ရှော်တီလေးကို လက်သိုင်း အစွမ်းတွေ ထုတ်မပြခင် ဆောင်ရန်ရှောင်ရန် အချက်လေးတွေကို ကွီးတို့ သိထားရင် အကောင်းဆုံးပါပဲ။ လက်သိုင်းကျွေးတာက လူတိုင်း လုပ်တက်တဲ့ အလွယ်ကူဆုံး လိင်မှုဆိုင်ရာ လှုပ်ရှားမှုတစ်ခုလို့ ထင်ကောင်းထင်ရပေမယ့် ကိုယ့်ပါတနာကို အမှန်တကယ် အထိအတွေ့ ခံစားမှုကောင်းကောင်း ပေးချင်တယ်ဆိုရင်တော့ သိကိုသိထားရမယ့် လျို့ဝှက်ချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ လက်သိုင်းကျမ်းကြေ ဆရာတစ်ဆူ ဖြစ်စေဖို့ ကွီးတို့အတွက် လမ်းညွှန်ချက် အချို့ကို ပြောပြပေးချင်ပါတယ်။
(၁) လက်သည်းတွေ တိထား / ညှပ်ထားပါ
Photo : Mi bebé y yo – El Mundo
လက်သည်းရှည်ကြီးနဲ့ လက်သိုင်း ပြရင်တော့ ကွီးတို့ကို ရှော်တီလေး အမြတ်တော်ရှမှာ အသေအချာပါပဲ။ မိန်းမကိုယ် ဧရိယာတဝိုက်ဟာ နူးညံ့ပြီး ထိရှလွယ်ပါတယ်။ ဒါကြောင့် ချွန်ထက်တဲ့ လက်သည်းတွေနဲ့ ထိုးဆွမယ်ဆိုရင် အလွယ်တကူ ပွန်းပဲ့ဒဏ်ရာ ရနိုင်သလို လက်သည်းကြားက အညစ်အကြေးတွေကနေတဆင့် ဘက်တီးရီးပိုးတွေ ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် လက်သိုင်းအစွမ်း မပြခင်မှာ ပထမဆုံးအဆင့် ကွီးတို့ လုပ်ရမှာက ကိုယ့်လက်သည်းတွေကို တိထား/ညှပ်ထားဖို့ပါပဲ။
(၂) မိန်းမကိုယ်ပေါ်မှာ စက်ဝိုင်းလေးတွေ ရေးဆွဲပါ
Photo : VICE
မိန်းမကိုယ်ကို လက်ချောင်းတွေနဲ့ ပွတ်သပ်နှိုးဆွတဲ့အခါ စက်ဝိုင်းပုံ ရွေးလျားတဲ့ပုံစံက အကောင်းဆုံးနဲ့ အထိမိဆုံး ပွတ်သပ်နည်းပါပဲ။ ရှော်တီလေးရဲ့ မိန်းမကိုယ်ပေါ် ကွီးတို့ လက်ချောင်းလေးတွေကို တင်ပြီးတာနဲ့ ဖြည်းဖြည်းချင်း ညင်ညင်သာသာ စက်ဝိုင်းပုံစံ ပွတ်သပ်ပေးရပါမယ်။ လက်ချောင်းတွေကို ညင်သာတဲ့ ရွေးလျားမှုနဲ့ စတင်ရမှာ ဖြစ်ပြီး ပါတနာရရဲ့ တုန့်ပြန်မှုပေါ်မူတည်ပြီး တဖြည်းဖြည်းချင်း အရှိန်တင်ကာ ခပ်သွက်သွက်လေး ကစားပေးရမှာပါ။ အားသုံးပြီး ဖိပွတ်တာ ၊ ပွတ်ချေတာမျိုး မဖြစ်စေဖို့တော့ သတိထားရပါမယ်။
(၃) အနောက်တံခါးကို နှိုးဆွတော့မယ်ဆို အရင်ဆုံးမေးပါ
Photo : IWannaKnow.org
လက်သိုင်း ကျွမ်းကျင်တဲ့ ဆရာကြီးတွေကတော့ ဒီလိုအကြံပေးပါတယ်။ အမျိုးသမီးတွေဟာ မိန်းမကိုယ်နဲ့အတူ စအိုကိုလည်း နှိုးဆွပေးတာကို နှစ်သက်ခုံမင်ကြပါသတဲ့။ သို့ပေမယ့်လည်း ဒါဟာ အမျိုးသမီးတိုင်းတော့ မဟုတ်ပါဘူး။ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူလည်း ရှိနိုင်ပါတယ်။ ကွီးတို့က ကိုယ့်ပါတနာကို အကြိုက်ကို သေချာမသိသေးဘူးဆိုရင် အနောက်တံခါးကို မနှိုးဆွခင်မှာ အရင်ဆုံး ပွင့်ပွင့်လင်းလင်း မေးမြန်းကြည့်ဖို့ လိုပါလိမ့်မယ်။
(၄) ပန်းဖူးလေးကို သေချာပေါက် နှိုးဆွပေးပါ
Photo : The Emerald Magazine
လက်သိုင်း ပြတဲ့အခါ မိန်းမကိုယ်အတွင်းဘက်ကိုပဲ ကွီးတို့ရဲ့ လက်ချောင်းတွေကို ထိုးသွင်းနှိုးဆွတာမျိုး မလုပ်ပါနဲ့။ ရှော်တီတို့ရဲ့ ညီမလေးမှာ ခံစားမှု အမြင့်ဆုံးနေရာက မိန်းမကိုယ်အစေ့လို့ခေါ်တဲ့ Clitoris ပါ။ Clitoris မှာက အာရုံခံစားနိုင်တဲ့ အကြောပေါင်း သောင်းနဲ့ချီ စုဝေးနေတာကြောင့် မိန်းမကိုယ်အတွင်းဘက်ကို ထိုးဆွတာထက် Clitoris ကို ပွတ်သပ်နှိုးဆွတာက ခံစားမှုကို အထွတ်အထိပ် ပိုရောက်ရှိအောင် ဆွဲခေါ်သွားပေးမှာ ဖြစ်ပါတယ်။
Source : VICE
Featured Photo : Metro