အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားနဲ့ ပတ်သတ်ပြီး အရပ်ပြောစကားတစ်ခု ကြားဖူးကြမယ် ထင်ပါတယ်။ အဲ့ဒါကတော့ ခြေမ အရွယ်အစားကြီးရင် ဖွားဖက်တော် လိင်တံဆိုဒ်လည်း ကြီးတယ်လို့ သတ်မှတ်ကြတာပါ။ ဒါဟာ တကယ်ပဲ အမှန်တရားလား ?
Photo : Vancouver Is Awesome
University College London ကနေ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ခြေမ အရွယ်အစားနဲ့ ဖွားဖက်တော် လိင်တံဆိုဒ်ကြားမှာ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။ တကယ်တော့ ခြေမအရွယ်အစားနဲ့ လိင်တံအရွယ်အစားကို နှိုင်းယှဉ်အကဲဖြတ်တာဟာ အဆိုပါ အမျိုးသားရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားကိုကြည့်ပြီး ခန့်မှန်းတဲ့ အကဲဖြတ် သပ်သပ်သာ ဖြစ်ပါတယ်လို့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။
အမျိုးသား တစ်ယောက်ရဲ့ ခြေမ အရွယ်အစားကို ကြည့်ပြီး လိင်တံဆိုဒ် ဘယ်လောက်ရှိနိုင်လဲဆိုတာကို ခန့်မှန်းနိုင်တယ်ဆိုတာ အထင်အမြင် လွဲမှားနေတဲ့ အရပ်ပြောစကားတစ်ခုသာ ဖြစ်ပါတယ်။ ခြေမအရွယ်အစားနဲ့ ဖွားဖက်တော် လိင်တံဆိုဒ်ကြားမှာ ဆက်စပ်မှုရှိတယ်ဆိုတဲ့အကြောင်း သိပ္ပံနည်းကျ သက်သေပြ အထောက်အထားတွေလည်း မရှိပါဘူး။
စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ခုကတော့ ကိုရီးယားလူမျိုးတွေရဲ့ လေ့လာမှုတစ်ခုမှာ အမျိုးသားတစ်ယောက်ရဲ့ လက်ချောင်းအရှည်နဲ့ လိင်တံအရွယ်အစားကြား ဆက်စပ်မှုရှိတယ်ကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။ တောင်ကိုရီးယားနိုင်ငံ Gachon တက္ကသိုလ်ရဲ့ သုတေသီတွေဟာ အသက် ၂၀ နှစ်နဲ့အထက် အမျိုးသားပေါင်း ၁၄၄ ဦးကို သုတေသန ပြုလုပ်ခဲ့ရာမှာ ၎င်းတို့ရဲ့ လက်ညိုးနဲ့ လက်သူကြွယ် အရှည်ကို တိုင်းတာပြီး ဖွားဖက်တော် လိင်တံအရွယ်အစားကို ခန့်မှန်းတွက်ဆ တယ်လို့ ပြောထားပါတယ်။
Photo : LADbible
လက်ညိုးနဲ့ လက်သူကြွယ် အရှည်ဟာ သိသိသာသာ ကွာခြားမှု ရှိတယ်ဆိုပါက လိင်တံအရွယ်အစား ရှည်လျားနိုင်တယ်လို့ ဆိုပါတယ်။ ကွီးတို့ရော ဒီလေ့လာမှုကို ဘယ်လိုမျိုးထင်မြင်ပါလဲ ? ကွီးတို့ရဲ့ လက်ညိုးနဲ့ လက်သူကြွယ်ကြား အတိုအရှည်ကွာဟမှုဟာ လိင်တံအရွယ်အစားနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်ပါသလား ? ကွန်းမန့်မှာ ဖြေကြားပေးခဲ့ပါဦး။
Source : Men’s Health
Featured Photo : New York Post