ချစ်သူစုံတွဲတွေအနေနဲ့ လိင်မှုဆိုင်ရာ သာယာပျော်ရွှင်မှုကို ရှာဖွေနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အမြဲတမ်းလိုလို ချစ်ရည်လူး တာဟာ ငြီးငွေ့စရာကောင်းပြီး တစ်ခါတစ်လေမှာ မတူတဲ့ အပြောင်းအလဲအသစ်တွေကိုလည်း စမ်းသပ်ကြည့်သင့်ပါတယ်။ ဒီထဲမှာတော့ Mutual Masturbation လို့ခေါ်တဲ့ ပါတနာနဲ့ အပြန်အလှန် အာသာဖြေပေးခြင်း နည်းလမ်းဟာ ရင်ခုန်စရာကောင်းတဲ့ လိင်မှုလှုပ်ရှားမှု တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ Mutual Masturbation လုပ်မယ်ဆိုရင် ခံစားမှုတွေ အထွက်အထိပ် ရောက်ပြီး နှစ်ဦးသား သာယာပျော်ရွှင်မှုတွေကို အတူတကွ နှိုးဆွတူးဖော်နိုင်မယ့် အကောင်းဆုံး Positions အချို့ကို ပြောပြပေးပါမယ်။

(၁) Side By Side

Side By Side

Photo : She Knows

Mutual Masturbation စလုပ်မယ့် သူတွေအတွက် Super-Easy ဖြစ်တဲ့ သိုင်းကွက်တစ်ခုပါပဲ။ လုပ်ရလွယ်သလောက် ခံစားမှုလည်း အရမ်းကို ကောင်းစေပါတယ်။ တစ်ဦးက ကုတင်ရဲ့ အစွန်းတစ်ဖက်မှာ မတ်တပ်ရပ်အနေအထားနဲ့ လှဲလျောင်းပြီး ကျန်တစ်ဦးကတော့ အိပ်ရာထက်မှာ ဘေးတိုက်ပုံစံ လှဲလျောင်းကာ အပြန်အလှန် နှိုးဆွမှုပေးရမှာ ဖြစ်ပါတယ်။ ကွီးတို့ရော ကွီးတို့ပါတနာပါ တစ်ယောက်နဲ့တစ်ယောက် တစ်လှည့်စီ ပြုစုနှိုးဆွပေးနိုင်ပြီး သာယာကျေနပ်ဖွယ် လိင်မှုခံစားချက်ကို အတူတကွ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

(၂) Rub & Ride

Rub & Ride

Photo : She Knows

ချစ်ရည်လူး တဲ့အခါမှာ လူကြိုက်အများဆုံး Positions တွေထဲက တစ်ခုဖြစ်တဲ့ Cowgirl သိုင်းကွက်နဲ့ ဆင်တူပါတယ်။ ကွီးတို့က အိပ်ရာပေါ်မှာ လှဲလျောင်းပြီး Position ယူပါ။ ကွီးတို့ ပါတနာကိုတော့ အပေါ်ကနေ ဦးဆောင်ခိုင်းပြီး သူမရဲ့ မိန်းမကိုယ်နဲ့ ကွီးတို့ ဖွားဖက်တော်ကို ပွတ်တိုက်နှိုးဆွရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီသိုင်းကွက်ကတော့ လိင်အင်္ဂါချင်း ပွတ်တိုက်နှိုးဆွမှုအပြင် ကွီးတို့ရဲ့ လက်တွေကို အသုံးပြုပြီး အစွမ်းပြလို့ ရတာကြောင့် တစ်ချိန်တည်းမှာပဲ မတူညီတဲ့ ခံစားမှုတွေကို တစ်ပြိုက်နက်တည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။

(၃) Lazy Sex

Lazy Sex
Photo : She Knows

ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ရွေ့ချင်တဲ့ ကွီးတို့အတွက် ကွက်တိကျစေမယ့် သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ နှစ်ဦးသား အိပ်ရာထက်မှာ လှဲလျောင်းပြီး တစ်ဦးနဲ့တစ်ဦး ရင်ဘတ်ချင်းအပ် နီးနီးကပ်ကပ် ပွေ့ဖက်ကာ နှိုးဆွမှု ပေးရမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ နောက်ကျောပြင်မှာ ပါတနာရဲ့ ခြေထောက်တွေကို ခွဖက်ထားစေပြီး အနမ်းတွေခြွေကာ ခန္ဓာကိုယ်ချင်း ပွတ်သပ်နှိုးဆွမှု ပေးရမှာ ဖြစ်ပါတယ်။ ဒီသိုင်းကွက်က နှစ်ဦးသားကို အနီးကပ်ဆုံး ရှိစေပြီး နှုတ်ခမ်းချင်း အနမ်းတွေ ခြွေလို့ရသလို တစ်ချိန်တည်းမှာလည်း လက်တွေအသုံးပြုကာ နှိုးဆွပေးနိုင်တာကြောင့် ခံစားမှုကတော့ အထွတ်အထိပ်ကို ရောက်ရှိစေမှာ အသေအချာပါပဲ။

Source : She Knows

Featured Photo : I-Rock 93.5