Body Count ဆိုတာ ဘာလဲ ? Body Count ဆိုတာကတော့ လိင်ကိစ္စ အတူနေဖူးတဲ့ လူအရေအတွက်ကို ဆိုလိုပါတယ်။ ယောကျာ်းဖြစ်စေ ၊ မိန်းမဖြစ်စေ မိမိနဲ့အတူ လိင်ကိစ္စ ဖြစ်ခဲ့ဖူးသူ လူအရေအတွက်ကို Body Count အနေနဲ့ ရေတွက်သတ်မှတ်ပါတယ်။ Body Count နည်းခြင်းများခြင်းဟာ လူတစ်ယောက်အတွက် ဘယ်လောက်အတိုင်းအတာအထိ အရေးပါတယ်လို့ ကွီးတို့ ထင်ပါသလဲ ? ယဉ်ကျေးမှုဆိုင်ရာ ၊ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက်တွေများတဲ့ အာရှနိုင်ငံတွေမှာတော့ Body Count နဲ့ ပတ်သတ်ပြီး ရှေးရိုးစွဲတဲ့ အယူအဆတွေရှိကြသလို Casual Sex ကိုပင် Normalize လုပ်ထားတဲ့ အနောက်နိုင်ငံတွေမှာလည်း မတူညီတဲ့ အယူအဆတွေ ၊ အတွေးအမြင်တွေ ရှိတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ Body Count နဲ့ ပတ်သတ်ပြီး ယောကျာ်း တွေရဲ့ အမြင် ၊ အယူအဆတို့ကို မေးမြန်းထားတဲ့ အမေးအမြန်လေးတွေကို ဗဟုသုတအနေနဲ့ တင်ဆက်ပေးချင်ပါတယ်။
Photo : Evie Magazine
Person 1 – Body Count နဲ့ ပတ်သတ်ပြီး တခြားသူတွေအပေါ် ထင်မြင်ချက်မပေးခင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။
Person 2 – အမျိုးသမီးတစ်ယောက် ဒါမှမဟုတ် ကိုယ့်လက်တွဲဖော် ပါတနာရဲ့ Body Count နဲ့ ပတ်သတ်ပြီး အရမ်းကြီး အတွေးလွန်တာ ၊ စိုးရိမ်ပူပင်တာတွေ မဖြစ်သင့်ပါဘူး။ ဒါက ကျွန်တော်တို့ရဲ့ လက်ရှိ ဆက်ဆံရေး အခြေအနေအပေါ် ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်လို့ပါပဲ။
Person 3 – ယောကျာ်း ဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် လူဘယ်နှစ်ယောက်နဲ့ အိပ်ဖူးလဲဆိုတာက တကယ်ရော အရေးကြီးလို့လား ? Body Count အနည်းအများနဲ့ လူတစ်ယောက်ကို ဆုံးဖြတ်လို့ မရပါဘူး။ အကယ်၍ Body Count အနည်းအများပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို သတ်မှတ်မယ်ဆိုရင် ဒါဟာ Red Flag ဆန်တဲ့ အပြုအမူ တစ်ခုပါပဲ။
Person 4 – လူတိုင်းမှာ အတိတ်ဆိုတာ ရှိကြတာပဲ မဟုတ်လား ? အတိတ်က ဖြစ်ရပ်တွေနဲ့ လက်ရှိ ပစ္စုပ္ပန်ကို အကဲဖြတ် သတ်မှတ်လို့တော့ မရပါဘူး။ သေချာတာကတော့ လက်ရှိမှာ ခင်ဗျားတစ်ယောက်တည်းအပေါ်ကိုပဲ အပြည့်အဝ ပုံအပ်ထားတယ်ဆိုရင်ပဲ ခင်ဗျား အပြည့်အဝ ပျော်လို့ ရပါပြီ။
Person 5 – Body Count နည်းခြင်းများခြင်းနဲ့ ပတ်သတ်တဲ့ စိုးရိမ်မှုတွေက ဘယ်ကလာတာလဲ ? ဘာကြောင့် ဖြစ်ရတာလဲ အရင် ပြန်တွေးကြည့်သင့်ပါတယ်။ Body Count များတဲ့သူတွေက ဖောက်ပြန်နိုင်ခြေ များတယ်လို့ သံသယ ရှိနေတာလား ? ဒါမှမဟုတ် သူမရဲ့ အတိတ်က အတွေ့အကြုံတွေအပေါ် သဝန်တိုတာလား ? တကယ်တော့ လူတစ်ယောက်ရဲ့အတိတ်ကို ဘယ်သူကမှ ဝေဖန်ပိုင်ခွင့် ၊ နှိမ့်ချဆက်ဆံခွင့် မရှိပါဘူး။ လက်ရှိ ပါတနာကို ကိုယ့်ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သတ်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးတာကပဲ အကောင်းဆုံး အဖြေတစ်ခု ထွက်နိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင်တော့ Healthy ဖြစ်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်တော့မှာ မဟုတ်ပါဘူး။
Photo : Potential Signs
ဒါကတော့ အမျိုးသား ၅ ယောက်ကို မေးမြန်းထားတဲ့ Body Count နဲ့ ပတ်သတ်ပြီး ယောကျာ်း တွေရဲ့ အတွေးအမြင် ၊ အယူအဆတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ်။ စာဖတ်သူ ကွီးတို့ အနေနဲ့ရော ကိုယ့်ချစ်သူ ၊ လက်တွဲဖော် ပါတနာရဲ့ Body Count အနည်းအများအပေါ် စိုးရိမ်ပူပန်စိတ် ရှိပါသလား ? Body Count နည်းတဲ့သူမှ ကြိုက်တာလား ? ဒါမှမဟုတ် လူတစ်ယောက်ရဲ့ အတိတ်က Body Count နဲ့ ပတ်သတ်ပြီး အများကြီး ထည့်မတွေးဘူးလို့ ခံယူထားလား ? ကွီးတို့ရဲ့ ကိုယ်ပိုင်အမြင် ၊ အယူအဆတွေကိုလည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ပါဦး။
Source : Men’s Health
Featured Photo : NZ Herald