ကားတစ်စီးရဲ့ ထိန်းသိမ်းမှု ကုန်ကျစရိတ်က မသေးပါဘူး။ ဒီခေတ်အနေအထားအရ ကား သစ်တစ်စီး လဲစီးဖို့ဆိုတာဟာ ပိုလို့တောင် မလွယ်တဲ့ ကိစ္စပါ။ ဒီတော့ ကွီးတို့မှာ ရှိတဲ့ ကားလေးကိုပဲ သစ်လွင်အောင် ထိန်းသိမ်းတာက ပိုကောင်းတဲ့ နည်းလမ်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်ရှိစီးနေတဲ့ ကားဟောင်းလေးကိုပဲ အသစ်တစ်စီးလို သစ်လွင်တောက်ပနေစေဖို့ ကွီးတို့ ဘာတွေ လုပ်နိုင်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) Clay Bar Polish တိုက်ပါ

clay bar polish

Photo : Big’s Mobile Detailing

ကားဘော်ဒီပေါ်က အညစ်အကြေးတွေ ၊ ဆေးစက်တွေ ၊ ကတ္တရာစေးတွေနဲ့ ဖျက်ရခက်တဲ့ စွန်းထင်းရာတွေကို ဖယ်ရှားဖို့အတွက် အကောင်းဆုံးနည်းကတော့ Clay Bar နဲ့ ပွတ်တိုက်သန့်စင်ပေးတာပါပဲ။ ကွီးတို့ကားကို အရင်ဆုံး ရေဆေးသန့်စင်ပြီး ခြောက်သွေ့သွားတဲ့အခါမှာ အစွန်းအထင်နေရာတွေကို Clay Bar နဲ့ လိုက်လံ ပွတ်တိုက်ပေးလို့ ရပါတယ်။

(၂) Power Tool တွေသုံးပြီး ပွန်းရာခြစ်ရာတွေကို ဖယ်ရှားပါ

remove scratches

Photo : Budget Auto Detailing

ကားတစ်စီးက အချိန်ကြာလာတာနဲ့အမျှ ဘော်ဒီပေါ်မှာ ပွန်းရာခြစ်ရာတွေ ဖြစ်လာတတ်တာ သဘာဝပါပဲ။ ဒီလို ပွန်းရာခြစ်ရာတွေဟာ အမြင်အရ ကြည့်ရဆိုးစေသလို ကားဟောင်း ကားစုတ်ကြီး ပုံသဏ္ဌာန်လည်း ပေါ်စေပါတယ်။ ဒါကြောင့် ကားဘော်ဒီပေါ်က အမြင်မလှတဲ့ ပွန်းရာခြစ်ရာတွေကို ဖယ်ရှားပြီး သစ်လွင်တဲ့ ကား တစ်စီးအဖြစ်ကို ပြောင်းလဲဖို့ Power Tool တွေကို အသုံးပြုပြီး ရှင်းလင်းဖယ်ရှား ပေးလို့ ရပါတယ်။

(၃) ချိုင့်ရာတွေကို Glue Gun နဲ့ ပြန်ဆွဲ ဖောင်းပါ

Glue Gun

Photo : Glue Guns Direct

မတော်တဆ အသေးစား ထိခိုက်မှုလေးတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ဘော်ဒီ ချိုင့်ရာ ၊ ခွက်ရာလေးတွေကို Glue Gun သုံးပြီး ပြန်ဖောင်းလို့ ရနိုင်ပါတယ်။ Glue Gun မှာပါတဲ့ ကော်ချောင်းကို အပူပေးပြီး ချိုင့်ရာ ၊ ခွက်ရာ နေရာတွေမှာ ကပ်ထားပါ။ ကော်ခြောက်သွားတဲ့အခါမှာ ဖြည်းဖြည်းချင်း ဆွဲလိုက်မယ်ဆိုရင် ချိုင့်ရာတွေကနေ နဂိုမူလအနေအထားကို ပြန်ရနိုင်ပါတယ်။

(၄) ကားဘီးတွေကို တောက်ပြောင်နေအောင်ထားပါ

Car Rim Cleaning

Photo : The Rag Company Europe

ကားတာယာနဲ့ ဂွေတွေကို သေချာလေး သန့်စင်ပေးခြင်းဟာလည်း ကား တစ်စီးကို သစ်လွင်တဲ့ပုံပေါ်စေတဲ့ နည်းလမ်းတစ်ခုပါပဲ။ အဓိကအားဖြင့် ကားဂွေတွေဟာ သန့်ရှင်းပြီး တောက်ပြောင်နေဖို့ လိုပါတယ်။

(၅) ရှေ့မီးခွက် သွားတိုက်ဆေးနဲ့ ပွတ်ပေးပါ

car headlights
Photo : The Manual

ကားတစ်စီးကို ဟောင်းနွမ်းစုတ်ပြတ်တဲ့ ပုံပေါ်စေတာကတော့ ညစ်ပေနေတဲ့ ရှေ့မီးခွက်တွေပါပဲ။ ရှေ့မီးခွက်တွေကို သေချာလေး သန့်စင်ဆေးကြောပေးတာက သစ်လွင်တောက်ပတဲ့ ကားသစ်တစ်စီးအသွင်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ကားမီးခွက်တွေကို သန့်ရှင်းလုပ်ဖို့ကတော့ ကွီးတို့ အိမ်မှာရှိတဲ့ သွားတိုက်ဆေးကိုပဲ လွယ်လွယ်ကူကူ အသုံးပြုလို့ရပါတယ်။ သွားတိုက်ဆေးကို မီးခွက်မှာ သုတ်လိမ်းပြီး သန့်စင်တဲ့ အဝတ်နဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

Source : Lifehacker 

Featured Photo : LUXlife Magazine