ချစ်သူစုံတွဲတွေအတွက် ပျော်ရွှင်ကျေနပ်ဖွယ်ရာ လိင်မှုဘဝ တစ်ခုကို ပိုင်ဆိုင်ထားနိုင်ဖို့ဟာ အရေးကြီးဆုံးတွေထဲက တစ်ချက်လို့ ပြောရပါမယ်။ လူနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမှာ လိင်ကိစ္စဟာလည်း အတိုင်းအတာတစ်ခုအထိ အရေးပါပြီး အပေးအယူ မျှမျှတတ ရှိနေဖို့ လိုအပ်တယ် မဟုတ်ပါလား ? ဒီလို ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အပေးအယူမျှတတဲ့ လိင်မှုဘဝကို ရနိုင်ဖို့ များစွာအထောက်အကူ ဖြစ်စေမယ့် စည်းမျဉ်းတစ်ခုကို ပြောပြပေးပါမယ်။ ဒါကတော့ စင်ဒရဲလားစည်းမျဉ်း (Cinderella Rule) လို့ ခေါ်ပါတယ်။

Cinderella Rule

Photo : Health & Her

စင်ဒရဲလားစည်းမျဉ်း (Cinderella Rule) ဆိုတာဟာ လိင်ကိစ္စကို စနစ်တကျနဲ့ အချိန်ဇယားတစ်ခုဆွဲပြီး လုပ်ဆောင်တဲ့ ပုံစံလို့ အလွယ်ပြောလို့ ရပါတယ်။ များသောအားဖြင့် စုံတွဲတွေဟာ နှစ်ဦးသားရဲ့ စိတ်ခံစားမှု ၊ လိင်စိတ်နိုးကြားမှုတွေအပေါ်မူတည်ပြီး လိင်ကိစ္စ လုပ်ဆောင်ဖို့အတွက် သီးသန့် အချိန်ရယ်လို့ သတ်မှတ်ထားခြင်း မရှိပဲ အတူနေချင်စိတ် ဖြစ်လာတိုင်းမှာ ချစ်တင်းနှော ဖြစ်လိုက်ကြတာ များပါတယ်။

ဒါဟာ ရေရှည်ဆက်ဆံတစ်ခုကို သွားမယ့် စုံတွဲတွေအတွက် အချိန်ကြာလာတာနဲ့အမျှ နေ့စဉ်ဘဝထဲက အချိန်နဲ့ စွမ်းအင် ကုန်ဆုံးမှုတွေ ၊ တစ်ယောက်က စိတ်မပါပေမယ့် တစ်ယောက်ရဲ့ ဆန္ဒကြောင့် လိုက်ရောလိုက်ရတာတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်ခုန်စရာတွေ လျော့နည်းပြီး ရိုးအီလာတာတွေ စတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

Cinderella Rule

Photo : Metro

ဒီလိုအခြေအနေတွေကနေ ရှောင်ရှားပြီး နှစ်ဦးသား အပေးအယူမျှတ လိင်မှုဘဝ ကို ရရှိဖို့ဟာ စင်ဒရဲလားစည်းမျဉ်း (Cinderella Rule) က တော်တော်လေး အလုပ်ဖြစ်နိုင်တယ်လို့ ဆိုရပါမယ်။ စင်ဒရဲလားစည်းမျဉ်း (Cinderella Rule) ကို အသေးစိတ် ထပ်ရှင်းပြရမယ်ဆိုရင်တော့ ညအိပ်ရာဝင်ချိန်နဲ့ ညဘက် ၁၂ နာရီမတိုင်ခင် (ဥပမာ ည ၁၀ နာရီနဲ့ ၁၁ နာရီ) ကြားမှာ ချစ်တင်းနှောဖို့ အချိန်တစ်ခုကို သတ်မှတ်ထားရမှာပါ။

တစ်နေ့တာလုံး နေ့စဉ်ဘဝထဲက တာဝန်ဝတ္တရားတွေကို ကိုယ်စီလှုပ်ရှားရုန်းကန်ဖြတ်သန်းပြီးချိန် အိပ်စက်အနားမယူခင်မှာ နှစ်ဦးသား အချစ်တွေကို တူးဆွရမှာ ဖြစ်ပါတယ်။ စင်ဒရဲလားစည်းမျဉ်း (Cinderella Rule) ရဲ့ အရေးကြီးဆုံး လိုက်နာရမယ့် အချက်ကတော့ အိပ်ရာမဝင်ခင် ညဘက် ၁၂ နာရီမတိုင်ခင်မှာပဲ လိင်ကိစ္စကို လုပ်ဆောင်ရမှာဖြစ်ပြီး တစ်နေ့တာအတွင်းမှာတော့ စိတ်အလိုလိုက်ကာ လိင်ကိစ္စ လုပ်ဆောင်တာကိုတော့ သင်ရောသင့်ပါတနာ နှစ်ဦးလုံး ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Cinderella Rule

Photo : Psychology Magazine

ထပ်လောင်းအနေနဲ့ ဖြည့်စွက်လို့ ရတာကတော့ တစ်ပတ်တာမှာ ၃ ရက် သို့မဟုတ် ၄ ရက် စသည်ဖြင့် ဘယ်ရက်တွေမှာတော့ ချစ်တင်းနှောမယ် ဆိုတာမျိုး သတ်မှတ်ထားနိုင်ပါတယ်။ ဒီလို လိင်ကိစ္စအတွက် သေချာ အချိန်ဇယားတစ်ခု ဆွဲထားတာဟာ နှစ်ဦးသားရဲ့စိတ်ခံစားမှုဆိုင်ရာ ချိတ်ဆက်မှု ၊ ရင်းနှီးကျွမ်းဝင်မှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို တိုးစေမှာဖြစ်သလို နေ့စဉ်ဘဝအတွက်ရော လိင်မှုဘဝအတွက်ပါ Positives ဆန်တဲ့ ကောင်းကျိုးတွေကို ရစေမှာဖြစ်ပြီး ပျော်ရွှင်ကျေနပ်စရာကောင်းတဲ့ အပေးအယူမျှတ လိင်မှုဘဝ တစ်ခုကို ကွီးတို့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : VICE

Featured Photo : LADbible