ထိုင်း နိုင်ငံကို ကုန်ကျစရိတ် နည်းနည်းနဲ့ Budget ခရီးတစ်ခု ဘယ်လိုထွက်ရမလဲ စဉ်းစားနေလား ? ချစ်သူလေးနဲ့ ဖြစ်စေ ၊ သူငယ်ချင်းတွေနဲ့ ဖြစ်စေ ကုန်ကျစရိတ် နည်းနည်းနဲ့ ပေါ့ပေါ့ပါးပါး ခရီးတစ်ခု သွားဖို့ စီစဉ်နေသူတွေ အတွက်တော့ ဒီဆောင်းပါးလေးက အကျိုးပြုနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ခရီးသွား ချစ်သူတွေအတွက် ပိုက်ဆံအများကြီး သုံးစရာမလိုပဲ ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်နိုင်မယ့် Tips လေးတွေကို ဒီဆောင်းပါးကနေတဆင့် မျှဝေပေးပါမယ်။

(၁) ဗိုက်ဖြည့်ဖို့အတွက် Street Food တွေပတ်စားပါ

Budget Travels to Thailand
Photo : klook.com

ထိုင်းနိုင်ငံကို အလည်သွားရင် ဝါးတီးအတွက်ကတော့ သိပ်ခေါင်းစားစရာ မလိုပါဘူး။ ဈေးသက်သက်သာသာနဲ့ ဗိုက်ဖြည့်လို့ရမယ့် Budget Street Food ဆိုင်တွေ ထိုင်းနိုင်ငံ လမ်းဘေးနေရာတိုင်းမှာ ရှိပါတယ်။ ထိုင်းမှာ Street Food တွေက သန့်ရှင်းလတ်ဆတ်ပြီး ဈေးအရမ်းတန်လို့ နိုင်ငံခြား ခရီးသွားတွေကြားမှာ နာမည်ကြီးတာ ဖြစ်ပါတယ်။

(၂) ဈေးပတ်ဝယ်ဖို့ ဒေသထွက် ဈေးတန်းတွေဆီ သွားပါ

Budget Travels to Thailand
Photo : klook.com

ထိုင်း မှာ ဈေးသက်သက်သာသာနဲ့ ရှော့ပင်ထွက်လို့ရမယ့် Local Markets တွေ အများကြီး ရှိပါတယ်။ ဒေသထွက် အသီးအနှံနဲ့ ထိုင်းရိုးရာ အစားအစာတွေ ၊ ဈေးသက်သာတဲ့ အဝတ်အထည်တွေ ၊ အလှကုန်ပစ္စည်းတွေနဲ့ အခြားသော လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို Local Markets တွေမှာ ရနိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဈေးဝယ်စင်တာတွေမှာလို ငွေများများ သုံးစရာမလိုပဲ ပိုက်ဆံနည်းနည်းနဲ့ ဈေးဝယ်ထွက်လို့ရမယ့် ထိုင်းရိုးရာအငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ဒေသထွက်ဈေးတန်းတွေဆီသာ သွားရောက်လည်ပတ်ဖို့ အကြံပေးချင်ပါတယ်။

(၃) ဝင်ကြေးအခမဲ့ ဘုရားကျောင်း နေရာတွေ သွားလည်ပါ

Budget Travels to Thailand
Photo : klook.com

ထိုင်းနိုင်ငံမှာ ဝင်ကြေးအခမဲ့ လည်ပတ်စရာ ဘုရားကျောင်းနေရာတွေ အများကြီး ရှိပါတယ်။ ဘန်ကောက်မှာဆို Wat Pho ၊ ချင်းရိုင်မှာဆို White Temple တို့ကတော့ နိုင်ငံခြား ခရီးသွားတွေကြားမှာ နာမည်ကြီးတဲ့ ဝင်ကြေးအခမဲ့ လည်ပတ်စရာနေရာတွေ ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေရဲ့ စိတ်ဝင်စားစရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေကို လေ့လာနိုင်မှာ ဖြစ်သလို ဝင်ကြေးပေးစရာ မလိုတာကြောင့် Budget ခရီးသွားမယ့် သူတွေအတွက် ကွက်တိပါပဲ။

(၄) ပေါ့ပေါ့ပါးပါး ဈေးဝယ်မယ်ဆို Convenience Stores တွေဆီ သွားပါ

Budget Travels to Thailand

Photo : klook.com

ထိုင်းနိုင်ငံမှာတော့ 7-Eleven လို Convenience Stores တွေက ခရီးသွားတွေအတွက်ရော ဒေသခံတွေအတွက်ပါ ဈေးဝယ်လို့ကောင်းတဲ့ နေရာတစ်ခုပါ။ အရသာရှိတဲ့အစားသောက်တွေ ကစလို့ လူသုံးကုန်ပစ္စည်း ၊ ဆေးဝါးနဲ့ အရက်ဘီယာအဆုံး တစ်နေရာတည်းမှာ လိုချင်တာအကုန် ရနိုင်လို့ ပေါ့ပေါ့ပါးပါး ဈေးဝယ်မယ်ဆိုရင် Convenience Stores တွေက အဆင်ပြေဆုံးပါပဲ။

(၅) စက်ဘီးငှားပြီး မြို့ပတ်ပါ

Budget Travels to Thailand

Photo : klook.com

ထိုင်း နိုင်ငံမှာ Transportation အတွက် ဈေးသက်သက်နဲ့ မြို့ထဲလျှောက်ပတ် လည်နိုင်မယ့် စက်ဘီးငှားရမ်းတဲ့ Service တွေရှိပါတယ်။ စက်ဘီးငှားရမ်းခကတော့ တစ်နာရီကို ဘတ် ၅၀ ကနေ တစ်ရက်လုံးဆို ဘတ် ၃၀၀ ဝန်းကျင်အထိ ဈေးရှိပါတယ်။ သွားလာစရိတ်အတွက် ပေါ့ပေါ့ပါးပါးပဲ စက်ဘီးလေးနဲ့ မြို့ပတ်ချင်သူတွေအတွက်ကတော့ စက်ဘီးငှားရမ်းတဲ့ Service တွေက အသင့်တော်ဆုံးပါပဲ။

Source : klook.com

Featured Photo : Vocal Media