iQOO ကတော့ ဒီဇိုင်းကာလာ ရေလည်လန်းတဲ့ Flagship စမတ်ဖုန်းအသစ် iQOO 15 ကို မိတ်ဆက်သွားတော့မယ်လို့ သိရပါတယ်။ ဖုန်းရဲ့ကျောဘက်က အရောင်ပြောင်းနိုင်တဲ့ Color-Changing Panel ဒီဇိုင်းနဲ့လာပြီး ပထမဆုံး OriginOS 6 နဲ့လာမယ်လို့ အတည်ပြု ထားပါတယ်။
Photo : PhoneBunch
iQOO 15 ဖုန်းမှာ ၆.၈၅ လက်မ QHD Samsung M14 မျက်နှာပြင် တပ်ဆင်ထားပြီး 144Hz Refresh Rate ၊ Dolby Vision Certification နဲ့ 2,600 Nits of Brightness ထောက်ပံ့ပေးထားပါတယ်။ နောက်ပြီး ဒီဖုန်းက M14 Panel အသစ်ကို ပထမဆုံး အသုံးပြုလာတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပြီး M14 Panel က လာမယ့်နှစ်ထဲမှာ ထွက်ဖို့မျှော်ထားတဲ့ Samsung ရဲ့ Galaxy S26 Ultra မှာ ပါလာမယ့်လို့ သတင်းတွေ ထွက်ထားတာပါ။
iQOO 15 မှာ In-house Q3 Gaming Chip ၊ Periscope Telephoto ကင်မရာ ၊ Wireless Charging စနစ်နဲ့ Haptic Motor တို့လည်း ပါဝင်ပါတယ်။ iQOO 15 ကို မကြာမီရက်ပိုင်းအတွင်းမှာ တရားဝင်ကြေညာမယ်လို့ မျှော်လင့်ရပေမယ့် မိတ်ဆက်မယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။
Photo : innoGyan •
ကင်မရာ ဒီဇိုင်းကတော့ iQOO 13 နဲ့ဆင်တူတဲ့ Squircle-shaped Rear ကင်မရာ Island နဲ့လာမှာဖြစ်ပြီး Metal Frame နဲ့ တည်ဆောက်ထားမှာ ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ 100X Digital Zoom Support ပေးထားတဲ့ Periscope-Telephoto Sensor အပါအဝင် ကျောဘက်မှာ ကင်မရာ ၃ လုံး ပါရှိမယ်လို့ သိထားရပါတယ်။
Source : GSMArena.com
Featured Photo : Notebookcheck