Journal of Affective Disorders ကထုတ်ဝေခဲ့တဲ့ အမေရိကန်သုတေသီတွေရဲ့ လေ့လာမှုအသစ်တစ်ခုမှာ လူငယ်နဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ စိတ်ကျရောဂါလက္ခဏာတွေကို ရှောင်ရှားဖို့အတွက် ချစ်တင်းနှောခြင်းကို ပုံမှန်လေး လုပ်ဆောင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ လိင်ကိစ္စနဲ့ စိတ်ကျရောဂါ Depression ကြားမှာ ဆက်နွယ်မှုတွေ အမှန်တကယ် ရှိနေလား မေးခွန်းထုတ်စရာပါ။ စစ်တမ်းတွေအရ အသက် ၂၀ ကနေ ၅၉ နှစ်ကြား အရွယ်ရောက်ပြီးသူ ၁၅,၀၀၀ ခန့်ကို တစ်လလျှင် တစ်ကြိမ်အောက် လိင်ဆက်ဆံတဲ့ အဖွဲ့ ၊ တစ်ပတ် လျှင် တစ်ကြိမ်ခန့် တစ်လမှာ ၃ – ၄ ကြိမ်ခန့် လိင်ဆက်ဆံတဲ့ အဖွဲ့နဲ့ တစ်ပတ်လျှင် တစ်ကြိမ်အောက် လိင်ဆက်ဆံတဲ့ အဖွဲ့ရယ်လို့ ၃ သုတ်ခွဲပြီး သုတေသန လုပ်ခဲ့ရာမှာတော့ တစ်လလျှင် တစ်ကြိမ်ထက်နည်းတဲ့ လိင်ဆက်ဆံသူတွေဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ အများဆုံး တွေ့ရှိခဲ့ရပါတယ်။

Couple Having Sex
Source : VICE

ကိန်းဂဏန်း အတိအကျနဲ့ ပြောရမယ်ဆိုရင် ပျှမ်းမျှ တစ်ပတ်တစ်ကြိမ် လိင်ကိစ္စ တက်ကြွလှုပ်ရှားသူတွေဟာ စိတ်ကျရောဂါ ဖြစ်နိုင်ခြေ ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်အောက် လိင်ဆက်ဆံသူတွေကတော့ တစ်ပတ်တစ်ကြိမ်ခန့် လိင်ဆက်ဆံသူတွေထက် ၂၃ ရာခိုင်နှုန်းခန်း စိတ်ကျရောဂါ ဖြစ်နိုင်ခြေ လျော့နည်းတာ ဖြစ်ပါတယ်။

စိတ်ကျရောဂါ မဖြစ်မအောင် တစ်လ ဘယ်နှစ်ကြိမ် လိင်ဆက်ဆံသင့်သလဲ ?

Photo : Men’s Health

ကျွမ်းကျင်ပညာရှင်တွေနဲ့ လေ့လာသူ သုတေသီတွေကတော့ တစ်နှစ်လျှင် ၅၂ ကြိမ်ကနေ ၁၀၃ ကြိမ်ခန့် လိင်ဆက်ဆံမှု အကြိမ်အရေဟာ စိတ်ကျရောဂါဖြစ်နိုင်ခြေကို ကာကွယ်ဖို့အတွက် အကောင်းဆုံး ပမာဏ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဆိုလိုတာကတော့ သိပ္ပံပညာအရ စုံတွဲတွေဟာ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ လိင်ကိစ္စ လုပ်ဆောင်သင့်တယ်လို့ အကြံပြုဆုံးဖြတ် ပေးထားတာပါ။

ပျော်ရွှင်ကျေနယ်စရာကောင်းတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ထားတဲ့ စုံတွဲတွေအနေနဲ့ စိတ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားရနိုင်ကြောင်း သုတေသီတွေက ထပ်လောင်းပြောကြားထားပါတယ်။ ဒါပေမယ့်လည်း တစ်ပတ် လျှင် ၂ ကြိမ်ထက်ပိုပြီး ဒါမှမဟုတ် အကြိမ်အရေ များများ လိင်ဆက်ဆံလေ စိတ်ကျရောဂါကို ပိုပြီး ကာကွယ်လျော့ချနိုင်စွမ်း ရှိလေလို့တော့ သတ်မှတ်လို့ မရပါဘူး။ တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံ လိင်ဆက်ဆံမယ် ၊ လိင်ကိစ္စကို စွဲစွဲလမ်းလမ်း ဖြစ်လာမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာနဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေမှာ ပျက်ကွက်မှုတွေ ၊ ထိခိုက်မှုတွေ အများကြီး ရှိလာနိုင်တယ် ဆိုတာကိုလည်း သတိပြုဆင်ခြင် ရပါမယ်။

Source : VICE

Featured Photo : Glamour