Breasts Play လို့ခေါ်တဲ့ အမျိုးသမီးတို့ရဲ့ ရင်သားတွေနဲ့ ဆော့ကစားတဲ့အခါ လိုက်နာရမယ့် Rules တွေ ရှိပါတယ်။ ဒီဆောင်ရန်ရှောင်ရန်တွေကို သိထားပြီးရင်တော့ ကွီးတို့ ပေါက်စီနယ် ခြင်း အနုပညာကို ကောင်းကောင်းကြီး တက်ကျွမ်းနားလည် သွားပါလိမ့်မယ်။ ဘာတွေသိထားရမလဲ ဆက်လေ့လာကြည့်လိုက်ပါဦး။

(၁) လေဒီတိုင်း မကြိုက်ဘူးဆိုတာ နားလည်ထားပါ

Couple on bed

Photo : Psychology Today

ဒီအချက်ကို ကွီးတို့ အရင်ဆုံး နားလည်ထားဖို့ အရေးကြီးပါတယ်။ ရင်သားတွေနဲ့ ကစားတဲ့နည်းကို အမျိုးသမီးတိုင်း မကြိုက်ပါဘူး။ ကြိုက်တဲ့သူရှိသလို မကြိုက်တဲ့သူတွေလည်း ရှိပါတယ်။ ကိုယ့်ပါတနာက ပေါက်စီနယ်တာ ကြိုက်တဲ့သူလား ၊ မကြိုက်တဲ့သူလားဆိုတာတော့ အရင်သိအောင် လုပ်ရပါမယ်။

(၂) အချိန်အခါ ကြည့်ပါ

Couple on bed

Photo : Bare Marriage

လေဒီတို့ ရင်သားတွေရဲ့ အာရုံခံစားမှုဟာ တစ်လတာ အချိန်ကာလအတွင်း ပြောင်းလဲမှု ရှိတက်ပါတယ်။ ပြောရမယ်ဆိုရင် ရာသီလာနေစဉ်အတွင်းမှာ ထိတွေ့ အာရုံခံစားမှုဟာ ပုံမှန်ထက် ထိလွယ်ရှလွယ် ဖြစ်နေပြီး အရမ်းကို အကဲဆတ် တက်တာကြောင့် ဒီလိုအချိန်မှာ ကွီးတို့ ပေါက်စီသွားနယ်ရင် ခံစားမှုကောင်းစေတာထက် ရှော်တီလေး စိတ်ကွက်သွားနိုင်ခြေ များပါတယ်။

(၃) အဝတ်အစား မချွတ်ပဲ ကစားကြည့်ပါ

Couple on bed

Photo : U.S. News & World Report

ပါတနာရဲ့ ရင်သားတွေကို ကစားတဲ့အခါ အမြဲတမ်း အဝတ်တွေ အလျင်စလို ချွတ်နေဖို့ မလိုပါဘူး။ အဝတ်အစားတွေ မချွတ်ပဲ အင်္ကျီအပေါ် သို့မဟုတ် Bra ပေါ်ကနေလည်း ပွတ်သပ်ကစားပေးလို့ ရပါတယ်။ ပြီးမှ ဖြည်းဖြည်းချင်း တဆင့်ချင်း အဝတ်အစားတွေကို ချွတ်သွားပါ။ ဒီနည်းလမ်းက ပိုပြီး ရင်ခုန်စရာ ကောင်းစေပါတယ်။

(၄) မတူတဲ့ ခံစားမှုတွေ တပြိုင်တည်းပေးပါ

Couple on bed

Photo : PsychAlive

ကွီးတို့ ပေါက်စီနယ် တဲ့အခါ လက်တွေကိုပဲ အာရုံစိုက်ပြီး သုံးတာမျိုး မလုပ်ပါနဲ့။ လက်တွေနဲ့ ဆော့ကစားနေတဲ့ တစ်ချိန်တည်းမှာပဲ ကွီးတို့ရဲ့ နှုတ်ခမ်း သို့မဟုတ် ပါးစပ်ကို သုံးပြီး ပါတနာရဲ့ ခံစားမှုအာရုံအမြင့်ဆုံး နို့သီးခေါင်းတွေ ခပ်ဖွဖွ ငုံပေးတာ ၊ စုပ်ပေးတာတွေ လုပ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာ မတူတဲ့ ခံစားမှုတွေကို တပြိုင်နက်တည်း ပေးတာက သူမကို အထွတ်အထိပ် ခံစားမှု ရောက်ရှိစေဖို့အတွက် နည်းလမ်းကောင်း တစ်ခုပါပဲ။

Source : Lifehacker

Featured Photo : Men’s Health