုးသားတွေမှာလည်း ၃၁ ရာခိုင်နှုန်းအထိ သုတ်လွှတ်မြန်တဲ့ ပြဿနာ ကြုံတွေ့ရနိုင်ပါတယ်။

Myths (၂) သုတ်လွှတ်မြန်တဲ့ ပြဿနာက မွေးကတည်းက ပါလာတာ – အပြည့်အဝတော့ မမှန်ပါဘူး။ အချိန်မတိုင်မီ သုတ်လွှတ်စောတဲ့ ပြဿနာဟာ မျိုးရိုးလိုက်ပြီး ဖြစ်တက်ပေမယ့်လည်း ရာခိုင်နှုန်း နည်းပါတယ်။ အမှန်က လိင်မှုဆိုင်ရာ အတွေ့အကြုံ ၊ နေ့စဉ်ဘဝထဲမှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှုနဲ့ ဖိအားတွေ ၊ စိတ်ကျရောဂါ ၊ ပါတနာနဲ့ ဆက်ဆံရေး အခြေအနေ ၊ လိင်ကိစ္စနဲ့ ပတ်သတ်ပြီး အတိတ်က ကြုံတွေ့ခဲ့ရတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသော ဆေးဘက်ဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကြောင့် သုတ်လွှတ်မြန်ခြင်း Premature Ejaculation ပြဿနာ ကြုံရတာ ဖြစ်ပါတယ်။

Myths (၃) သုတ်လွှတ်မြန်တဲ့ ပြဿနာကို သဘာဝနည်းအတိုင်း ကုသလို့ မရဘူး –  မှားယွင်းပြောဆိုနေတဲ့ အချက်တစ်ခုပါ။ သုတ်လွှတ်မြန်တဲ့ ပြဿနာ ကြုံတွေ့နေရတဲ့ တက်ထွက် ယောကျာ်းလေးတွေအနေနဲ့ မိမိရဲ့ သုတ်လွှတ်မြန်မှု အခြေအနေ ပြင်းထန်မှုပေါ်မူတည်ပြီး နားလည်တက်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ကုသနိုင်သလို သဘာဝနည်းလမ်းတွေဖြစ်တဲ့ Lifestyle အပြောင်းအလဲ ၊ လေ့ကျင့်ခန်း အစီအစဉ်တွေနဲ့ သုတ်လွှတ်ချိန်ကို ကြန့်ကြာအောင် ဆွဲဆန့်နိုင်ပါတယ်။

Source : Mensxp

Featured Photo : Metropolis Healthcare