လိင်မှုကိစ္စ လုပ်ဆောင်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် အထွတ်အထိပ် ခံစားမှု အော်ဂဇင်ရဖို့ အချိန်ပိုကြာသလို ပိုလည်း ခက်ကြပါတယ်။ နယူးယောက်စီးတီးတက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာမှုစစ်တမ်းတစ်ခုမှာ အမျိုးသား / အမျိုးသမီး စုစုပေါင်း ၁၂၇ ဦးကို သုတေသန လုပ်ခဲ့ရာမှာတော့ ၎င်းတို့ရဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုအတွင်းမှာ အော်ဂဇင်ရတဲ့ ရာခိုင်နှုန်းဟာ အမျိုးသားနဲ့ အမျိုးသမီးကြား ထက်ဝက်နီးပါး ကွာခြားတာကို တွေ့ရှိခဲ့ရပါတယ်။ ၃ ပတ်တာ သုတေသန လုပ်ဆောင်မှုမှာ အမျိုးသား ၉၀ ရာခိုင်နှုန်းခန့်က အော်ဂဇင်ရရှိကြပြီး အမျိုးသမီးတွေမှာတော့ ၅၄ ရာခိုင်နှုန်းလောက်ပဲ အထွတ်အထိပ် ခံစားမှု အော်ဂဇင် ရကြတာ ဖြစ်ပါတယ်။

ဒါဆို အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဘာကြောင့် အော်ဂဇင်ရဖို့ ပိုခက်ခဲတာလဲ ????

Female orgasms

Photo : Popular Science

အမျိုးသမီးတွေဟာလည်း အမျိုးသားတွေနည်းတူ လိင်မှုကိစ္စ လုပ်ဆောင်ချိန်မှာ အထွတ်အထိပ်ခံစားမှု အော်ဂဇင်ကို ပြည့်ပြည့်ဝဝ ခံစားချင်ကြပါတယ်။ သို့သော်လည်း အော်ဂဇင်လို့ခေါ်တဲ့ စိတ်ကျေနပ် ပျော်ရွှင်စရာကောင်းတဲ့ လိင်မှုဆိုင်ရာအတွေ့အကြုံဟာ သင်နဲ့သင့်ပါတနာကြား ဘယ်လောက်အတိုင်းအတာအထိ အပြန်အလှန် အပေးအယူမျှတမှု ရှိလဲဆိုတာအပေါ် မူတည်နေပါတယ်။

လိင်ကိစ္စ လုပ်ဆောင်တဲ့အခါမှာ အမျိုးသားတွေရဲ့ ပြီးမြောက်မှု ၊ အထွတ်အထိပ် ခံစားချက် အော်ဂဇင် ရရှိမှုကိုပဲ ဦးစားပေးလေ့ရှိကြပြီး အမျိုးသမီးတွေအတွက် အော်ဂဇင်ရခြင်း/မရခြင်းအပေါ် အရမ်းကြီး အရေးမကြီးဘူးလို့ တွေးထင်တက်ကြကြောင်း သုတေသန ကိန်းဂဏန်းတွေနဲ့ ဖော်ပြထားပါတယ်။

ယနေ့အထိတိုင် ယေဘုယျအားဖြင့် လိင်ဆက်ဆံတဲ့ စုံတွဲအများစုမှာ အမျိုးသားတွေရဲ့ ပြီးမြောက်မှု ၊ စိတ်ကျေနပ် ပျော်ရွှင်မှု ရရှိဖို့ကိုပဲ ပုံသေဗဟိုပြုထားဆဲ ဖြစ်ပြီး အမျိုးသမီးတွေရဲ့ လိင်စိတ်ကျေနပ်မှု ၊ ပြီးမြောက်မှု ၊ အထွတ်အထိပ်ရောက်ရှိမှုတွေကို ဒုတိယအဆင့်မှာပဲ ထားကြတာ များပါတယ်။ ဒီလို မမျှတတဲ့ လိင်မှုဆိုင်ရာ အတွေးအခေါ် အယူအဆတွေကြောင့်ပဲ အမျိုးသမီးတွေအနေနဲ့ အော်ဂဇင် ခံစားမှုကို မရနိုင်ရခြင်းဟာ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်နေပါတယ်။

နောက်တစ်ချက်ကတော့ အမျိုးသား အများစုဟာ လိင်ဆက်ဆံတဲ့အခါ ထိုးသွင်းဆက်ဆံမှုကိုပဲ အဓိကအားထားကြပြီး ဒါကပဲ ကိုယ်တိုင်ရော ကိုယ့်ပါတနာကိုပါ ခံစားမှုကောင်းကောင်း ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။  မှန်ပါတယ် လိင်အင်္ဂါချင်း ထိုးသွင်းဆက်ဆံမှုဟာ ကောင်းမွန်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပေမယ့် အမျိုးသမီးတွေအတွက်ကတော့ Clitoral Stimulation လို့ခေါ်တဲ့ မိန်းမကိုယ်အစေ့ကို နှိုးဆွပေးမှုကို ပိုပြီး လိုအပ်ကြတာ ဖြစ်ပါတယ်။ Clitoral Stimulation လုပ်ဆောင်ပေးခြင်းကသာ အမျိုးသမီးတစ်ယောက်ကို အထွတ်အထိပ် ခံစားမှုကောင်းကောင်း ရောက်ရှိခံစားရစေမှာ ဖြစ်ပါတယ်။

သို့သော် အချို့ အမျိုးသမီးတွေဟာ Sexual Practices ပိုင်း အားနည်းသလို ယဉ်ကျေးမှုဆိုင်ရာ အချင်းအရာတွေနဲ့ လူ့ဘောင်ပတ်ဝန်းကျင်ရဲ့ ဘောင်ခတ်သတ်မှတ်မှုတွေကြောင့် လိင်ကိစ္စ လုပ်ဆောင်တဲ့အခါမှာ ရှက်ရွံ့ခြင်း ၊ ကိုယ့်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောခြင်း မရှိတာတွေကြောင့် ပါတနာနဲ့ Communication မှာ အဟန့်အတားတစ်ခု ရှိနေစေပြီးအပေးအယူမျှတတဲ့ လိင်ဆက်ဆံမှု ဘဝတစ်ခုကို မရနိုင်ကြတာ ဖြစ်ပါတယ်။

Female orgasms
Photo : VICE

တစ်ခါတစ်လေမှာတော့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဥပမာအားဖြင့် နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်တွေကြောင့်လည်း အော်ဂဇင်ရရှိဖို့ ကြန့်ကြာခက်ခဲတက်သလို မိမိရဲ့ Body Image နဲ့ ပတ်သတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ အခြေအနေတွေ ၊ ပါတနာနဲ့ မပြေလည်တဲ့ ဆက်ဆံရေး အခြေအနေတွေကလည်း ကျေနပ်စရာကောင်းတဲ့ လိင်မှုအတွေ့အကြုံ ခံစားမှုတွေကနေ သွေဖယ်သွားစေတက်ပါတယ်။

အကျဉ်းချုပ် ပြောရမယ်ဆိုရင် အော်ဂဇင် ခံစားမှုဟာ အမျိုးသားရော အမျိုးသမီးတွေအတွက်ပါ အရေးပါပြီး ဦးဆုံးအနေနဲ့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားဖို့ လိုပါတယ်။ ဒါမှလည်း ကိုယ်စီ လိုလားတဲ့ လိင်စိတ်ဆန္ဒတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဖွင့်ဟနိုင်မှာ ဖြစ်သလို လိင်ဆက်ဆံတိုင်းမှာ အပေးအယူ မျှမျှတတနဲ့ ကျေနပ်စရာကောင်းတဲ့ အော်ဂဇင် ခံစားမှုနဲ့အတူ ပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။

Source : VICE

Featured Photo : New Scientist