ကွီးတို့ ရဲ့ နေ့စဉ် စားသောက်မှုပုံစံဟာ လိင်မှုကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိစေတယ်ဆိုတာ သိပါသလား ? လူတစ်ယောက် တစ်နေ့တာအတွင်းမှာ ဘာတွေစားသောက်ဖြစ်လဲ အပေါ်မူတည်ပြီး လိင်မှုဆိုင်ရာ ကျန်းမာရေး အကောင်းအဆိုးဟာ ကွဲပြားသွားပါတယ်။ ဒီတစ်ခေါက်ဆောင်းပါးမှာတော့ ကွီးတို့ရဲ့ လိင်မှုဘဝ ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ စားသောက်မှုပုံစံတွေကို ပြောပြပေးပါမယ်။
(၁) အဆီအဆိမ့် စားလွန်းခြင်း
Photo : Healthline
အဆီအဆိမ့် ကြိုက်သူတွေအနေနဲ့ အဝလွန်ရောဂါ ရင်ဆိုင်ရဖို့ များတယ်ဆိုတာ ကွီးတို့ သိပြီးသား ဖြစ်မှာပါ။ ဒါတင်မကသေးပါဘူး။ နောက်ဆက်တွဲ အနေနဲ့ လိင်မှုကျန်းမာရေး ပြဿနာတွေလည်း ကြုံရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆီအဆိမ့်စာတွေဟာ တက်စတိုစတီရုန်း ကျားဟော်မုန်း ထုတ်လုပ်မှုကို ကျဆင်းစေနိုင်သလို နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး အခြေအနေတွေဆီကိုလည်း ဦးတည်နေတာကြောင့် ကွီးတို့ရဲ့ လိင်မှုဘဝ ကျန်းမာရေးကို ကမောက်မက ဖြစ်စေနိုင်ပါတယ်။
(၂) ကော်ဖီ အလွန်အကျွံသောက်ခြင်း
Photo : MedlinePlus
ကဖိန်းဓာတ်ဟာ လူကိုလန်းဆန်းစေပြီး စိတ်ကြည်လင်တက်ကြွစေတယ်လို့ လူသိများပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေး ဆိုသလို အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ကဖိန်းဓာတ်ဟာ သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်ပြီး လိင်တံဆီ သွေးကောင်းကောင်း မစီးဆင်းနိုင်တာ ၊ လိင်တံထောင်မတ်မှု လျော့ကျတာတွေ ဖြစ်နိုင်ပါတယ်။
(၄) သကြား စားသုံးမှုများခြင်း
Photo : EXOH
သကြား ပါဝင်မှုများတဲ့ အစားအစာတွေကို များများစားမယ်ဆိုရင် အမျိုးသားတွေမှာ ကျားဟော်မုန်း ကျဆင်းပြဿနာ ကြုံရနိုင်ပြီး လိင်တံ ကမောက်ကမ ဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါ့အပြင် သကြားဓာတ်ကို လိုတာထက်ပိုပြီး စားသုံးတဲ့အခါ ကွီးတို့ ခန္ဓာကိုယ်မှာ စွမ်းအင်ကျဆင်းမှု ပြဿနာကို ဖြစ်ပေါ်စေတတ်ပြီး အလွယ်တကူ ပင်ပန်းနွမ်းနယ်တာ ၊ လေးလံထိုင်းမှိုင်းတာတွေ ခံစားရနိုင်ပါတယ်။
(၄) ဗီတာမင် D အလုံအလောက် မဖြည့်တင်းခြင်း
Photo : Supply6
ဗီတာမင် D ချို့တဲ့ခြင်းဟာ အမျိုးသားတွေရဲ့ လိင်တံ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်မှုရှိစေနိုင်ပါတယ်။ ဗီတာမင် D ဟာ သွေးကြောတွေရဲ့ လုပ်ဆောင်မှုအပေါ် အကျိုးပြုပေးနေတဲ့ နိုက်ထရစ်အောက်ဆိုဒ်ကို သင့်ခန္ဓာကိုယ်ကနေ ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင် D လုံလောက်မှု မရှိပါက သွေးစီးဆင်းမှုဆိုင်ရာ ကမောက်ကမ ဖြစ်စေနိုင်ပြီး ပန်းသေပန်းညိုးပြဿနာ ၊ လိင်တံ ထောင်မတ်နိုင်စွမ်း ကျဆင်းတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။
Source : Men’s Health
Featured Photo : Verywell Health