အဝတ်ဗလာနဲ့ အိပ်စက်တာက မြန်မြန်ဆန်ဆန် အိပ်မောကျစေနိုင်သလို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသားတွေအနေနဲ့ အဝတ်ဗလာ အိပ်စက်တာဟာ ကျားကျန်းမာရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေးအတွက် အံ့အားသင့်ဖွယ်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) မှိုနဲ့ ဘတ်တီးရီးယား ပြဿနာ သက်သာစေတယ်
Photo : The Independent
တင်းကြပ်တဲ့ အတွင်းခံတွေ ဝတ်ပြီး အိပ်တဲ့အခါ ချွေးထွက်လာချိန်မှာ ပေါင်ခြံနဲ့ လိင်အင်္ဂါ တဝိုက်မှာ မှိုနဲ့ ဘတ်တီးရီးယားတွေ အလွယ်တကူ စွဲကပ်နိုင်ပါတယ်။ အဝတ်ဗလာ အိပ်စက်ခြင်းကတော့ လိင်အင်္ဂါ တဝိုက်ကို လေဝင်လေထွက် ကောင်းကောင်း ရစေတာကြောင့် မှိုနဲ့ ဘတ်တီးရီးယား ပြဿနာတွေကို သက်သာလျော့ပါးစေမှာပဲ ဖြစ်ပါတယ်။
(၂) ကျန်းမာတဲ့ သုတ်ပိုးတွေ ထုတ်လုပ်ပေးတယ်
Photo : Verywell Health
အတွင်းခံ သို့မဟုတ် ဘောင်းဘီ မပါပဲ အိပ်စက်ခြင်းဟာ ကပ်ပယ်အိတ်ရဲ့ အပူချိန်ကို ကျဆင်းစေတဲ့အတွက် ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်လုပ်ပေး နိုင်ပါတယ်။ ကပ်ပယ်အိတ်နဲ့ လိင်အင်္ဂါ တဝိုက်မှာ အပူချိန်များ နေတာဟာ ဝှေးစေ့ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို သုတ်ပိုး အရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။
(၃) ရင်းနှီးမှု တိုးစေတယ်
Photo : ZLEEPY
လေ့လာမှုတွေအရ အဝတ်ဗလာ နဲ့ အိပ်စက်တဲ့ စုံတွဲတွေဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးပွားပြီး သာယာပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်နိုင်ကြတယ်လို့ ဆိုပါတယ်။ Skin To Skin ထိတွေ့တာဟာ အောက်ဆီတိုစင် ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့အတွက် စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ကြည်လင်ပျော်ရွှင် စေပါတယ်။
Source : Lifehacker
Photo : Mattress Next Day